ယူနိုက်တက်ကိုအနိုင်ရဖို့ အတောင့်တင်းဆုံးလူစာရင်း အသုံးပြုသွားမယ့် ယာဂန်ကလော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယာဂန်ကလော့က သူ့အနေနဲ့ နိုင်ပွဲပြန်လည် ရရှိဖို့ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဥ်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ် ။

လီဗာပူးအသင်းက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘန်လေအသင်းကို ( ၁-၀ ) ရှုံးနိမ်ခဲ့ပြီးနောက် ( ၆၈ ) ပွဲဆက် အိမ်ကွင်း ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက်ခဲ့သလို ယာဂန်ကလော့ရဲ့အသင်းကလည်း နောက်ဆုံး ( ၅ ) ပွဲမှာ ( ၃ ) မှတ်သာ ရယူနိုင်ခဲ့တဲ့အတွက် အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာကို ဆင်းပေးခဲ့ရပါတယ်။

ယာဂန်ကလော့က ကစားသမားတွေကို အလှည့်ကျအသုံးပြုရန်အဆိုပြုချက်ကို ပယ်ချခဲ့ပြီး “အဆိုပါ ပွဲစဥ်က အဲ့ဒီညကို ဆုံးဖြတ်ပေးပါလိမ့်မယ် ။ကျွန်တော် အနိုင်ရချင်ပါတယ်။ ဒါကြောင့် အနိုင်ရရှိနိုင်မယ့် ပွဲထွက်ကစားသမား စာရင်းကို အသုံးပြုသွားမှာပါ။” ဟု ပြောဆိုခဲ့ပါတယ်။

“ဒါက မတူညီတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့ ကျော်ဖြတ်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကစားဖို့ လိုအပ်ပါတယ် ။ ယူနိုက်တက်က အကောင်းဆုံးပုံစံမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ အသင့်ရှိနေရပါမယ်။”

“ကစားသမားတွေကို ရှင်းရှင်းလင်းလင်း မပြောတဲ့ ကျွန်တော့်ရဲ့အကျင့်ကို ပြင်ရပါမယ် ။ ကျွန်တော်တို့ ကစားတဲ့ပုံစံကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုဆိုတာ သဘာဝအတိုင်းရလာတာ မဟုတ်ပါဘူး။ လုပ်ယူရတဲ့အရာပါ။ ကျွန်တော်တို့ ယုံကြည်မှုပြန်ရဖို့ ကြိုးစားရပါမယ်။

အထူးသဖြင့် final thirds ထဲမှာ စွမ်းဆောင်ရည်တိုးတက်ဖို့ လိုအပ်ပါတယ်။”

နည်းပြယာဂန်ကလော့ဟာ ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ် ပွဲထွက်ကစားသမား စာရင်းမှာ ဖာမီနို နှင့် ဆာလက်တို့ကို ချန်လှပ်ထားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ကိုအႏိုင္ရဖို႔ အေတာင့္တင္းဆုံးလူစာရင္း အသုံးျပဳသြားမယ္ဆိုတဲ့ ယာဂန္ကေလာ့

ယာဂန္ကေလာ့က သူ႔အေနနဲ႔ ႏိုင္ပြဲျပန္လည္ ရရွိဖို႔ လာမယ့္တနဂၤေႏြေန႔မွာ ယူႏိုက္တက္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္ကို အေတာင့္တင္းဆုံး လူစာရင္းနဲ႔ ရင္ဆိုင္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္ ။

လီဗာပူးအသင္းက ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ဘန္ေလအသင္းကို ( ၁-၀ ) ရႈံးနိမ္ခဲ့ၿပီးေနာက္ ( ၆၈ ) ပြဲဆက္ အိမ္ကြင္း ရႈံးပြဲမရွိမွတ္တမ္း က်ိဳးပ်က္ခဲ့သလို ယာဂန္ကေလာ့ရဲ႕အသင္းကလည္း ေနာက္ဆုံး ( ၅ ) ပြဲမွာ ( ၃ ) မွတ္သာ ရယူႏိုင္ခဲ့တဲ့အတြက္ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာကို ဆင္းေပးခဲ့ရပါတယ္။

ယာဂန္ကေလာ့က ကစားသမားေတြကို အလွည့္က်အသုံးျပဳရန္အဆိုျပဳခ်က္ကို ပယ္ခ်ခဲ့ၿပီး “အဆိုပါ ပြဲစဥ္က အဲ့ဒီညကို ဆုံးျဖတ္ေပးပါလိမ့္မယ္ ။ကြၽန္ေတာ္ အႏိုင္ရခ်င္ပါတယ္။ ဒါေၾကာင့္ အႏိုင္ရရွိႏိုင္မယ့္ ပြဲထြက္ကစားသမား စာရင္းကို အသုံးျပဳသြားမွာပါ။” ဟု ေျပာဆိုခဲ့ပါတယ္။

“ဒါက မတူညီတဲ့ ၿပိဳင္ပြဲတစ္ခုပါ။ ကြၽန္ေတာ္တို႔ ေက်ာ္ျဖတ္ခ်င္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံး ကစားဖို႔ လိုအပ္ပါတယ္ ။ ယူႏိုက္တက္က အေကာင္းဆုံးပုံစံမွာ ရွိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ အသင့္ရွိေနရပါမယ္။”

“ကစားသမားေတြကို ရွင္းရွင္းလင္းလင္း မေျပာတဲ့ ကြၽန္ေတာ့္ရဲ႕အက်င့္ကို ျပင္ရပါမယ္ ။ ကြၽန္ေတာ္တို႔ ကစားတဲ့ပုံစံကိုလည္း ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ ယုံၾကည္မႈဆိုတာ သဘာဝအတိုင္းရလာတာ မဟုတ္ပါဘူး။ လုပ္ယူရတဲ့အရာပါ။ ကြၽန္ေတာ္တို႔ ယုံၾကည္မႈျပန္ရဖို႔ ႀကိဳးစားရပါမယ္။အထူးသျဖင့္ final thirds ထဲမွာ စြမ္းေဆာင္ရည္တိုးတက္ဖို႔ လိုအပ္ပါတယ္။”

နည္းျပယာဂန္္္္္ကေလာ့ဟာ ဘန္ေလအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ ပြဲထြက္ကစားသမား စာရင္းမွာ ဖာမီႏို ႏွင့္ ဆာလက္တို႔ကို ခ်န္လွပ္ထားခဲ့ပါတယ္။