ယူနိုက်တက်ကစားသမားဘဝမှာ အကြီးမားဆုံးအမှားတစ်ခုလုပ်ခဲ့တယ်လို့ ဒန်နီယဲလ်ဂျိမ်းစ်ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ မန်ချက်စတာယူနိုက်တက်ကနေ လိဒ်စ်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ဒန်နီယဲလ်ဂျိမ်းစ်က မန်ချက်စတာယူနိုက်တက်ကစားသမားဘဝတုန်းက အမှားမလုပ်မိအောင်ပဲ အဓိကအာရုံစိုက်ကစားခဲ့တာက ကြီးမားတဲ့အမှားဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဆွမ်ဆီးအသင်းကနေ ပေါင်(၁၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဒန်နီယဲလ်ဂျိမ်းစ်ဟာ ယူနိုက်တက်အသင်းအတွက်ပွဲဦးထွက်မှာ ချယ်လ်ဆီးဘက်ကို ဂိုးသွင်းခဲ့တာအပါအဝင်

ပထမဆုံး(၄)ပွဲမှာ (၃)ဂိုးအထိသွင်းယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်မရတော့ဘဲ အခုနှစ်နွေရာသီမှာ လိဒ်စ်အသင်းဆီ ပေါင်(၂၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် (၇၄)ပွဲကစား၊ (၉)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ဒန်နီယဲလ်ဂျိမ်းစ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ဆွမ်ဆီးအသင်းကနေ လိဒ်စ်အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရလို့ ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒန်နီယဲလ်ဂျိမ်းစ်က “ကျွန်တော့်ရဲ့အဓိကတာဝန်က ပြိုင်ဘက်ခံစစ်ကို ကျော်ဖြတ်ပြေးလွှားဖို့၊ ဘောလုံးနဲ့တစ်ပါတည်းဆွဲပြေးကစားဖို့၊ တချို့နေရာတွေမှာ စွန့်စားကစားဖို့ဖြစ်ပြီး ဘောလုံးဆုံးရှုံးမှာကို ကြောက်နေလို့မရပါဘူး။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ကျွန်တော်က အဲဒီပုံစံနဲ့ကင်းကွာလာပြီး အမှားမလုပ်မိအောင်ပဲ ထိန်းကစားသလိုဖြစ်ခဲ့ရပါတယ်။

ကျွန်တော်ကစားတဲ့နေရာက အမှားမလုပ်မိအောင်ထိန်းကစားလို့ရတဲ့နေရာမဟုတ်ပါဘူး။

တောင်ပံတိုက်စစ်ကစားသမားဆိုတာ ဂိုးတွေသွင်းမယ်၊ ဂိုးဖန်တီးမှုတွေပြုလုပ်ပြီး ဘောလုံးရှိတဲ့အခါဖြစ်စေ၊ ဘောလုံးမရတဲ့အခါဖြစ်စေ အမြဲတမ်းပြေးလွှားနေရာယူရတာမျိုးဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒန်နီယဲလ်ဂျိမ်းစ်ဟာ လိဒ်စ်အသင်းနဲ့(၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သူက လိဒ်အသင်းမှာ ပုံမှန်တစ်နေရာရမယ်လို့ သေချာပေါက်မမျှော်လင့်ထားဘူးလို့ဆိုခဲ့ပါတယ်။

“ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးက ကျွန်တော့်ကို အသိအမှတ်ပြုခေါ်ယူခဲ့တာက ကျေနပ်စရာပါပဲ။

ဒါပေမဲ့ အဲဒါက ဒီအသင်းမှာ ကျွန်တော် ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရပြီဆိုတဲ့သဘောမဟုတ်ပါဘူး။

လိဒ်စ်အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိတာကြောင့် ပွဲထွက်ခွင့်တစ်နေရာရဖို့အတွက် တိုက်ပွဲဝင်ရမှာပါ။

လိဒ်စ်အသင်းကစားပုံနဲ့အသားကျအောင် လေ့လာသင်ယူရဦးမှာဖြစ်ပါတယ်”လို့ ဒန်နီယဲလ်ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ကစားသမားဘဝမွာ အႀကီးမားဆုံးအမွားတစ္ခုလုပ္ခဲ့တယ္လို႔ ဒန္နီယဲလ္ဂ်ိမ္းစ္ဝန္ခံ

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ မန္ခ်က္စတာယူႏိုက္တက္ကေန လိဒ္စ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ဒန္နီယဲလ္ဂ်ိမ္းစ္က မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝတုန္းက အမွားမလုပ္မိေအာင္ပဲ အဓိကအာ႐ုံစိုက္ကစားခဲ့တာက ႀကီးမားတဲ့အမွားျဖစ္ခဲ့တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ဆြမ္ဆီးအသင္းကေန ေပါင္(၁၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဒန္နီယဲလ္ဂ်ိမ္းစ္ဟာ ယူႏိုက္တက္အသင္းအတြက္ပြဲဦးထြက္မွာ ခ်ယ္လ္ဆီးဘက္ကို ဂိုးသြင္းခဲ့တာအပါအဝင္ ပထမဆုံး(၄)ပြဲမွာ (၃)ဂိုးအထိသြင္းယူခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပုံမွန္ပြဲထြက္ခြင့္မရေတာ့ဘဲ အခုႏွစ္ေႏြရာသီမွာ လိဒ္စ္အသင္းဆီ ေပါင္(၂၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ (၇၄)ပြဲကစား၊ (၉)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။ ဒန္နီယဲလ္ဂ်ိမ္းစ္ဟာ ၂၀၁၉ ခုႏွစ္ကတည္းက ဆြမ္ဆီးအသင္းကေန လိဒ္စ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ခဲ့ေပမယ့္ ေနာက္ဆုံးအခ်ိန္မွာ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရလို႔ ယူႏိုက္တက္အသင္းဆီေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဒန္နီယဲလ္ဂ်ိမ္းစ္က “ကြၽန္ေတာ့္ရဲ႕အဓိကတာဝန္က ၿပိဳင္ဘက္ခံစစ္ကို ေက်ာ္ျဖတ္ေျပးလႊားဖို႔၊ ေဘာလုံးနဲ႔တစ္ပါတည္းဆြဲေျပးကစားဖို႔၊ တခ်ိဳ႕ေနရာေတြမွာ စြန႔္စားကစားဖို႔ျဖစ္ၿပီး ေဘာလုံးဆုံးရႈံးမွာကို ေၾကာက္ေနလို႔မရပါဘူး။ ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ကြၽန္ေတာ္က အဲဒီပုံစံနဲ႔ကင္းကြာလာၿပီး အမွားမလုပ္မိေအာင္ပဲ ထိန္းကစားသလိုျဖစ္ခဲ့ရပါတယ္။ ကြၽန္ေတာ္ကစားတဲ့ေနရာက အမွားမလုပ္မိေအာင္ထိန္းကစားလို႔ရတဲ့ေနရာမဟုတ္ပါဘူး။

ေတာင္ပံတိုက္စစ္ကစားသမားဆိုတာ ဂိုးေတြသြင္းမယ္၊ ဂိုးဖန္တီးမႈေတြျပဳလုပ္ၿပီး ေဘာလုံးရွိတဲ့အခါျဖစ္ေစ၊ ေဘာလုံးမရတဲ့အခါျဖစ္ေစ အၿမဲတမ္းေျပးလႊားေနရာယူရတာမ်ိဳးျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဒန္နီယဲလ္ဂ်ိမ္းစ္ဟာ လိဒ္စ္အသင္းနဲ႔(၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး သူက လိဒ္အသင္းမွာ ပုံမွန္တစ္ေနရာရမယ္လို႔ ေသခ်ာေပါက္မေမွ်ာ္လင့္ထားဘူးလို႔ဆိုခဲ့ပါတယ္။

“ကမာၻ႔အေကာင္းဆုံးနည္းျပတစ္ဦးက ကြၽန္ေတာ့္ကို အသိအမွတ္ျပဳေခၚယူခဲ့တာက ေက်နပ္စရာပါပဲ။ ဒါေပမဲ့ အဲဒါက ဒီအသင္းမွာ ကြၽန္ေတာ္ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာရၿပီဆိုတဲ့သေဘာမဟုတ္ပါဘူး။ လိဒ္စ္အသင္းမွာ ကစားသမားေကာင္းေတြအမ်ားႀကီးရွိတာေၾကာင့္ ပြဲထြက္ခြင့္တစ္ေနရာရဖို႔အတြက္ တိုက္ပြဲဝင္ရမွာပါ။ လိဒ္စ္အသင္းကစားပုံနဲ႔အသားက်ေအာင္ ေလ့လာသင္ယူရဦးမွာျဖစ္ပါတယ္”လို႔ ဒန္နီယဲလ္ဂ်ိမ္းစ္က ေျပာၾကားခဲ့ပါတယ္။