ယုံကြည်မှုတွေပေးခဲ့တဲ့ သူ့အမေကို တောင်ဆန် ကျေးဇူးတင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်က ဘန်လေကို ၃း၁ဂိုးနဲ့နိုင်တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အဲဗာတန်တောင်ပံကစားသမာ းတောင်ဆန်က ယုံကြည်မှုတွေပေးခဲ့တဲ့ သူ့မေမေကို ဂုဏ်ပြုကြောင်း ပွဲအပြီးမှာ ပြောပါတယ်။

တနင်္လာနေ့က ကစားတဲ့အဲဒီပရီမီယာလိဂ်ပွဲမှာ အသက် ၃၀ရှိပြီဖြစ်တဲ့ တောင်ဆန်ဟာ အဲဗာတန်တိုက်စစ်မှာ အံ့ဩစရာကောင်းအောင်ခြေစွမ်းပြသွားတာပါ။

သူက အဲဗာတန်အတွက် ပထမဂိုးကို မိုက်ကယ်ကိန်းသွင်းနိုင်အောင်ဖန်တီးပေးခဲ့တဲ့အပြင် ဒုတိယဂိုးကိုလည်း သူကိုယ်တိုင်သွင်းနိုင်ခဲ့ပါတယ်။

တောင်ဆန်ဟာ ဒီနွေရာသီကမှ အဲဗာတန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်လာတာပါ။

အသင်းသစ်မှာ ဒီလိုခြေစွမ်းပြနိုင်အောင် သူ့ကိုယုံကြည်မှုတွေပေးခဲ့တာက သူ့မိခင် ကာထရီနာပါ။

မိခင်ဖြစ်သူက တောင်ဆန်သွင်းခဲ့တဲ့အကောင်းဆုံးဂိုးတွေကို ဗီဒီယိုအနေနဲ့စုစည်းပြီး သူ့ဆီပို့ပေးခဲ့ပါတယ်။

ဒါကြောင့်တောင်ဆန်က ယုံကြည်မှုတွေပေးတဲ့ မေမေလို့ ခေါ်ဆိုခဲ့တာပါ။

“ ကျွန်တော်က ယုံကြည်မှုပြန်ရဖို့လိုနေတာလို့ အမေကပြောပါတယ်။

ဒီနှစ်ထဲမှာလည်းကျွန်တော်က အတော်ရုန်းကန်နေရပါတယ်။

ကွင်းထဲဝင်မကစားရဘဲ အဝတ်လဲခန်းထဲမှာပဲကျန်နေရတယ်။

ဒါကြောင့်အမေက ကျွန်တော်ဂိုးသွင်းတဲ့ဗီဒီယိုပို့ပြီး အားပေးခဲ့ပါတယ်။

ကျွန်တော်ဂိုးသွင်းလိုက်တဲ့အချိန်မှာ အမေ့ကို အော်ပြီး ဂုဏ်ပြုချင်တာမှ တအားပဲ” လို့ တောင်ဆန်က ပွဲအပြီးမှာ ပြောကြားပါတယ်။

ဒီနိုင်ပွဲကြောင့် အဲဗာတန်အသင်းဟာ ၄ပွဲကစားအပြီးမှာ ၃ပွဲနိုင် ၁ပွဲသရေ ၁၀မှတ်နဲ့ မန်ယူ၊ချယ်ဆီး၊လီဗာပူတို့နဲ့အတူ ထိပ်ဆုံး ၄သင်းထဲမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယုံၾကည္မႈေတြေပးခဲ့တဲ့ သူ႔အေမကို ေတာင္ဆန္ ေက်းဇူးတင္ေန

အဲဗာတန္က ဘန္ေလကို ၃း၁ဂိုးနဲ႔ႏိုင္တဲ့ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ အဲဗာတန္ေတာင္ပံကစားသမားေတာင္ဆန္က ယုံၾကည္မႈေတြေပးခဲ့တဲ့ သူ႔ေမေမကို ဂုဏ္ျပဳေၾကာင္း ပြဲအၿပီးမွာ ေျပာပါတယ္။ တနလၤာေန႔က ကစားတဲ့အဲဒီပရီမီယာလိဂ္ပြဲမွာ အသက္ ၃၀ရွိၿပီျဖစ္တဲ့ ေတာင္ဆန္ဟာ အဲဗာတန္တိုက္စစ္မွာ အံ့ဩစရာေကာင္းေအာင္ေျခစြမ္းျပသြားတာပါ။သူက အဲဗာတန္အတြက္ ပထမဂိုးကို မိုက္ကယ္ကိန္းသြင္းႏိုင္ေအာင္ဖန္တီးေပးခဲ့တဲ့အျပင္ ဒုတိယဂိုးကိုလည္း သူကိုယ္တိုင္သြင္းႏိုင္ခဲ့ပါတယ္။

ေတာင္ဆန္ဟာ ဒီေႏြရာသီကမွ အဲဗာတန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္လာတာပါ။ အသင္းသစ္မွာ ဒီလိုေျခစြမ္းျပႏိုင္ေအာင္ သူ႔ကိုယုံၾကည္မႈေတြေပးခဲ့တာက သူ႔မိခင္ ကာထရီနာပါ။ မိခင္ျဖစ္သူက ေတာင္ဆန္သြင္းခဲ့တဲ့အေကာင္းဆုံးဂိုးေတြကို ဗီဒီယိုအေနနဲ႔စုစည္းၿပီး သူ႔ဆီပို႔ေပးခဲ့ပါတယ္။ ဒါေၾကာင့္ေတာင္ဆန္က ယုံၾကည္မႈေတြေပးတဲ့ ေမေမလို႔ ေခၚဆိုခဲ့တာပါ။

“ ကြၽန္ေတာ္က ယုံၾကည္မႈျပန္ရဖို႔လိုေနတာလို႔ အေမကေျပာပါတယ္။ ဒီႏွစ္ထဲမွာလည္းကြၽန္ေတာ္က အေတာ္႐ုန္းကန္ေနရပါတယ္။ ကြင္းထဲဝင္မကစားရဘဲ အဝတ္လဲခန္းထဲမွာပဲက်န္ေနရတယ္။ ဒါေၾကာင့္အေမက ကြၽန္ေတာ္ဂိုးသြင္းတဲ့ဗီဒီယိုပို႔ၿပီး အားေပးခဲ့ပါတယ္။ ကြၽန္ေတာ္ဂိုးသြင္းလိုက္တဲ့အခ်ိန္မွာ အေမ့ကို ေအာ္ၿပီး ဂုဏ္ျပဳခ်င္တာမွ တအားပဲ” လို႔ ေတာင္ဆန္က ပြဲအၿပီးမွာ ေျပာၾကားပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အဲဗာတန္အသင္းဟာ ၄ပြဲကစားအၿပီးမွာ ၃ပြဲႏိုင္ ၁ပြဲသေရ ၁၀မွတ္နဲ႔ မန္ယူ၊ခ်ယ္ဆီး၊လီဗာပူတို႔နဲ႔အတူ ထိပ္ဆုံး ၄သင္းထဲမွာ ရပ္တည္ေနပါတယ္။