ယူနိုက်တက်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းနဲ့ပတ်သက်တဲ့သတင်းများ…..

photo internet

ယူနိုက်တက်ပရိသတ်တွေဟာအခုအချိန်အထိ ဒေးဗစ်ဘက်ခမ်းအပေါ်ချစ်ခင်အားပေးဆဲဖြစ်ပါတယ်။ ဘက်ခမ်းဟာ ကစားသမားဘဝမှသာမက စီးပွားရေးအလုပ်တွေလုပ်တဲ့အခါမှာလည်း အောင်မြင်ကျော်ကြားပါတယ်။ အင်စတာဂရမ်ကနေ ဝင်ငွေအများဆုံးကစားသမား 10 ယောက်ထဲမှာလည်း ဘက်ခမ်းတစ်ယောက် အခုအချိန်အထိစာရင်းဝင်ဆဲဖြစ်ပါတယ်။ ဘက်ခမ်းဟာ အပြင်စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်နေသလို၊ ဘောလုံးနဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်း အခုအချိန်အထိလုပ်ဆောင်နေပါတယ်။ ဒေးဗစ်ဘက်ခမ်း ဦးဆောင် နေတဲ့ အင်တာ မီယာမီအသင်းဟာ အမေရိကန်မေဂျာ လိဂ် ပြိုင်ပွဲ မှာ ထိုးဖောက် နိုင်ဖို့ အတွက် ပြင်ဆင် နေပြီး လက်တလောအချိန်မှာ ဥရောပရဲ့ အကောင်းဆုံး ကစားသမား တွေ ထဲက နှစ်ဦး ဖြစ်ကြတဲ့ လူကာ မိုဒရစ် နဲ့ အီဒင်ဆန် ကာဗာနီတို့ကို ခေါ်ယူနိုင်ဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

photo internet

အင်တာ မီယာမီ အသင်း ဟာ ဒီ ရာသီ မှာတော့ အမေရိကန် မေဂျာ လိဂ် ဘောလုံး အား ကစား ရဲ့ အဖွဲ့ဝင် အသစ် ဖြစ်လာဖို့ ရှိ နေတဲ့ အတွက် ဒေးဗစ် ဘက်ခမ်း ဟာ အသင်း ကို အမြန်ဆုံး တည်ဆောက် နိုင်ဖို့ ကစားသမား သစ် တွေနဲ့ ဖွဲ့စည်း သွားဖို့ အတွက် ဆန္ဒ ပြင်းထန် နေ ပါတယ် ။အင်တာ မီယာမီ အသင်း ဟာ မတ်လ 2 ရက်နေ့ မှာ လော့စ် အိန်ဂျယ်လိစ် အသင်း နဲ့ ရင်ဆိုင် ကစား ရ မှာဖြစ်ပါတယ်။ အင်တာ မီယာမီ အသင်း ဟာ ပထမဆုံး ရာသီ မှာပဲ အကောင်းဆုံး ပုံစံ နဲ့ စတင် လိုတာ ကြောင့် ရီးယဲ မက်ဒရစ် အသင်း ရဲ့ကွင်းလယ်လူ မိုဒရစ် နဲ့ PSG အသင်း ရဲ့ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ တို့ကို ခေါ်ယူ လိုနေတယ် လို့ သိရ ပါတယ် ။ဒါပေမယ့် လူကာ မိုဒရစ် ဟာ အသက် အရွယ် ရရှိ နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက PSG နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် ကာဗာနီ ကို ခေါ်ယူ နိုင်ဖို့ အတွက် အက်သလက်တီကို မက်ဒရစ် အသင်း နဲ့ ယူနိုက်တက် အသင်း တို့က နာမည်ကြီး ခဲ့ပါတယ်။ ဒေးဗစ် ဘက်ခမ်း ၊ လူကာ မိုဒရစ် နဲ့ ကာဗာနီ တို့သာ အသင်း တစ်ခု ကို ဦးဆောင် သူတွေ ဖြစ်နေ ကြမယ် ဆိုရင် အင်တာ မီယာမီ အသင်း ဟာ ပထမဆုံး ရာသီ မှာပဲ ပရိသတ် တွေ များစွာ ကို ဆွဲဆောင် နိုင်မှာ ဖြစ်ပြီး ၊ စီးပွားရေး ပိုင်း ဆိုင်ရာ အကျိုး အမြတ် တွေကို ပိုင်ဆိုင် နိုင်မှာ အသေအချာ ပါပဲ ။

photo internet

ဒေးဗစ်ဘက်ခမ်းနဲ့ပတ်သက်တဲ့နောက်သတင်းတစ်ပုဒ်ကတော့ဘက်ခမ်းဟာ ဘာစီလိုနာအသင်း ဆီကိုပြောင်းရွှေ့ဖို့နီးစပ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲဒီအချိန်ကဘက်ခမ်း ဟာ ဆာအဲလက်စ် နဲ့ ပြသနာတက်နေပြီး အသင်းပြောင်းရွှေ့ဖို့စီမံနေချိန်ဖြစ်ပါတယ်။ ဒေးဗစ်တစ်ယောက် ဗစ်တိုးရီးယား နဲ့ လက်ထပ်တဲ့ကိစ္စမှာဖာဂူဆန်နဲ့အတိုက်အခိုက်တွေရှိခဲ့ပြီး ပြဿနာတွေတက်ခဲ့ကြပါတယ်။ “ကျွန်တော် ဗစ်တိုးရီးယားနဲ့အပန်းဖြေခရီးထွက်နေတုန်းတစ်ရက်မှာ သူငယ်ချင်းတစ်ယောက် က ကျွန်တော့်ကို ယူနိုက်တက်က ဘာစီလိုနာဆီရောင်းဖို့ သဘောတူလိုက်ပြီဆိုတဲ့သတင်းကိုပြောပြလာတယ်။ ကျွန်တော်က ငါအဲကိစ္စမသိဘူးလို့ပြန်ပြော လိုက်ပါတယ်။ ပြီးတော့ချက်ချင်းလန်ဒန်ကိုပြန်ပြီးတော့ ပီတာကင်ယွန်၊ ဆာအဲလက်စ်တို့နဲ့ စကားပြောဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ပါဘူး။ကျွန်တော့်အပြောင်းအရွှေ့ကိစ္စဘာတွေဖြစ်နေလဲဆိုတာကို သေချာသိချင်တယ်။ဒါပေမယ့် နောက်ဆုံးသေချာဘာမှမသိရတဲ့အချိန်မှာ ကျွန်တော့်အေးဂျင့်ကိုပဲဆက်သွယ်ပြီး၊ အသင်းပြောင်းမယ်ဆိုရင် ရီးရဲမက်ဒရစ်ကိုပဲပြောင်းမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲလိုပြောပြီးရက်နည်းနည်းအကြာမှာပဲ ကျွန်တော် မက်ဒရစ်ကို ရောက်ခဲ့ပါတယ်”ဆိုပြီး ဒေးဗစ်ဘက်ခမ်းကပြောပါတယ်။

photo internet

အဲဒီအချိန်က ဒေးဗစ်ဘက်ခမ်းကို ရီးရဲလ်မက်ဒရစ်ကခေါ်ယူသွားတာကြောင့် ဘာစီလိုနာက ဘရာဇီလ်း ကြယ်ပွင့် ရော်နယ်ဒင်ညို ကို ခေါ်ယူသွားခဲ့ပြီး ယူနိုက်တက်ကတော့ အခုအချိန်မှာ ကမ္ဘာကျော်ဘောလုံးသမားဖြစ်လာမယ့် စပို့တင်းကစားသမား စီရော်နယ်ဒို ကို ခေါ်ယူခဲ့ပါတယ်။ ဘက်ခမ်းဟာ အခုအချိန်မှာတော့ အေးချမ်းသာယာတဲ့မိသားစု ဘဝကိုပိုင်ဆိုင်ထားပြီး၊ သူဝါသနာပါတဲ့ဘောလုံးအားကစားနဲ့ သက်ဆိုင်တဲ့အလုပ်ကိုလည်းအကောင်းဆုံးလုပ်ဆောင်နေပါတယ်။

photo internet

(Zawgyi Version)




