ယာယီနည်းပြ ရာထူးအတွက် ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီကို မန်ယူ ဆက်သွယ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူကို လက်ရှိရာသီကုန်အထိ တာဝန်ယူပေးဖို့ ဘာစီလိုနာနည်းပြဟောင်း အန်းနက်စတို ဗယ်လ်ဗာဒီကို မန်ယူက ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ဘီဘီစီသတင်းက ဖော်ပြလိုက်ပါတယ်။

မန်ယူဟာ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် မိုက်ကယ်ကာရစ်ကို ယာယီနည်းပြတာဝန်ပေးထားပါတယ်။

မိုက်ကယ်ကာရစ်ရဲ့ ပွဲဦးထွက်မှာ ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ ၀-၂ နဲ့ အနိုင်ယူပြီး မန်ယူက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တက်သွားနိုင်ခဲ့ပေမယ့် ယာယီနည်းပြကိုတော့ အတွေ့အကြုံရှိတဲ့ နည်းပြမျိူးကို အလိုရှိနေတာ ဖြစ်ပါတယ်။

စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူနိုင်ဖို့ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်က ဦးဆောင်ကြိုးစားနေပေမယ့်

ချက်ခြင်းဆိုသလို မန်ယူကို ပြောင်းရွေ့တာဝန်ယူဖို့ မဖြစ်နိုင်တာကြောင့် ရာသီကုန်အထိ တာဝန်ယူမယ့် အတွေ့အကြုံရှိနည်းပြကို မန်ယူက ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

အသက် ၅၇ နှစ်ရှိနေပြီဖြစ်တဲ့ ဗယ်လ်ဗာဒီဟာ မန်ယူလိုချင်တဲ့ အတွေ့အကြုံရင့်နည်းပြမျိုးဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီက ဘာစီလိုနာရဲ့ ထုတ်ပယ်မှုခံရပြီးနောက်ပိုင်း ဘယ်အသင်းကိုမှ မကိုင်သေးပါဘူး။

ဗယ်လ်ဗာဒီဟာ ဘာစီလိုနာကို ၂ ရာသီဆက် လာလီဂါချန်ပီယံဖလားယူပေးနိုင်ခဲ့သလို ၂၀၁၈ စပိန်ဘုရင့်ဖလားကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ဂရိကလပ် အိုလံပီယာကို့စ်ကို အမှတ်ပေးချန်ပီယံဖလား ၃ ကြိမ်ယူပေးနိုင်ခဲ့သလို အက်စ်ပန်ညို၊ ဗလန်စီယာနဲ့ ဘီလ်ဘာအိုတို့ကိုလည်း နည်းပြခဲ့ဖူးသူပါ။

ဘီလ်ဘာအိုဟာ ဗယ်လ်ဗာဒီ ကာလရှည်တာဝန်ယူခဲ့တဲ့အသင်းဖြစ်ပြီး ပွဲပေါင်း ၃၀၀ ကျော် တာဝန်ယူခဲ့ပါတယ်။

အင်္ဂလိပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးခြင်း မရှိပေမယ့် ဗယ်လ်ဗာဒီဟာ အင်္ဂလိပ်ဘာသာစကားကို ကောင်းစွာပြောနိုင်တဲ့ နည်းပြတစ်ဦးလည်းဖြစ်လို့ မန်ယူရဲ့ယာယီနည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယာယီနည္းျပ ရာထူးအတြက္ ဘာစီလိုနာနည္းျပေဟာင္း ဗယ္လ္ဗာဒီကို မန္ယူ ဆက္သြယ္ေန

မန္ယူကို လက္ရွိရာသီကုန္အထိ တာဝန္ယူေပးဖို႔ ဘာစီလိုနာနည္းျပေဟာင္း အန္းနက္စတို ဗယ္လ္ဗာဒီကို မန္ယူက ဆက္သြယ္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဘီဘီစီသတင္းက ေဖာ္ျပလိုက္ပါတယ္။

မန္ယူဟာ ဆိုးလ္ရွားကို ထုတ္ပယ္လိုက္ၿပီးေနာက္ မိုက္ကယ္ကာရစ္ကို ယာယီနည္းျပတာဝန္ေပးထားပါတယ္။

မိုက္ကယ္ကာရစ္ရဲ႕ ပြဲဦးထြက္မွာ ဗီလာရီးရဲလ္ကို အေဝးကြင္းမွာ ၀-၂ နဲ႔ အႏိုင္ယူၿပီး မန္ယူက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္တက္သြားႏိုင္ခဲ့ေပမယ့္ ယာယီနည္းျပကိုေတာ့ အေတြ႕အႀကဳံရွိတဲ့ နည္းျပမ်ိဴးကို အလိုရွိေနတာ ျဖစ္ပါတယ္။

စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို ေခၚယူႏိုင္ဖို႔ မန္ယူနည္းျပေဟာင္း ဆာအဲလက္စ္က ဦးေဆာင္ႀကိဳးစားေနေပမယ့္ ခ်က္ျခင္းဆိုသလို မန္ယူကို ေျပာင္းေ႐ြ႕တာဝန္ယူဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ရာသီကုန္အထိ တာဝန္ယူမယ့္ အေတြ႕အႀကဳံရွိနည္းျပကို မန္ယူက ရွာေဖြေနတာလည္း ျဖစ္ပါတယ္။

အသက္ ၅၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဗယ္လ္ဗာဒီဟာ မန္ယူလိုခ်င္တဲ့ အေတြ႕အႀကဳံရင့္နည္းျပမ်ိဳးျဖစ္ၿပီး ၂၀၂၀ ဇန္နဝါရီက ဘာစီလိုနာရဲ႕ ထုတ္ပယ္မႈခံရၿပီးေနာက္ပိုင္း ဘယ္အသင္းကိုမွ မကိုင္ေသးပါဘူး။

ဗယ္လ္ဗာဒီဟာ ဘာစီလိုနာကို ၂ ရာသီဆက္ လာလီဂါခ်န္ပီယံဖလားယူေပးႏိုင္ခဲ့သလို ၂၀၁၈ စပိန္ဘုရင့္ဖလားကိုလည္း ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။

ဂရိကလပ္ အိုလံပီယာကို႔စ္ကို အမွတ္ေပးခ်န္ပီယံဖလား ၃ ႀကိမ္ယူေပးႏိုင္ခဲ့သလို အက္စ္ပန္ညိဳ၊ ဗလန္စီယာနဲ႔ ဘီလ္ဘာအိုတို႔ကိုလည္း နည္းျပခဲ့ဖူးသူပါ။ ဘီလ္ဘာအိုဟာ ဗယ္လ္ဗာဒီ ကာလရွည္တာဝန္ယူခဲ့တဲ့အသင္းျဖစ္ၿပီး ပြဲေပါင္း ၃၀၀ ေက်ာ္ တာဝန္ယူခဲ့ပါတယ္။

အဂၤလိပ္အသင္းေတြကို ကိုင္တြယ္ခဲ့ဖူးျခင္း မရွိေပမယ့္ ဗယ္လ္ဗာဒီဟာ အဂၤလိပ္ဘာသာစကားကို ေကာင္းစြာေျပာႏိုင္တဲ့ နည္းျပတစ္ဦးလည္းျဖစ္လို႔ မန္ယူရဲ႕ယာယီနည္းျပသစ္ ျဖစ္လာႏိုင္တယ္လို႔ သုံးသပ္မႈေတြ ရွိေနၾကပါတယ္။