ယူနိုက်တက်ကို ဆန်ချိုပြောင်းရွှေ့ရင် ရူးမိုက်ရာကျလိမ့်မယ်လို့ လီဗာပူးကြယ်ပွင့်ဟောင်း ဖွင့်ဟ

Photo Credit

Photo Credit

လီဗာပူးကြယ်ပွင့်ဟောင်း စတိဗ်နစ်ကိုးလ်က ဒေါ့မွန်တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုအနေဖြင့် ယူနိုက်တက်ကို ပြောင်းရွှေ့ပါက ရူးမိုက်ရာကျလိမ့်မည်ဖြစ်ကြောင်း သတိပေးလိုက်ပြီး ယူနိုက်တက်အစား အန်ဖီးလ်အခြေစိုက်အသင်းသို့သာ ပြောင်းရွှေ့လာရန် တိုက်တွန်းလိုက်သည်။

Photo Credit

အင်္ဂလန်လက်ရွေးစင် ဆန်ချိုသည် ၂၀၁၇ ခုနှစ်က မန်စီးတီးမှ ဒေါ့မွန်သို့ ရောက်ရှိလာပြီးနောက် အထူးခြေစွမ်းပြလျက်ရှိပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိသည်။

Photo Credit

ထို့အပြင် ယူနိုက်တက်အသင်းက ဆန်ချိုကို ပြောင်းရွှေ့ကြေးမြင့်မားစွာဖြင့် ခေါ်ယူဖွယ်ရှိသည်ဟု သတင်းများကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိရာ နစ်ကိုးလ်က လက်တလောရုန်းကန်နေရသော ယူနိုက်တက်သို့ ဆန်ချိုပြောင်းရွှေ့ပါက မှားယွင်းသည့်ဆုံးဖြတ်ချက်ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Photo Credit

”တကယ်လို့ ယူနိုက်တက်ကိုသာ ဆန်ချို ပြောင်းရွှေ့ခဲ့ရင် ရူးမိုက်နေလို့ပဲဖြစ်ပါလိမ့်မယ်။ ယူနိုက်တက်က အခုနောက်ပိုင်း ရုန်းကန်နေရတာ ရာသီအနည်းငယ်ရှိနေပါပြီ။ ဒီတော့ ကျွန်တော်လည်း အဲဒီအတိုင်း ပြောပြတာပါ”ဟု နစ်ကိုးလ်က ပြောကြားခဲ့သည်။

Photo Credit

နစ်ကိုးလ်က ဆန်ချိုကို ခေါ်ယူနိုင်ပါက လီဗာပူးအတွက် တောင့်တင်းသည့်အားဖြည့်မှုဖြစ်လာနိုင်သည်ဟု ယုံကြည်နေသော်လည်း လက်ရှိတိုက်စစ်မှူးများဖြစ်သည့် ဆာလာ၊ မာနေးနှင့် ဖာမီနိုတို့၏ခြေစွမ်းကြောင့် လီဗာပူးလည်း ဆန်ချိုအား ခေါ်ယူရေးကြိုးစားမှုကို လုပ်ဆောင်ဖွယ်မရှိကြောင်း ဆိုသည်။

Photo Credit

စကော့တလန်နောက်ခံလူဟောင်းဖြစ်သည့် နစ်ကိုးလ်က ”သူ့ကို အကြံပေးရမယ်ဆိုရင် လီဗာပူးကို ပြောင်းရွှေ့ဖို့ အကြံပေးချင်ပါတယ်။ သူ့အတွက် အံ့အားသင့်စရာကောင်းတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ မာနေးနဲ့ ဆာလာတို့နောက် ဒုတိယဦးစားပေးအဖြစ် ကစားမယ်ဆိုရင် လီဗာပူးအတွက် ကြီးမားတဲ့အကျိုးရလဒ်ဖြစ်လာနိုင်ပါတယ်”

Photo Credit

”ဒါပေမဲ့ သူကတော့ ဒီလိုလုပ်ဖြစ်မယ်မထင်ဘူး။ သူ့အနေနဲ့ ပွဲကစားခွင့်ရဖို့ ပိုကြိုးစားလာနိုင်ပါတယ်။ ဒီတော့ လီဗာပူးလည်း သူ့ကို ခေါ်ယူဖြစ်မယ်မထင်ဘူး”ဟု နစ်ကိုးလ်က ဆက်လက်ပြောကြားခဲ့သည်။

Photo Credit

Zawgyi

ယူႏိုက္တက္ကို ဆန္ခ်ိဳေျပာင္းေရႊ႕ရင္ ႐ူးမုိက္ရာက်လိမ့္မယ္လုိ႔ လီဗာပူးၾကယ္ပြင့္ေဟာင္း ဖြင့္ဟ

လီဗာပူးၾကယ္ပြင့္ေဟာင္း စတိဗ္နစ္ကိုးလ္က ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ာ္ဒန္ဆန္ခ်ိဳအေနျဖင့္ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ပါက ႐ူးမုိက္ရာက်လိမ့္မည္ျဖစ္ေၾကာင္း သတိေပးလုိက္ၿပီး ယူႏိုက္တက္အစား အန္ဖီးလ္အေျခစိုက္အသင္းသုိ႔သာ ေျပာင္းေရႊ႕လာရန္ တုိက္တြန္းလုိက္သည္။
အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳသည္ ၂၀၁၇ ခုႏွစ္က မန္စီးတီးမွ ေဒါ့မြန္သို႔ ေရာက္ရွိလာၿပီးေနာက္ အထူးေျခစြမ္းျပလ်က္ရွိၿပီး ပရီးမီးယားလိဂ္သို႔ ျပန္လည္ေျပာင္းေရႊ႕ဖြယ္ရွိသည္ဟု သတင္းမ်ားက်ယ္ျပန္႔စြာထြက္ေပၚလ်က္ရွိသည္။
ထို႔အျပင္ ယူႏုိက္တက္အသင္းက ဆန္ခ်ိဳကို ေျပာင္းေရႊ႕ေၾကးျမင့္မားစြာျဖင့္ ေခၚယူဖြယ္ရွိသည္ဟု သတင္းမ်ားက်ယ္ျပန္႔စြာထြက္ေပၚလ်က္ရွိရာ နစ္ကိုးလ္က လက္တေလာ႐ုန္းကန္ေနရေသာ ယူႏုိက္တက္သုိ႔ ဆန္ခ်ိဳေျပာင္းေရႊ႕ပါက မွားယြင္းသည့္ဆုံးျဖတ္ခ်က္ျဖစ္သြားလိမ့္မည္ျဖစ္ေၾကာင္း သတိေပးခဲ့သည္။
”တကယ္လုိ႔ ယူႏုိက္တက္ကိုသာ ဆန္ခ်ိဳ ေျပာင္းေရႊ႕ခ့ဲရင္ ႐ူးမုိက္ေနလုိ႔ပဲျဖစ္ပါလိမ့္မယ္။ ယူႏုိက္တက္က အခုေနာက္ပိုင္း ႐ုန္းကန္ေနရတာ ရာသီအနည္းငယ္ရွိေနပါၿပီ။ ဒီေတာ့ ကၽြန္ေတာ္လည္း အဲဒီအတုိင္း ေျပာျပတာပါ”ဟု နစ္ကိုးလ္က ေျပာၾကားခဲ့သည္။
နစ္ကိုးလ္က ဆန္ခ်ိဳကို ေခၚယူႏုိင္ပါက လီဗာပူးအတြက္ ေတာင့္တင္းသည့္အားျဖည့္မႈျဖစ္လာႏုိင္သည္ဟု ယုံၾကည္ေနေသာ္လည္း လက္ရွိတုိက္စစ္မွဴးမ်ားျဖစ္သည့္ ဆာလာ၊ မာေနးႏွင့္ ဖာမီႏိုတို႔၏ေျခစြမ္းေၾကာင့္ လီဗာပူးလည္း ဆန္ခ်ိဳအား ေခၚယူေရးႀကိဳးစားမႈကို လုပ္ေဆာင္ဖြယ္မရွိေၾကာင္း ဆုိသည္။
စေကာ့တလန္ေနာက္ခံလူေဟာင္းျဖစ္သည့္ နစ္ကိုးလ္က ”သူ႕ကို အႀကံေပးရမယ္ဆုိရင္ လီဗာပူးကို ေျပာင္းေရႊ႕ဖို႔ အႀကံေပးခ်င္ပါတယ္။ သူ႕အတြက္ အံ့အားသင့္စရာေကာင္းတဲ့အေျပာင္းအေရႊ႕ျဖစ္လာႏိုင္ပါတယ္။ တကယ္လုိ႔ မာေနးနဲ႔ ဆာလာတို႔ေနာက္ ဒုတိယဦးစားေပးအျဖစ္ ကစားမယ္ဆုိရင္ လီဗာပူးအတြက္ ႀကီးမားတဲ့အက်ိဳးရလဒ္ျဖစ္လာႏိုင္ပါတယ္”
”ဒါေပမဲ့ သူကေတာ့ ဒီလုိလုပ္ျဖစ္မယ္မထင္ဘူး။ သူ႕အေနနဲ႔ ပြဲကစားခြင့္ရဖုိ႔ ပုိႀကိဳးစားလာႏိုင္ပါတယ္။ ဒီေတာ့ လီဗာပူးလည္း သူ႕ကို ေခၚယူျဖစ္မယ္မထင္ဘူး”ဟု နစ္ကိုးလ္က ဆက္လက္ေျပာၾကားခဲ့သည္။