
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အင်္ဂလန်အသင်းဟာ ယူကရိန်းအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ပထမဆုံးအကြိမ်ချန်ပီယံဆုဖလားကိုင်မြှောက်ဖို့ အသင့်ရှိနေပြီဆိုတာ ပြသလိုက်ပါတယ်။
အုပ်စုတွင်းပွဲတုန်းက (၃)ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်ဟာ ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ အခုကွာတားဖိုင်နယ်နှစ်ပွဲပေါင်းမှာ (၆)ဂိုးအထိသွင်းယူခဲ့သလို ပေးဂိုးလည်းမရှိသေးတဲ့အပြင်
ကျေနပ်ဖို့ကောင်းတာက ဂျာမနီနဲ့ပွဲတုန်းက ယူရို-၂၀၂၀ပြိုင်ပွဲတစ်လျှောက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ
အခုပွဲမှာလည်း နှစ်ဂိုးသွင်းခဲ့ပြီး အရင်လိုပုံစံမျိုးပြန်မြင်ရတာပါပဲ။
နာမည်ကျော်ဘောလုံးသမားဟောင်း ရှက်ဗ်ချင်ကို ကိုင်တွယ်နေတဲ့ ယူကရိန်းအသင်းဟာ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပိုင်းအားနည်းချက်တွေရှိခဲ့ပေမယ့်
အခုပွဲမှာတော့ အင်္ဂလန်အသင်းကို အတိုင်းအတာတစ်ခုအထိ အပြန်အလှန်ကစားနိုင်ပြီး အင်္ဂလန်အသင်းရဲ့ ပွဲအစပိုင်းမှာ သွင်းယူတဲ့ဂိုးတွေကြောင့်သာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ နည်းပြဆောက်ဂိတ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအပြီးသတ်သွားပြီဖြစ်လို့ အာရုံများစရာမလိုတော့တဲ့
တိုက်စစ်ကစားသမားဆန်ချိုကို ပွဲထွက်အသုံးပြုခဲ့ပြီး Quarantine ဝင်ခဲ့ရတဲ့ ကွင်းလယ်လူ မေဆင်မောင့်လည်း ပြန်ပါလာလို့ အင်္ဂလန်ကွင်းလယ်တိုက်စစ်က ထက်မြက်ခဲ့တယ်။
ဆန်ချိုဟာ တိုက်စစ်ညာခြမ်းမှာ ပုံစံကောင်းပြသနိုင်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေကတော့ အားရကျေနပ်နေလောက်ပါပြီ။
ကွင်းလယ်မှာ ကယ်လ်ဗင်ဖိလစ်က အရင်လို Box To Box ကစားတာကထက် ဒီကလန်ရိုက်စ်နဲ့တွဲပြီး Holding Midfielder အဖြစ် ကစားပြီးတော့
တိုက်စစ်အတွက် စတာလင်၊ ဆန်ချို၊ မေဆင်မောင့်တို့က အဓိကပုံဖော်ခဲ့တယ်။
စတာလင်နဲ့ဆန်ချိုတို့နှစ်ယောက်စလုံးကို ယူကရိန်းခံစစ်က ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး နောက်ခံလူလုခ်ရှောကလည်း တိုက်စစ်ကို ထိထိရောက်ရောက်ပံ့ပိုးနိုင်ခဲ့သလို ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့တယ်။
ပွဲစလို့ (၃)မိနစ်၊ (၃၂)စက္ကန့်လောက်အကြာမှာပဲ စတာလင်ရဲ့ ဖန်တီးမှုကနေ ဟယ်ရီကိန်းက ပိတ်သွင်းယူခဲ့လို့ အင်္ဂလန်အသင်း ဖိအားလျော့သွားပြီး
ဒီဂိုးဟာ ယူရို-၂၀၀၄ တုန်းက ပေါ်တူဂီနဲ့ပွဲမှာ ပွဲအစ(၂)မိနစ်၊ (၂၅)စက္ကန့်နဲ့ သွင်းယူခဲ့တဲ့ အိုဝင်ရဲ့ဂိုးပြီးရင် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အင်္ဂလန်အသင်းရဲ့ဒုတိယမြောက်အမြန်ဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။
ဘာမှတောင်မလုပ်ရသေးဘဲ ဂိုးပေးလိုက်ရလို့ ယူကရိန်းအသင်း ကစားကွက်ပြန်တည်ဖို့ကြိုးစားခဲ့ပြီး တိုက်စစ်နဲ့ကွင်းလယ်ချိတ်ဆက်မှုတွေကောင်းသလို အခွင့်အရေးတချို့လည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပြန်စစချင်းမှာပဲ ဖရီးကစ်ကနေ လုခ်ရှော တင်ပေးလိုက်တာကို မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းပြီး ဒုတိယဂိုး၊ (၄)မိနစ်အကြာမှာပဲ လုခ်ရှောရဲ့ပေးပို့မှုကပဲ
ဟယ်ရီကိန်းက တတိယမြောက်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာကြောင့် ယူကရိန်းလည်း စိတ်ဓာတ်ရော၊ ကစားအားပါ ကျသွားပါတော့တယ်။
ဟယ်ရီကိန်းဟာ အခုဆိုရင် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူထားပြီဖြစ်လို့ သွင်းဂိုးအများဆုံးဆုအတွက်ပြေးလမ်းထဲမှာ ပါဝင်လာပြီး
ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်း သွင်းဂိုးအရေအတွက်က (၉)ဂိုးအထိရှိလာတာကြောင့် အင်္ဂလန်ကစားသမားတွေထဲမှာ လိုင်နီကာ(၁၀ဂိုး)ပြီးရင် အများဆုံးအဖြစ်ရပ်တည်နေပါပြီ။
အဲဒီနောက်မှာတော့ ဆောက်ဂိတ်က ကစားသမားအပြောင်းအလဲတွေအများကြီးပြုလုပ်ခဲ့ပြီး အင်္ဂလန်အသင်းရဲ့စတုတ္ထမြောက်ဂိုးကတော့
ထောင့်ကန်ဘောကနေ မေဆင်မောင့်တင်ပေးလိုက်တာကို ဟန်ဒါဆင်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဟန်ဒါဆင်ဟာ အင်္ဂလန်ကစားသမားဘ၀ (၆၂)ပွဲမြောက်၊ ဂိုးပေါက်ကန်သွင်းချက် (၄၃)ကြိမ်အထိပြုလုပ်ခဲ့ပြီးမှ လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
အံ့အားသင့်စရာကောင်းတာက အင်္ဂလန်အသင်းသွင်းယူခဲ့တဲ့ (၄)ဂိုးမှာ (၃)ဂိုးက ခေါင်းတိုက်ဂိုးတွေဖြစ်နေတာပါပဲ။
အခုပွဲကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေကျရင် ဒိန်းမတ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲအဖြစ် ဝင်ဘလေကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
အသင်းရဲ့ခြေစွမ်းပိုင်း၊ ကစားသမားတွေရဲ့ စုစည်းမှုက တစ်ပွဲထက်တစ်ပွဲတိုးတက်လာတာကြောင့် ချန်ပီယံမျှော်လင့်ချက်က ပိုအားကောင်းလာပြီဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူကရိန္းကို ဂိုးျပတ္အႏိုင္ယူၿပီး ယူ႐ိုခ်န္ပီယံဆုရယူဖို႔အသင့္ရွိေနၿပီဆိုတာ သက္ေသျပလိုက္တဲ့ အဂၤလန္
ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အဂၤလန္အသင္းဟာ ယူကရိန္းအသင္းကို ဂိုးျပတ္အႏိုင္ယူၿပီး ပထမဆုံးအႀကိမ္ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ဖို႔ အသင့္ရွိေနၿပီဆိုတာ ျပသလိုက္ပါတယ္။
အုပ္စုတြင္းပြဲတုန္းက (၃)ဂိုးသာသြင္းယူႏိုင္ခဲ့တဲ့ အဂၤလန္တိုက္စစ္ဟာ ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ အခုကြာတားဖိုင္နယ္ႏွစ္ပြဲေပါင္းမွာ (၆)ဂိုးအထိသြင္းယူခဲ့သလို ေပးဂိုးလည္းမရွိေသးတဲ့အျပင္ ေက်နပ္ဖို႔ေကာင္းတာက ဂ်ာမနီနဲ႔ပြဲတုန္းက ယူ႐ို-၂၀၂၀ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးမိုးေခါင္မႈကို အဆုံးသတ္ခဲ့တဲ့ တိုက္စစ္မႉးဟယ္ရီကိန္း အခုပြဲမွာလည္း ႏွစ္ဂိုးသြင္းခဲ့ၿပီး အရင္လိုပုံစံမ်ိဳးျပန္ျမင္ရတာပါပဲ။
နာမည္ေက်ာ္ေဘာလုံးသမားေဟာင္း ရွက္ဗ္ခ်င္ကို ကိုင္တြယ္ေနတဲ့ ယူကရိန္းအသင္းဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္ ေျခစြမ္းပိုင္းအားနည္းခ်က္ေတြရွိခဲ့ေပမယ့္ အခုပြဲမွာေတာ့ အဂၤလန္အသင္းကို အတိုင္းအတာတစ္ခုအထိ အျပန္အလွန္ကစားႏိုင္ၿပီး အဂၤလန္အသင္းရဲ႕ ပြဲအစပိုင္းမွာ သြင္းယူတဲ့ဂိုးေတြေၾကာင့္သာ ဂိုးျပတ္ရႈံးနိမ့္ခဲ့တာပါ။
ဒီပြဲမွာ နည္းျပေဆာက္ဂိတ္က မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥအၿပီးသတ္သြားၿပီျဖစ္လို႔ အာ႐ုံမ်ားစရာမလိုေတာ့တဲ့ တိုက္စစ္ကစားသမားဆန္ခ်ိဳကို ပြဲထြက္အသုံးျပဳခဲ့ၿပီး Quarantine ဝင္ခဲ့ရတဲ့ ကြင္းလယ္လူ ေမဆင္ေမာင့္လည္း ျပန္ပါလာလို႔ အဂၤလန္ကြင္းလယ္တိုက္စစ္က ထက္ျမက္ခဲ့တယ္။
ဆန္ခ်ိဳဟာ တိုက္စစ္ညာျခမ္းမွာ ပုံစံေကာင္းျပသႏိုင္ခဲ့လို႔ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ အားရေက်နပ္ေနေလာက္ပါၿပီ။ ကြင္းလယ္မွာ ကယ္လ္ဗင္ဖိလစ္က အရင္လို Box To Box ကစားတာကထက္ ဒီကလန္႐ိုက္စ္နဲ႔တြဲၿပီး Holding Midfielder အျဖစ္ ကစားၿပီးေတာ့ တိုက္စစ္အတြက္ စတာလင္၊ ဆန္ခ်ိဳ၊ ေမဆင္ေမာင့္တို႔က အဓိကပုံေဖာ္ခဲ့တယ္။
စတာလင္နဲ႔ဆန္ခ်ိဳတို႔ႏွစ္ေယာက္စလုံးကို ယူကရိန္းခံစစ္က ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရၿပီး ေနာက္ခံလူလုခ္ေရွာကလည္း တိုက္စစ္ကို ထိထိေရာက္ေရာက္ပံ့ပိုးႏိုင္ခဲ့သလို ဂိုးဖန္တီးမႈႏွစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တယ္။
ပြဲစလို႔ (၃)မိနစ္၊ (၃၂)စကၠန႔္ေလာက္အၾကာမွာပဲ စတာလင္ရဲ႕ ဖန္တီးမႈကေန ဟယ္ရီကိန္းက ပိတ္သြင္းယူခဲ့လို႔ အဂၤလန္အသင္း ဖိအားေလ်ာ့သြားၿပီး ဒီဂိုးဟာ ယူ႐ို-၂၀၀၄ တုန္းက ေပၚတူဂီနဲ႔ပြဲမွာ ပြဲအစ(၂)မိနစ္၊ (၂၅)စကၠန႔္နဲ႔ သြင္းယူခဲ့တဲ့ အိုဝင္ရဲ႕ဂိုးၿပီးရင္ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အဂၤလန္အသင္းရဲ႕ဒုတိယေျမာက္အျမန္ဆုံးဂိုးလည္းျဖစ္ခဲ့ပါတယ္။
ဘာမွေတာင္မလုပ္ရေသးဘဲ ဂိုးေပးလိုက္ရလို႔ ယူကရိန္းအသင္း ကစားကြက္ျပန္တည္ဖို႔ႀကိဳးစားခဲ့ၿပီး တိုက္စစ္နဲ႔ကြင္းလယ္ခ်ိတ္ဆက္မႈေတြေကာင္းသလို အခြင့္အေရးတခ်ိဳ႕လည္း ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။
ဒုတိယပိုင္းျပန္စစခ်င္းမွာပဲ ဖရီးကစ္ကေန လုခ္ေရွာ တင္ေပးလိုက္တာကို မက္ဂြိဳင္းယားက ေခါင္းတိုက္သြင္းၿပီး ဒုတိယဂိုး၊ (၄)မိနစ္အၾကာမွာပဲ လုခ္ေရွာရဲ႕ေပးပို႔မႈကပဲ ဟယ္ရီကိန္းက တတိယေျမာက္ဂိုးေတြ ဆက္တိုက္သြင္းယူခဲ့တာေၾကာင့္ ယူကရိန္းလည္း စိတ္ဓာတ္ေရာ၊ ကစားအားပါ က်သြားပါေတာ့တယ္။
ဟယ္ရီကိန္းဟာ အခုဆိုရင္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ (၃)ဂိုးသြင္းယူထားၿပီျဖစ္လို႔ သြင္းဂိုးအမ်ားဆုံးဆုအတြက္ေျပးလမ္းထဲမွာ ပါဝင္လာၿပီး ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္း သြင္းဂိုးအေရအတြက္က (၉)ဂိုးအထိရွိလာတာေၾကာင့္ အဂၤလန္ကစားသမားေတြထဲမွာ လိုင္နီကာ(၁၀ဂိုး)ၿပီးရင္ အမ်ားဆုံးအျဖစ္ရပ္တည္ေနပါၿပီ။ အဲဒီေနာက္မွာေတာ့ ေဆာက္ဂိတ္က ကစားသမားအေျပာင္းအလဲေတြအမ်ားႀကီးျပဳလုပ္ခဲ့ၿပီး အဂၤလန္အသင္းရဲ႕စတုတၳေျမာက္ဂိုးကေတာ့ ေထာင့္ကန္ေဘာကေန ေမဆင္ေမာင့္တင္ေပးလိုက္တာကို ဟန္ဒါဆင္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။
ဟန္ဒါဆင္ဟာ အဂၤလန္ကစားသမားဘ၀ (၆၂)ပြဲေျမာက္၊ ဂိုးေပါက္ကန္သြင္းခ်က္ (၄၃)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီးမွ လက္ေ႐ြးစင္အသင္းအတြက္ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တာပါ။ အံ့အားသင့္စရာေကာင္းတာက အဂၤလန္အသင္းသြင္းယူခဲ့တဲ့ (၄)ဂိုးမွာ (၃)ဂိုးက ေခါင္းတိုက္ဂိုးေတြျဖစ္ေနတာပါပဲ။ အခုပြဲကို အႏိုင္ရခဲ့တဲ့ အဂၤလန္အသင္းဟာ လာမယ့္ဗုဒၶဟူးေနက်ရင္ ဒိန္းမတ္အသင္းနဲ႔ ဆီမီးဖိုင္နယ္ပြဲအျဖစ္ ဝင္ဘေလကြင္းမွာယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အသင္းရဲ႕ေျခစြမ္းပိုင္း၊ ကစားသမားေတြရဲ႕ စုစည္းမႈက တစ္ပြဲထက္တစ္ပြဲတိုးတက္လာတာေၾကာင့္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္က ပိုအားေကာင္းလာၿပီျဖစ္ပါတယ္။