ယူနိုက်တက်ကစားသမားတွေရဲ့ခြေစွမ်းနဲ့ပေးထားတဲ့လစာထိုက်တန်ရဲ့လား
photo internet
ယူနိုက်တက်အသင်းရဲ့အနေအထားဟာအိမ်ကွင်းမှာတောင်ရှုံးတဲ့အခြေအနေဖြစ်နေပါပြီ။ ဒါကြောင့်ပရိသတ်တွေကတော့ ကစားသမားအချို့ကိုရော၊နည်းပြဆိုးလ်ရှားကိုပါ အသင်းကနေ ထွက်စေချင်နေကြပါပြီ။ ယူနိုက်တက်ကစားသမားတွေဟာသူတို့ရရှိတဲ့လစာများပေမယ့် အသင်းအတွက် ကောင်းမွန်တဲ့ခြေစွမ်း တွေပြန်လည်မပေးနိုင်ဖြစ်နေတာပါ။ ဒါကြောင့် ယူနိုက်တက်ကစားသမားတွေရဲ့လစာကို ကလပ်အသင်းကြီးတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းကပေးထားတဲ့လစာတွေနဲ့နှိုင်းယှဉ်ကြည့်ရအောင်ပါ။ လီဗာပူးဟာအခုအချိန်မှာ အောင်မြင်မှုတွေကိုဖော်ဆောင်ပေးနိုင်နေတဲ့အသင်းတစ်သင်းဖြစ်နေပါတယ်။ ဒါ့အပြင် နာမည်ကြီးကစားသမားအများ အပြားခေါ်ယူထားတာမဟုတ်ပါဘူး။
photo internet
သတင်းရင်းမြစ်တစ်ခုရဲ့ထုတ်ပြန်ကြေညာချက်အရတော့ လီဗာပူးအသင်းဟာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေကို လစာငွေ အနည်းငယ်သာပေးနေရပေမယ့်ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ကစားသမားတွေကို လစာငွေပိုပေးထားတာဖြစ်ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားဟာ ဆာလာချ်ကလွဲပြီးအခြားလီဗာပူးကစားသမားများထက် ပိုများတဲ့ လစာငွေကို ရရှိနေပါတယ်။မာတာ၊လုခ်ရှော၊ မာတစ်နဲ့ အက်ရှလေယန်း တို့ဟာလည်း ဆာဒီယိုမာနေးထက် ပိုများတဲ့ လစာငွေကိုရရှိနေပါတယ်။ ဒီဂီယာဟာလည်း အဲလစ်ဆင် ဘက်ကာ ရဲ့တစ်ပတ်လုပ်အားခ ထက် ၄ဆနီးပါး များ ပြားတဲ့ ငွေကြေးကို ရရှိပါတယ်။
photo internet
ယူနိုက်တက်အသင်းက ကစားသမားတွေရဲ့လစာငွေရရှိမှုကိုဖော်ပြရမယ်ဆိုရင်တော့ ဒစ်ဂီယာက ပေါင် ၃၂၅၀၀၀ရရှိပြီး၊ခုလောလောဆယ်ဒဏ်ရာကြောင့် အနားယူနေတဲ့ ပေါ့ဘာက ပေါင် ၂၉၀၀၀၀ရရှိနေပါတယ်။ မာရှယ်ကိုတော့အသင်းက ပေါင်၂၅၀၀၀၀ပေးထားကာ၊ ရက်ဖို့ဒ်ကိုတော့ ပေါင်၂၀၀၀၀၀ပေးပါတယ်။ မက်ဂွိုင်းယားအတွက်လစာကတော့ ၁၈၀၉၀၄ ပေါင်ဖြစ်ပြီး၊ မာတာအတွက်ကတော့ ပေါင်၁၆၀၀၀၀ဖြစ်ကာ၊ လင်ဒီလော့အတွက်ကတော့ ပေါင်၁၂၀၀၀၀ဖြစ်ပါတယ်။ မာတစ်၊အက်ရှလေယန်းနဲ့ ဝမ်ဘစ်စကာတို့ကိုတော့ ယူနိုက်တက်အသင်းက ပေါင်၁၂၀၀၀၀စီပေးပါတယ်။ ဘိုင်လီကတော့ ပေါင် ၈၀၀၀၀ရကာ၊ ရိုဂျိုကတော့ ပေါင် ၈၀၀၀၀ခံစားခွင့်ရပါတယ်။ ဖီလ်းဂျုံးနဲ့လင်ဂတ်တို့ကတော့ ပေါင်၇၅၀၀၀စီရရှိကြပါတယ်။ ရိုမဲရိုလစာကတော့ ပေါင်၇၀၀၀၀ဖြစ်ကာ၊ ပါရဲရားနဲ့လီးဂရန့်ကတော့ပေါင်၂၀၀၀၀ရရှိပါတယ်။ ဒါးလော့အတွက်ကတော့ ပေါင်၂၅၀၀၀ဖြစ်ပါတယ်။ ဖိုဆူမန်ဆက်အတွက်ကတော့ ပေါင်၁၅၀၀၀ဖြစ်ပြီး၊ တော်မီနေး အတွက်ကတော့ ပေါင် ၁၀၀၀၀ဖြစ်ပါတယ်။
photo internet
လီဗာပူးအသင်းကသူတို့ရဲ့ကစားသမားတွေကိုပေးထားတဲ့လစာတွေကတော့ ဆာလက်ချ်အတွက်ကပေါင် ၂၀၀၀၀၀ဖြစ်ပြီး၊ ဖာမီနိုကတော့ပေါင် ၁၈၀၀၀၀ပါ။ ဟန်ဒါဆန်က ပေါင် ၁၄၀၀၀၀ဖြစ်ကာ၊ ဗန်ဒိုက်ကတော့ ပေါင် ၁၈၀၀၀၀ဖြစ်ပြီး၊ မီနာကတော့ ပေါင် ၁၄၀၀၀၀ဖြစ်ပါတယ်။ ကီတာနဲ့ချိန်ဘာလိန်တို့ကတော့ ပေါင် ၁၂၀၀၀၀စီရရှိကြပါတယ်။ လယ်လာနာကပေါင် ၁၁၀၀၀၀ဖြစ်ပြီး၊ လိုဗရန် ၊ မာနေး၊ မာတစ်ပ်၊ဖာဘင်ဟိုတို့ကတော့ ပေါင် ၁၀၀၀၀၀စီရရှိကြပါတယ်။ အဲလစ်ဆင် ဘက်ကာကပေါင်၉၀၀၀၀ရရှိကာ၊ ရှာကွီရီကိုတော့အသင်းက ပေါင် ၈၀၀၀၀ပေးပါတယ်။ မာကိုဗစ်အတွက်ကတော့ပေါင် ၇၆၀၀၀ဖြစ်ပြီး၊ဝီရှနယ်ဒန်ကတော့ပေါင်၇၅၀၀၀ဖြစ်ပါတယ်။ ကလိုင်းရဲ့ရရှိမှုကတော့ ပေါင်၇၀၀၀၀ဖြစ်ပြီး၊ရော်ဘတ်ဆန်ကတော့ပေါင်၅၀၀၀၀ဖြစ်ပါတယ်။ အိုရီဂီကတော့ပေါင်၄၅၀၀၀ရရှိကာ၊ အာနိုးကတော့ ပေါင် ၄၀၀၀၀ဖြစ်ပြီး၊ ဂျို ဂိုးမက်စ်ကတော့ ပေါင် ၂၈၀၀၀ဖြစ်ပါတယ်။ ကာရီးရက်စ် ကိုအသင်းကပေါင် ၂၅၀၀၀ပေးကာ၊ ဘရူစတာကိုတော့ပေါင် ၁၀၀၀၀ပေးပါတယ်။
photo internet
အသင်းကြီးနှစ်သင်းရဲ့လစာတွေကိုယှဉ်ကြည့်ရမယ်ဆိုရင် ယူနိုက်တက်ကစားသမားတွေရဲ့လခရရှိချက်က ပိုများနေပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းပြန်လည်ပေးဆပ်မှုမှာတော့ လီဗာပူးအသင်းသား တွေကသာလွန်နေပါတယ်။ အချို့ကစားသမားတွေကို လီဗာပူးအသင်းအနေနဲ့လစာတိုးပေးဖို့သင့်ပါတယ်။ ပရိသတ်အချို့ကတော့ အဲဒီလစာနှုန်းထားတွေပေါ်မူတည်ပြီး သုံးသပ်ချက်တွေပြောဆိုကြပါတယ်။ “ယူနိုက်တက်ကိုလာချင်တဲ့ကစားသမားအသစ်တွေက လစာတွေမက်တာလည်းပါလိမ့်မယ်။ ပြီးရင်တော့ အေးအေးဆေးဆေးကစားကြလိမ့်မယ်။ အသင်းအနေနဲ့ အဝတ်လဲခန်းထဲက ဝန်ထုပ်ဝန်ပိုးတွေကို အားလုံးအတွက်အကျိုးရှိအောင် ပြင်ဆင်ရမှာ”ဆိုပြီးတော့ ပရိသတ်တစ်ယောက်က ပြောဆိုပါတယ်။
အနာဂတ်အတွက် လီဗာပူးက ဆုဖလားတစ်လုံးရအောင်ကြိုးစားနေချိန်မှာ ယူနိုက်တက်ကတော့ ရှုံးပွဲမရှိအောင် ကြိုးစားနေရပါတယ်။ 2020 မှာ ယူနိုက်တက်တို့ခြေလှမ်းမပြင်ရင်တော့ ပိုကောင်းတဲ့ရလဒ်တွေကိုရရှိဖို့ဟာ ခက်ခဲနိုင်ပါတယ်။
photo internet
(Zawgyi Version)