
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ အသင်းတန်ဖိုးတက်ဖို့ ကြံစည်နေပါတယ်။ လက်ရှိတန်ကြေးရဲ့ (၂)ဆကျော်ပမာဏဖြစ်တဲ့ ပေါင် (၇)ဘီလီယံအထိ တန်ကြေးရှိလာစေဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ဥရောပကလပ်အသင်းများရဲ့ တန်ဖိုးသတ်မှတ်ချက်များအရ ယူနိုက်တက်အသင်းရဲ့ တန်ကြေးမှာ ပေါင် (၃.၀၅)ဘီလီယံဝန်းကျင် ရှိကြောင်း သိရပါတယ်။
ဂုတ်သွေးစုပ် ဂလေဇာမိသားစုက ယူနိုက်တက်အသင်းရဲ့တန်ဖိုးကို တဖြည်းဖြည်းမြင့်တက်လာစေဖို့ အားထုတ်မှာဖြစ်ကာ၊ ကမ္ဘာပေါ်တွင် ပေါင် (၇)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ)တန်ကြေးရှိတဲ့ ပထမဆုံးအသင်းဖြစ်လာစေဖို့ ရည်ရွယ်နေပါတယ်။
ယူနိုက်တက်နဲ့ ဂလေဇာမိသားစုအရေးကိစ္စကတော့ မတည်မငြိမ်အနေအထားပါပဲ။
အစောပိုင်းတုန်းက ဂလေဇာတို့ဘက်က အသင်းကို မျိုးမျိုးမြတ်မြတ်ရရင်ရောင်းဖို့ ကြံထားပေမယ့် အခုတော့ ယူနိုက်တက်ကို လက်မလွှတ်ဖို့ စဉ်းစားထားကြပါတယ်။
ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဝယ်ယူခဲ့ပြီး အဲဒီတုန်းက အသင်းရဲ့တန်ဖိုးမှာ ပေါင်သန်း (၇၉၀)သာရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ (၁၆)နှစ်အတွင်း တန်ဖိုး (၄)ဆနီးပါးမြင့်တက်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပရိသတ်တွေက ဂလေဇာတို့ကို ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ယူနိုက်တက် ပရိသတ်တွေရဲ့တောင်းဆိုမှုပဲ အောင်မြင်မလား၊ ဂလေဇာတို့ပဲဆက်ပြီးအမြတ်ကြီးစားနေအုံးမလားဆိုတာ စောင့်ကြည့်ကြရအောင်ပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူနိုက်တက်ကို တန်ကြေးနှစ်ဆဖြစ်အောင်လုပ်မယ့် ဂုတ်သွေးစုပ် ဂလေဇာမိသားစု