ယိုယွင်းနေတဲ့ ခံစစ်ပိုင်းကို ပြုပြင်ဖို့ ဆိုးရှား စီစဥ်လျက်ရှိ

နည်းပြ အိုလေ ဂန်နား ဆိုးရှားက အသင်းရဲ့ ခံစစ်ပိုင်း အားနည်းမှုကို ပြုပြင်လိုတာကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ ဗဟိုခံစစ်ကစားသမားတစ်ဦးကို ဦးစားပေးခေါ်ယူသွားဖို့ရှိကြောင်း ESPN သတင်းဌာနအရသိရပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး အသင်းအဖြစ် ( ၄၉ ) ဂိုးရရှိထားပေမယ့် ခံစစ်ပိုင်းကတော့ ( ၂၃ ) ပွဲမှာ ဂိုး ( ၃၀ ) ထိ ခွင့်ပြုထားရပါတယ်။ အမှတ်ပေးဇယားထိပ် နှင့် အလယ်မှ အသင်းတွေအနက် လိဒ်အသင်းတစ်သင်းတည်းသာ ယူနိုက်တက်ထက် ပေးဂိုးပိုများနေပြီး ( ၃၈ )ဂိုး ခွင့်ပြုထားရပါတယ်။

ဆိုးရှားက ( ၂၀၁၉ ) ခုနှစ်အတွင်း လက်စတာကနေ ပေါင်သန်း ( ၈၀ )ဖြင့် ခေါ်ယူခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယားနဲ့ တွဲဖက် ကစားနိုင်မယ့် ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့့ ဆန္ဒရှိနေပြီး ဆီဗီလာမှ ဂျူးစ် ခွန်ဒီ ၊ အက်စတွန် ဗီလာမှ တိုင်ရွန်မင်း ၊ ရီးရဲမက်ဒရစ်မှ ရာဖေးဗာရန်း နှင့် ဘရာဂါမှ ဒေးဗစ်ကာမိုတို့ကို ပစ်မှတ်ထားလျက်ရှီပါတယ်။

RB လိုက်ဇစ် နောက်ခံလူ ဒေးယော့ အိုပါမခါးနိုးကိုပါ ပစ်မှတ်ထားခဲ့ပေမယ့် ဂျာမန်အသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က ကစားသမားကို ခေါ်ယူဖို့ ပိုမိုနီးစပ်နေပါတယ်။

ဆိုးရှားအနေနဲ့ ဗစ်တာ လင်ဒီလော့ကို အသင်းမှာ ဆက်လက် ထိန်းထားလိုပြီး အဲရစ် ဘိုင်လီရဲ့ ကစားပုံကို နှစ်သက်ပေမယ့် မကြာခဏ ဒဏ်ရာရရှိမှုအပေါ် စိုးရိမ်လျက်ရှိပါတယ်။ ဘိုင်လီက မက်ဂွဲယားနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့ေပမယ့် ဖူလ်ဟမ်အသင်းကို ( ၂ -၁ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်ပြီးကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေရပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကစားသမားဘဝ ( ၄ ) ရာသီအတွင်းမှာလည်း ပွဲပေါင်း ( ၂၀ ) ကျော်သာ ကစားခွင့်ရရှိထားပါတယ်။

Zawgyi

ယိုယြင္းေနတဲ့ ခံစစ္ပိုင္းကို ျပဳျပင္ဖို႔ ဆိုးရွား စီစဥ္လ်က္ရွိ

နည္းျပ အိုေလ ဂန္နား ဆိုးရွားက အသင္းရဲ႕ ခံစစ္ပိုင္း အားနည္းမႈကို ျပဳျပင္လိုတာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ြ႕မွာ ဗဟိုခံစစ္ကစားသမားတစ္ဦးကို ဦးစားေပးေခၚယူသြားဖို႔ရွိေၾကာင္း ESPN သတင္းဌာနအရသိရပါတယ္။ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ရဲ႕ သြင္းဂိုးအမ်ားဆုံး အသင္းအျဖစ္ ( ၄၉ ) ဂိုးရရွိထားေပမယ့္ ခံစစ္ပိုင္းကေတာ့ ( ၂၃ ) ပြဲမွာ ဂိုး ( ၃၀ ) ထိ ခြင့္ျပဳထားရပါတယ္။ အမွတ္ေပးဇယားထိပ္ ႏွင့္ အလယ္မွ အသင္းေတြအနက္ လိဒ္အသင္းတစ္သင္းတည္းသာ ယူႏိုက္တက္ထက္ ေပးဂိုးပိုမ်ားေနၿပီး ( ၃၈ )ဂိုး ခြင့္ျပဳထားရပါတယ္။

ဆိုးရွားက ( ၂၀၁၉ ) ခုႏွစ္အတြင္း လက္စတာကေန ေပါင္သန္း ( ၈၀ )ျဖင့္ ေခၚယူခဲ့တဲ့ အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြဲယားနဲ႔ တြဲဖက္ ကစားႏိုင္မယ့္ ဗဟိုခံစစ္မႉးတစ္ဦးကို ေခၚယူဖို႔့ ဆႏၵရွိေနၿပီး ဆီဗီလာမွ ဂ်ဴးစ္ ခြန္ဒီ ၊ အက္စတြန္ ဗီလာမွ တိုင္႐ြန္မင္း ၊ ရီးရဲမက္ဒရစ္မွ ရာေဖးဗာရန္း ႏွင့္ ဘရာဂါမွ ေဒးဗစ္ကာမိုတို႔ကို ပစ္မွတ္ထားလ်က္ရွီပါတယ္။ RB လိုက္ဇစ္ ေနာက္ခံလူ ေဒးေယာ့ အိုပါမခါးႏိုးကိုပါ ပစ္မွတ္ထားခဲ့ေပမယ့္ ဂ်ာမန္အသင္းႀကီးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္က ကစားသမားကို ေခၚယူဖို႔ ပိုမိုနီးစပ္ေနပါတယ္။

ဆိုးရွားအေနနဲ႔ ဗစ္တာ လင္ဒီေလာ့ကို အသင္းမွာ ဆက္လက္ ထိန္းထားလိုၿပီး အဲရစ္ ဘိုင္လီရဲ႕ ကစားပုံကို ႏွစ္သက္ေပမယ့္ မၾကာခဏ ဒဏ္ရာရရွိမႈအေပၚ စိုးရိမ္လ်က္ရွိပါတယ္။ ဘိုင္လီက မက္ဂြဲယားနဲ႔အတူ ေျခစြမ္းျပ ကစားႏိုင္ခဲ့ေပမယ့္ ဖူလ္ဟမ္အသင္းကို ( ၂ -၁ ) အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္ၿပီးကတည္းက ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ ကစားသမားဘဝ ( ၄ ) ရာသီအတြင္းမွာလည္း ပြဲေပါင္း ( ၂၀ ) ေက်ာ္သာ ကစားခြင့္ရရွိထားပါတယ္။