
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူကရိန်းအသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လက်ရွေးစင်အသင်းနည်းပြအဖြစ်ဆောင်ရွက်နေတဲ့ရှက်ဗ်ချင်ကိုဟာ ယူကရိန်းနည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာကို သူ့ရဲ့ Twitter စာမျက်နှာမှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဘောလုံးသမားဘဝတုန်းက အေစီမီလန်အသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့ ရှက်ဗ်ချင်ကိုဟာ ၂၀၁၆ ခုနှစ်မှာ ယူကရိန်းအသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး
ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ကွာတားဖိုင်နယ်အဆင့်အထိရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းကို (၄)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ ရှက်ဗ်ချင်ကိုဟာ ကစားသမားဘဝနဲ့နည်းပြဘဝမှာ လက်ရွေးစင်အသင်းနဲ့အတူ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ရှက်ဗ်ချင်ကိုဟာ ကစားသမားဘဝတုန်းက ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ကွာတားဖိုင်နယ်တက်ရောက်ခဲ့ပြီး နည်းပြဘဝမှာလည်း ယူရို-၂၀၂၀ ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်အထိရောက်ရှိခဲ့တာပါ။
ရှက်ဗ်ချင်ကို ကိုင်တွယ်ခဲ့တဲ့ (၅)နှစ်တာကာလအတွင်း ယူကရိန်းအသင်းဟာ (၂၅)ပွဲနိုင်၊ (၁၃)ပွဲသရေ၊ (၁၄)ပွဲရှုံးနဲ့ နိုင်ပွဲရာခိုင်နှုန်း(၄၈.၁%)ရှိခဲ့ပြီး သူက “ဒီနေ့မှာတော့ ကျွန်တော်နဲ့ယူကရိန်းဘောလုံးအဖွဲ့ချုပ်တို့ချုပ်ဆိုထားတဲ့ စာချုပ်ကအဆုံးသတ်သွားပြီဖြစ်ပါတယ်။
နိုင်ငံလက်ရွေးစင်အသင်းကို ကျွန်တော် (၅)နှစ်ကြာကိုင်တွယ်ခဲ့တာပါ။
ကျွန်တော်တို့အသင်းဟာ မော်ဒန်ဘောလုံးကစားဟန်ကို ကောင်းကောင်းကစားနိုင်တယ်ဆိုတာ သက်သေပြဖို့အတွက် အကောင်းဆုံးကြိုးစားပြောင်းလဲခဲ့ရပါတယ်။
ယူကရိန်းအသင်းနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်ဝမ်းမြောက်ကျေနပ်မိပါတယ်”လို့ Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ရှက်ဗ်ချင်ကိုအနေနဲ့ ကလပ်အသင်းနည်းပြအဖြစ်ဆောင်ရွက်လိုတာကြောင့် နိုင်ငံအသင်းနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပြီး
သူ့ကို ကစားသမားဘဝတုန်းက အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းက နည်းပြသစ်အဖြစ်တူချယ်လ်ကို မခန့်အပ်ခင် ချိတ်ဆက်မှုတွေလုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူကရိန္းနည္းျပရာထူးကေန ႏုတ္ထြက္လိုက္ၿပီျဖစ္တဲ့ ရွက္ဗ္ခ်င္ကို
ယူကရိန္းအသင္းရဲ႕ဂႏၴဝင္တိုက္စစ္မႉးတစ္ဦးျဖစ္ၿပီး လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့ရွက္ဗ္ခ်င္ကိုဟာ ယူကရိန္းနည္းျပရာထူးကေန ႏုတ္ထြက္ဖို႔ ဆုံးျဖတ္လိုက္ၿပီဆိုတာကို သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။ ေဘာလုံးသမားဘဝတုန္းက ေအစီမီလန္အသင္းနဲ႔အတူ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ ရွက္ဗ္ခ်င္ကိုဟာ ၂၀၁၆ ခုႏွစ္မွာ ယူကရိန္းအသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ကြာတားဖိုင္နယ္အဆင့္အထိေရာက္ရွိေအာင္ ပို႔ေဆာင္ႏိုင္ခဲ့ေပမယ့္ အဂၤလန္အသင္းကို (၄)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ပါတယ္။
ဒါေပမဲ့ ရွက္ဗ္ခ်င္ကိုဟာ ကစားသမားဘဝနဲ႔နည္းျပဘဝမွာ လက္ေ႐ြးစင္အသင္းနဲ႔အတူ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့သူအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ရွက္ဗ္ခ်င္ကိုဟာ ကစားသမားဘဝတုန္းက ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ကြာတားဖိုင္နယ္တက္ေရာက္ခဲ့ၿပီး နည္းျပဘဝမွာလည္း ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲကြာတားဖိုင္နယ္အဆင့္အထိေရာက္ရွိခဲ့တာပါ။
ရွက္ဗ္ခ်င္ကို ကိုင္တြယ္ခဲ့တဲ့ (၅)ႏွစ္တာကာလအတြင္း ယူကရိန္းအသင္းဟာ (၂၅)ပြဲႏိုင္၊ (၁၃)ပြဲသေရ၊ (၁၄)ပြဲရႈံးနဲ႔ ႏိုင္ပြဲရာခိုင္ႏႈန္း(၄၈.၁%)ရွိခဲ့ၿပီး သူက “ဒီေန႔မွာေတာ့ ကြၽန္ေတာ္နဲ႔ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကအဆုံးသတ္သြားၿပီျဖစ္ပါတယ္။ ႏိုင္ငံလက္ေ႐ြးစင္အသင္းကို ကြၽန္ေတာ္ (၅)ႏွစ္ၾကာကိုင္တြယ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔အသင္းဟာ ေမာ္ဒန္ေဘာလုံးကစားဟန္ကို ေကာင္းေကာင္းကစားႏိုင္တယ္ဆိုတာ သက္ေသျပဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားေျပာင္းလဲခဲ့ရပါတယ္။ ယူကရိန္းအသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ခြင့္ရခဲ့တဲ့အတြက္ ကြၽန္ေတာ္ဝမ္းေျမာက္ေက်နပ္မိပါတယ္”လို႔ Twitter မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
ရွက္ဗ္ခ်င္ကိုအေနနဲ႔ ကလပ္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္လိုတာေၾကာင့္ ႏိုင္ငံအသင္းနဲ႔လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ႏိုင္ၿပီး သူ႔ကို ကစားသမားဘဝတုန္းက အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းက နည္းျပသစ္အျဖစ္တူခ်ယ္လ္ကို မခန႔္အပ္ခင္ ခ်ိတ္ဆက္မႈေတြလုပ္ခဲ့တယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။