ယူကရိန်းဂန္ထဝင်ရှက်ဗ်ချင်ကို ဂျီနိုအာနည်းပြသစ်ဖြစ်လာပြီး ပွဲဦးထွက်မှာမော်ရင်ဟိုနဲ့ရင်ဆိုင်ရဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျီနိုအာအသင်းဟာ ယူကရိန်းနဲ့အေစီမီလန်ဂန္ထဝင်တိုက်စစ်မှူးရှက်ဗ်ချင်ကို,ကို အသင်းနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပြီး ရှက်ဗ်ချင်ကိုဟာ အသင်းနဲ့(၃)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှက်ဗ်ချင်ကိုဟာ ဘောလုံးသမားဘဝမှာ ဒိုင်နမိုကိဗ်၊ အေစီမီလန်၊ ချယ်လ်ဆီးအသင်းတို့နဲ့အတူ အောင်မြင်မှုတွေရယူခဲ့ပြီး

အေစီမီလန်ကစားသမားဘဝမှာ စီးရီးအေ၊ ကိုပါအီတာလီယာ၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားတွေရယူခဲ့တဲ့အပြင် တစ်ဦးချင်းအောင်မြင်မှုအဖြစ် ၂၀၀၄ Ballon d’Or ဆုကိုပိုင်ဆိုင်ခဲ့ပါတယ်။

ဘောလုံးသမားဘဝကနေအနားယူပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ယူကရိန်းအသင်းလက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သူ ရှက်ဗ်ချင်ကိုဟာ အဲဒီနှစ်မှာပဲ စီနီယာနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး

ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက ယူကရိန်းအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုကွာတားဖိုင်နယ်ရောက်အောင်ပို့ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ရှက်ဗ်ချင်ကို,ကို နည်းပြသစ်ခန့်အပ်လိုက်တာနဲ့ပတ်သက်လို့ ဂျီနိုအာအသင်းက “ရှက်ဗ်ချင်ကို,ကို အသင်းနည်းပြသစ်ခန့်အပ်ဖို့

သဘောတူညီမှုရခဲ့ပြီဆိုတာ အတည်ပြုကြေညာလိုပြီး ၂၀၂၄၊ ဇွန်လ(၃၀)ရက်အထိ ဂျီနိုအာအသင်းနည်းပြအဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဘောလုံးသမားဘဝမှာ ရှက်ဗ်ချင်ကိုဟာ ၂၀၀၄ Ballon d’Or ဆု၊ ၂၀၀၃ ချန်ပီယံလိဂ်ဖလားအပါအဝင် ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

နည်းပြဘဝမှာတော့ ယူကရိန်းအသင်းကို ၂၀၁၆၊ ဇူလိုင်လကနေစတင်ကိုင်တွယ်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုအဖြစ် ယူရို-၂၀၂ဝပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးခဲ့ပါတယ်။

နည်းပြသစ်ရှက်ဗ်ချင်ကို,ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့အပြင် အီတလီဘောလုံးလောကမှာ သက်တမ်းအရင့်ဆုံးကလပ်အသင်းအတွက် အောင်မြင်မှုရယူပေးနိုင်မယ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”ဆိုပြီး အသင်းရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ခဲ့ပါတယ်။

ရှက်ဗ်ချင်ကိုဟာ အခုတစ်ပတ်နိုင်ငံတကာပွဲတွေအပြီး ပြန်လည်စတင်မယ့် နိုဝင်ဘာ(၂၁)ရက်ကျရင် မော်ရင်ဟိုရဲ့ရိုးမားအသင်းနဲ့ကစားမယ့်ပွဲမှာ ဂျီနိုအာအသင်းနည်းပြပွဲဦးထွက်အဖြစ် ကိုင်တွယ်သွားဖို့ရှိနေပါပြီ။

ရှက်ဗ်ချင်ကိုနဲ့မော်ရင်ဟိုတို့ဟာ ၂၀၀၆ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းမှာလက်တွဲခဲ့ဖူးပြီး အခုအချိန်မှာတော့ ပြိုင်ဘက်နည်းပြတွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူကရိန္းဂႏၴဝင္ရွက္ဗ္ခ်င္ကို ဂ်ီႏိုအာနည္းျပသစ္ျဖစ္လာၿပီး ပြဲဦးထြက္မွာေမာ္ရင္ဟိုနဲ႔ရင္ဆိုင္ရဖို႔ရွိ

ဂ်ီႏိုအာအသင္းဟာ ယူကရိန္းနဲ႔ေအစီမီလန္ဂႏၴဝင္တိုက္စစ္မႉးရွက္ဗ္ခ်င္ကို,ကို အသင္းနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီျဖစ္ၿပီး ရွက္ဗ္ခ်င္ကိုဟာ အသင္းနဲ႔(၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

အသက္(၄၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရွက္ဗ္ခ်င္ကိုဟာ ေဘာလုံးသမားဘဝမွာ ဒိုင္နမိုကိဗ္၊ ေအစီမီလန္၊ ခ်ယ္လ္ဆီးအသင္းတို႔နဲ႔အတူ ေအာင္ျမင္မႈေတြရယူခဲ့ၿပီး ေအစီမီလန္ကစားသမားဘဝမွာ စီးရီးေအ၊ ကိုပါအီတာလီယာ၊ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားေတြရယူခဲ့တဲ့အျပင္ တစ္ဦးခ်င္းေအာင္ျမင္မႈအျဖစ္ ၂၀၀၄ Ballon d’Or ဆုကိုပိုင္ဆိုင္ခဲ့ပါတယ္။

ေဘာလုံးသမားဘဝကေနအနားယူၿပီးတဲ့ေနာက္ ၂၀၁၆ ခုႏွစ္မွာ ယူကရိန္းအသင္းလက္ေထာက္နည္းျပအျဖစ္ စတင္ေဆာင္႐ြက္ခဲ့သူ ရွက္ဗ္ခ်င္ကိုဟာ အဲဒီႏွစ္မွာပဲ စီနီယာနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲတုန္းက ယူကရိန္းအသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ယူ႐ိုကြာတားဖိုင္နယ္ေရာက္ေအာင္ပို႔ေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ရွက္ဗ္ခ်င္ကို,ကို နည္းျပသစ္ခန႔္အပ္လိုက္တာနဲ႔ပတ္သက္လို႔ ဂ်ီႏိုအာအသင္းက “ရွက္ဗ္ခ်င္ကို,ကို အသင္းနည္းျပသစ္ခန႔္အပ္ဖို႔သေဘာတူညီမႈရခဲ့ၿပီဆိုတာ အတည္ျပဳေၾကညာလိုၿပီး ၂၀၂၄၊ ဇြန္လ(၃၀)ရက္အထိ ဂ်ီႏိုအာအသင္းနည္းျပအျဖစ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ေဘာလုံးသမားဘဝမွာ ရွက္ဗ္ခ်င္ကိုဟာ ၂၀၀၄ Ballon d’Or ဆု၊ ၂၀၀၃ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ပါတယ္။

နည္းျပဘဝမွာေတာ့ ယူကရိန္းအသင္းကို ၂၀၁၆၊ ဇူလိုင္လကေနစတင္ကိုင္တြယ္ခဲ့ၿပီး သမိုင္းဝင္ေအာင္ျမင္မႈအျဖစ္ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္အထိ ပို႔ေဆာင္ေပးခဲ့ပါတယ္။ နည္းျပသစ္ရွက္ဗ္ခ်င္ကို,ကို လႈိက္လႈိက္လွဲလွဲႀကိဳဆိုတဲ့အျပင္ အီတလီေဘာလုံးေလာကမွာ သက္တမ္းအရင့္ဆုံးကလပ္အသင္းအတြက္ ေအာင္ျမင္မႈရယူေပးႏိုင္မယ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္”ဆိုၿပီး အသင္းရဲ႕ဝက္ဘ္ဆိုက္မွာထုတ္ျပန္ခဲ့ပါတယ္။

ရွက္ဗ္ခ်င္ကိုဟာ အခုတစ္ပတ္ႏိုင္ငံတကာပြဲေတြအၿပီး ျပန္လည္စတင္မယ့္ ႏိုဝင္ဘာ(၂၁)ရက္က်ရင္ ေမာ္ရင္ဟိုရဲ႕႐ိုးမားအသင္းနဲ႔ကစားမယ့္ပြဲမွာ ဂ်ီႏိုအာအသင္းနည္းျပပြဲဦးထြက္အျဖစ္ ကိုင္တြယ္သြားဖို႔ရွိေနပါၿပီ။ ရွက္ဗ္ခ်င္ကိုနဲ႔ေမာ္ရင္ဟိုတို႔ဟာ ၂၀၀၆ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးအသင္းမွာလက္တြဲခဲ့ဖူးၿပီး အခုအခ်ိန္မွာေတာ့ ၿပိဳင္ဘက္နည္းျပေတြအျဖစ္ ျပန္လည္ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။