
Photo Credit
Photo Credit
လီဗာပူးအသင္းေနာက္ခံလူ ဗန္ဒုိက္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ မန္စီးတီးေတာင္ပံကစားသမား ဆာေနးနဲ႔ ရီးရဲလ္တိုက္စစ္မွဴး ဂါရတ္ေဘးလ္တို႔လုိ ျမန္ႏႈန္းျမင့္ကစားသမားေတြကို ေက်ာ္ျဖတ္ကာ အေျပးအျမန္ဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။
Photo Credit ; AP
အသက္ ၂၈ႏွစ္အရြယ္ရွိ နယ္သာလန္လက္ေရြးစင္ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ရာသီက အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး လီဗာပူးလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၆ႀကိမ္ေျမာက္ဗိုလ္စြဲႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း ခ်န္ပီယံျဖစ္သြားတဲ့ စီးတီးကို အေကာင္းဆုံးဖိအားေပးႏိုင္ခဲ့ပါတယ္။
Photo Credit ; Getty Images
မၾကာေသးမီကမွ ယူအီးအက္္ဖ္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရရွိခဲ့တဲ့ ဗန္ဒုိက္ဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပ-အေက်ာ့ပြဲစဥ္အျဖစ္ ႏူးကမ့္မွာ အိမ္ရွင္ဘာစီလုိနာအသင္းကို အေရးနိမ့္ခဲ့တုန္းက ဘာစီလုိနာအသင္းရဲ႕တန္ျပန္တုိက္စစ္ကို တားဆီးဖို႔ ႀကိဳးစားစဥ္ ပ်မ္းမွ်တစ္နာရီ ၃၄.၅ ကီလုိမီတာႏႈန္းအထိ ေျပးခဲ့တာျဖစ္ပါတယ္။
Photo Credit ; Getty Images
သူ႕ေနာက္မွာ စီးတီးေတာင္ပံကစားသမား ဆာေနးက ေဟာ့ဖန္ဟိမ္းနဲ႔ပြဲမွာ ပ်မ္းမွ်တစ္နာရီ ၃၄.၄ ကီလုိမီတာႏႈန္းေျပးကာ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး စီးတီးညာေနာက္ခံလူ ကိုင္လီေ၀ၚလ္ကာက ေတာ့တင္ဟမ္နဲ႔ ကြာတားဖိုင္နယ္ ပ-အေက်ာ့ပြဲမွာ ၃၄.၂ ကီလုိမီတာႏႈန္း ေျပးလႊားခဲ့ပါတယ္။
Photo Credit
ရီးရဲလ္ၾကယ္ပြင့္ ေဘးလ္က ႐ိုးမားနဲ႔ပဲြမွာ ပ်မ္းမွ်တစ္နာရီ ၃၃.၈ ကီလုိမီတာႏႈန္း ေျပးခဲ့ၿပီး ေရွာ္လ္ေကးတုိက္စစ္မွဴးေဟာင္း အမ္ဘုိလုိ၊ ဘင္ဖီကာရဲ႕ရာဖာေဆးလ္ဗားနဲ႔ ဆာေနးတို႔က ဂါလာတာစာေရး(အေ၀းကြင္း)၊ ဘုိင္ယန္ျမဴးနစ္(အေ၀းကြင္း)၊ လီယြန္ (အေ၀းကြင္း)တို႔နဲ႔ပြဲေတြမွာ ပ်မ္းမွ်တစ္နာရီ ၃၃.၅ ကီလုိမီတာႏႈန္းေျပးခဲ့ပါတယ္။
Photo Credit
ယူအီးအက္ဖ္ေအ နည္းစနစ္အဖြဲ႕ရဲ႕ထုတ္ျပန္ေၾကညာခ်က္အရ ေအဂ်က္စ္တုိက္စစ္မွဴး တာဒစ္က တစ္ပြဲပ်မ္းမွ်ေျပးလႊားမႈအႀကိမ္အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ တာဒစ္ဟာ တစ္ပြဲပ်မ္းမွ် ၆၂.၂၅ ႀကိမ္ ေျပးလႊားခဲ့ၿပီး ဒုတိယေနရာမွာ နာပိုလီတုိက္စစ္မွဴး ကယ္လီဂၽြန္က ၅၅.၈၃ႀကိမ္နဲ႔ ရပ္တည္ေနပါတယ္။
Photo Credit
အင္တာမီလန္ကြင္းလယ္လူ ဘ႐ိုဇိုဗစ္က တစ္ပြဲအတြင္း အေ၀းဆုံးေျပးလႊားတဲ့ကစားသမားအျဖစ္ ရပ္တည္ေနၿပီး ပ်မ္းမွ်တစ္မိနစ္ ၁၃၇.၃ မီတာႏႈန္းေျပးလႊားခ့ဲကာ သူ႕ေနာက္မွာ အသင္းေဖာ္ ဗီဆီႏိုက ၁၃၇ မီတာနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
Photo Credit
ယခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုပြဲေတြ မဲခြဲခဲ့ၿပီးျဖစ္ရာ လက္ရွိခ်န္ပီယံ လီဗာပူးအသင္းက နာပိုလီ၊ ဆဲလ္ဘတ္၊ ဂ်န္႔အသင္းတုိ႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး နည္းျပကေလာ့ပ္က အုပ္စုတြင္းမွာ နာပိုလီရဲ႕ၿခိမ္းေျခာက္လာႏိုင္မႈကို သတိထားရမယ္လုိ႔ ဆိုပါတယ္။
Photo Credit ; Getty Images
Unicode
ယမန်နှစ်ချန်ပီယံလိဂ်အပြေးအမြန်ဆုံးကစားသမားက အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ဗန်ဒိုက်ပါ…
လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးတောင်ပံကစားသမား ဆာနေးနဲ့ ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်တို့လို မြန်နှုန်းမြင့်ကစားသမားတွေကို ကျော်ဖြတ်ကာ အပြေးအမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြနိုင်ခဲ့ပြီး လီဗာပူးလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်သွားတဲ့ စီးတီးကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။
မကြာသေးမီကမှ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဗန်ဒိုက်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပ-အကျော့ပွဲစဉ်အဖြစ် နူးကမ့်မှာ အိမ်ရှင်ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တုန်းက ဘာစီလိုနာအသင်းရဲ့တန်ပြန်တိုက်စစ်ကို တားဆီးဖို့ ကြိုးစားစဉ် ပျမ်းမျှတစ်နာရီ ၃၄.၅ ကီလိုမီတာနှုန်းအထိ ပြေးခဲ့တာဖြစ်ပါတယ်။
သူ့နောက်မှာ စီးတီးတောင်ပံကစားသမား ဆာနေးက ဟော့ဖန်ဟိမ်းနဲ့ပွဲမှာ ပျမ်းမျှတစ်နာရီ ၃၄.၄ ကီလိုမီတာနှုန်းပြေးကာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး စီးတီးညာနောက်ခံလူ ကိုင်လီဝေါ်လ်ကာက တော့တင်ဟမ်နဲ့ ကွာတားဖိုင်နယ် ပ-အကျော့ပွဲမှာ ၃၄.၂ ကီလိုမီတာနှုန်း ပြေးလွှားခဲ့ပါတယ်။
ရီးရဲလ်ကြယ်ပွင့် ဘေးလ်က ရိုးမားနဲ့ပွဲမှာ ပျမ်းမျှတစ်နာရီ ၃၃.၈ ကီလိုမီတာနှုန်း ပြေးခဲ့ပြီး ရှော်လ်ကေးတိုက်စစ်မှူးဟောင်း အမ်ဘိုလို၊ ဘင်ဖီကာရဲ့ရာဖာဆေးလ်ဗားနဲ့ ဆာနေးတို့က ဂါလာတာစာရေး(အဝေးကွင်း)၊ ဘိုင်ယန်မြူးနစ်(အဝေးကွင်း)၊ လီယွန် (အဝေးကွင်း)တို့နဲ့ပွဲတွေမှာ ပျမ်းမျှတစ်နာရီ ၃၃.၅ ကီလိုမီတာနှုန်းပြေးခဲ့ပါတယ်။
ယူအီးအက်ဖ်အေ နည်းစနစ်အဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်အရ အေဂျက်စ်တိုက်စစ်မှူး တာဒစ်က တစ်ပွဲပျမ်းမျှပြေးလွှားမှုအကြိမ်အများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ တာဒစ်ဟာ တစ်ပွဲပျမ်းမျှ ၆၂.၂၅ ကြိမ် ပြေးလွှားခဲ့ပြီး ဒုတိယနေရာမှာ နာပိုလီတိုက်စစ်မှူး ကယ်လီဂျွန်က ၅၅.၈၃ကြိမ်နဲ့ ရပ်တည်နေပါတယ်။
အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်က တစ်ပွဲအတွင်း အဝေးဆုံးပြေးလွှားတဲ့ကစားသမားအဖြစ် ရပ်တည်နေပြီး ပျမ်းမျှတစ်မိနစ် ၁၃၇.၃ မီတာနှုန်းပြေးလွှားခဲ့ကာ သူ့နောက်မှာ အသင်းဖော် ဗီဆီနိုက ၁၃၇ မီတာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ယခုနှစ်ချန်ပီယံလိဂ်အုပ်စုပွဲတွေ မဲခွဲခဲ့ပြီးဖြစ်ရာ လက်ရှိချန်ပီယံ လီဗာပူးအသင်းက နာပိုလီ၊ ဆဲလ်ဘတ်၊ ဂျန့်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး နည်းပြကလော့ပ်က အုပ်စုတွင်းမှာ နာပိုလီရဲ့ခြိမ်းခြောက်လာနိုင်မှုကို သတိထားရမယ်လို့ ဆိုပါတယ်။