ယူနိုက်တက်ကို ခဏစွန့်ခွာထားတဲ့ လင်ဂတ်အား တိုးတက်စေချင်ကြသူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖာဒီနန်ကဂျက်ဆီလင်ဂတ်အနေနဲ့ယူနိုက်တက်အသင်းကိုစွန့်ခွါပြီးဝက်စ်ဟမ်းအသင်းကိုအပြီးသတ်ပြောင်းရွှေ့သင့်တယ်လို့ယုံကြည်နေပါတယ်။ လင်ဂတ်အနေနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့မှာဝက်စ်ဟမ်းအသင်းကိုအငှါးနဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီးဝက်စ်ဟမ်းကစားသမားဘဝအစမှာကောင်းမွန်တဲ့ခြေစွမ်းတွေပြသနေတာဖြစ်ပါတယ်။

ဖာဒီနန်က”ဝက်စ်ဟမ်းမှာသူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ရာသီကုန်သွားပြီးတဲ့ အခါမှာရောသူဘာလုပ်ဖို့စဉ်းစားထားလဲ။ တကယ်လို့ဝက်စ်ဟမ်းဘက်က သူ့ကိုအငှါးစာချုပ်ပြည့်လို့အပြီးသတ်မခေါ်ယူဘူးဆိုရင် အခုလိုအငှါးပြောင်းရွှေ့ထားတာက လင်ဂတ်အတွက် အောင်မြင်မှုရယူနိုင်တယ်လို့မဆိုနိုင်ပါဘူး”

“ယူနိုက်တက်နဲ့ လင်ဂတ်ကရှေ့ဆက်ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ယူနိုက်တက်ကသူ့ကိုအတိတ်မှာချန်ထားခဲ့ပါပြီ။ဒါကြောင့် လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းအသင်းကိုအပြီးသတ်ပြောင်းရွှေ့တာပဲဖြစ်ဖြစ်၊ယူနိုက်တက်အသင်းကနေထွက်ခွါပြီးအခြားအသင်းကိုပြောင်းရွှေ့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်”ဆိုပြီး ပြောပါတယ်။

နည်းပြဟောင်းကြီး ဖာဂူဆန်ကလည်း လင်ဂတ်ကို တိုးတက်စေချင်ပါတယ်။ ယူနိုက်တက်မှာတုန်းက လင်ဂတ်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ မိုရက်စ်က အင်္ဂလန်သားအကြောင်း ဖာဂူဆန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

မိုရက်စ်က “လင်ဂတ်က ဒီမှာ အချိန်အနည်းငယ်ပဲ နေရမှာ ဖြစ်ပေမယ့်သူကအကောင်းဆုံး ပုံစံပြသနိုင်လိမ့်မယ်လို့ ဆာအဲလက်စ်ကပြောပါတယ်။ ဆာအဲလက်စ်က သူ့ကို အိုးထရက်ဖို့ဒ်မှာ လူငယ်အရွယ်ကတည်းက ကိုင်တွယ်ခဲ့တာကြောင့် သူ့အကြောင်းသိပါတယ်။”

“အဲဒီလိုပြောဆိုတာဟာ လူငယ်ကစားသမားတွေကို ဆာအဲလက်စ် ဘယ်လောက်ထိ စိတ်ဝင်စားတယ်ဆိုတာ ပြသနေတာပါ။ ဂျက်ဆီ တစ်ယောက် အငှားကစားသမားဘဝမှာ အကောင်းဆုံး စတင်နိုင်ခဲ့လို့ သူ ကျေနပ်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




