
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ ချန်ပီယံလိဂ်ခရီးကတော့ အဆိုးရွားဆုံးအခြေအနေနဲ့ စတင်ခဲ့ပါတယ်။
ယန်းဘွိုင်းစ်ကို ( ၂-၁ ) ရှုံးနိမ့်မှုက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ကြိုးစားမှုတွေ လိုအပ်နေသေးကြောင်း ဖော်ပြနေပါတယ်။
အာရွန် ဝမ် ဘစ်ဆာကာ နှင့် ဂျေစီ လင်ဂတ်တို့ရဲ့ အံ့အားသင့်ဖွယ် တစ်ဦးချင်းမှားယွင်းမှုတွေ မြင်တွေ့ခဲ့ရပေမယ့် နည်းပြ အိုလေ ဂန်းနား ဆိုးရှားမှာလည်း လိုအပ်ချက်တွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် အဆိုပါ ပွဲစဉ်မှာ အိုလေ ဂန်းနား ဆိုးရှား မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက် ( ၅ ) ခုကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) ဗာရန်းကို အရံမှာထားခြင်း
ဗာရန်းက ချန်ပီယံလိဂ် ( ၄ ) ကြိမ် ယူထားတဲ့သူပါ။
ယခုလို အုပ်စုအဖွင့်ပွဲမှာ သူ့ကို အရံခုံမှာ ပို့ထားစရာ ဘာအကြောင်းပြချက်မှ မရှိပါဘူး။
တစ်ယောကလျော့သွားချိန်မှာ ဆိုးရှားက ပြာယာခတ်ပြီး လူစားလဲပါတယ်။
တကယ်လို့ ဗာရန်း နှင့် မက်ဂွဲယားသာ အစကတည်းက ရှိနေမယ်ဆိုရင် ဗစ်တာလင်ဒီလော့ကို လူစားလဲပြီး ခံစစ် ( ၅ ) ယောက်တန်းနဲ့ ကစာဖို့ မရှိနိုင်ပါဘူး။
တကယ်လို့ လင်ဒီလော့ကို ပွဲကစားခွင့်ပေးချင်တယ်ဆိုရင်တောင် ဒီပွဲကို နယူးကာဆယ်ထက်ပိုပြီး အဓိက ဦးစားပေးအနေနဲ့ သတ်မှတ်ထားခဲ့သင့်ပါတယ်။
(၂ ) ခံစစ် ( ၅ )ယောက်သို့ ပြောင်းလဲခြင်း
ယူနိုက်တက်က လိုက်ဇစ်ကို ( ၃-၂ ) ရှုံးနိမ့်ပြီး ကတည်းက ခံစစ် ( ၅ ) ယောက်တန်းကို အသုံးမပြုတော့ပါဘူး။
ယခုလို ပွဲစဉ်တစ်ခုအတွင်းမှာ ပြောင်းလဲအသုံးပြုတာက အကောင်းဆုံးအခြေအနေမဟုတ်ပါဘူး။
ဒါက အသင်းကို unbalanced ဖြစ်စေပြီး ခံစစ်ကစားသမားတွေပဲ များနေပြီး ကွင်းလယ်ကစားသမား လုံလောက်မှုမရှိခဲ့ပါဘူး။
ယူနိုက်တက်က အနီကတ်ပြခံရပြီးနောက်ပိုင်း အခွင့်အရေးတစ်ကြိမ်မျှ ဖန်တီးနိုင်ခြင်းမရှိခဲ့ပဲ ဒုတိယပိုင်းမှာ ယန်းဘွိုင်းစ်ကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။
( ၃ ) ရော်နယ်ဒိုကို ထုတ်ပြီး လင်ဂတ်ကို ထည့်သွင်းခြင်း
ရော်နယ်ဒိုကို ထုတ်ပြီး လင်ဂတ်နဲ့ အစားထိုးတာက ဆိုးရွားတဲ့လုပ်ရပ်ပါ။
ယူနိုက်တက်က တိုက်စစ်မှာ ဘယ်သူမှ ရှိမနေတော့ပါဘူး။
ဒါးလော့အတွက် ဧရိယာထဲမှာ ပစ်မှတ်ထားပြီးပေးပို့စရာ ရော်နယ်ဒို ရှိမနေတော့ပါဘူး။
ရော်နယ်ဒိုဆိုတာ နောက်ကျသွင်းဂိုးတွေ ရယူတဲ့နေရာမှာ နာမည်ကြီးပြီး အပြောင်းအလဲတွေ ယူဆောင်ပေးလေ့ရှိပေမယ့် ဆိုးရှားက အခွင့်အရေးမပေးခဲ့ပါဘူး။
ဒါ့အပြင် လင်ဂတ်က ယန်းဘွိုင်းစ်ရဲ့ အနိုင်ဂိုးအတွက်တောင် ဖန်တီးပေးခဲ့ပါတယ်။
( ၄ ) ဖရက်ကို ထုတ်ပြီး မာရှယ်ကို ထည့်ခြင်း
ဆိုးရှားရဲ့ လူစားလဲမှုတွေထဲမှာ ကောင်းမွန်တဲ့အရာဆိုလို့ မာတစ်ပဲရှိပါတယ်။
သူဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်ကွင်းလယ်က ပိုပြီး ထိန်းချုပ်နိုင်လာပါတယ်။
ဖရက်ကို မာရှယ်နဲ့ လူစားလဲလိုက်တာက ယူနိုက်တက်ကွင်းလယ်ကို ပိုပြီးအင်အားလျော့နည်းသွားစေခဲ့ပါတယ်။
တကယ်လို့ ဆိုးရှားသာ ပြင်သစ်တိုက်စစ်မှူးကို ကစားစေဖို့ ဆန္ဒရှိတယ်ဆိုရင် ရော်နယ်ဒိုနေရာ အစားထိုးခဲ့တာကမှ ပိုပြီး သင့်လျော်မှုရှိနိုင်ပါတယ်။
( ၅ ) လျင်မြန်မှုမရှိ
မေဆန် ဂရင်းဝုဒ် မပါဝင်ချိန် ယူနိုက်တက်က လျင်မြန်မှုပိုင်းမှာ အားနည်းသွားတာသေချာပါတယ်။
သူက ယန်းဘွိုင်းစ်ခံစစ်ကို သိသိသာသာ ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။
ယူနိုက်တက် လျစ်လျူရှုခဲ့တဲ့ နောက်ထပ်ရွေးချယ်စရာက အန်သိုနီ အီလန်ဂါပါ။
သူက လျင်မြန်တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဂရင်းဝုဒ်လိုပဲ ရော်နယ်ဒိုအတွက် အထောက်အပံ့ဖြစ်နိုင်ပြီး နေရာလွတ်တွေ ဖန်တီးပေးနိုင်ပါတယ်။
ဆိုးရှားက ရည်မှန်းချက်ပါတဲ့ တိုက်စစ်ပိုင်းပြောင်းလဲမှုတွေကို မလုပ်ဆောင်ပဲ သရေရလာဒ်အတွက်ပဲ ဦးတည်ကစားသွားခဲ့တာတွေ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယန္းဘြိဳင္းစ္နဲ႔ပြဲစဥ္မွာ ဆိုးရွားမွားယြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္ ( ၅ ) ခု
မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ခရီးကေတာ့ အဆိုး႐ြားဆုံးအေျခအေနနဲ႔ စတင္ခဲ့ပါတယ္။
ယန္းဘြိဳင္းစ္ကို ( ၂-၁ ) ရွံုးနိမ့္မႈက လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ ႀကိဳးစားမႈေတြ လိုအပ္ေနေသးေၾကာင္း ေဖာ္ျပေနပါတယ္။
အာ႐ြန္ ဝမ္ ဘစ္ဆာကာ ႏွင့္ ေဂ်စီ လင္ဂတ္တို႔ရဲ႕ အံ့အားသင့္ဖြယ္ တစ္ဦးခ်င္းမွားယြင္းမႈေတြ ျမင္ေတြ႕ခဲ့ရေပမယ့္ နည္းျပ အိုေလ ဂန္းနား ဆိုးရွားမွာလည္း လိုအပ္ခ်က္ေတြလည္း ရွိခဲ့ပါတယ္။
ဒါေၾကာင့္ အဆိုပါ ပြဲစဥ္မွာ အိုေလ ဂန္းနား ဆိုးရွား မွားယြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္ ( ၅ ) ခုကုိ သုံးသပ္တင္ျပေပးလိုက္ပါတယ္။
( ၁ ) ဗာရန္းကို အရံမွာထားျခင္း ။
ဗာရန္းက ခ်န္ပီယံလိဂ္ ( ၄ ) ႀကိမ္ ယူထားတဲ့သူပါ ။ ယခုလို အုပ္စုအဖြင့္ပြဲမွာ သူ႔ကို အရံခုံမွာ ပို႔ထားစရာ ဘာအေၾကာင္းျပခ်က္မွ မရွိပါဘူး ။
တစ္ေယာကေလ်ာ့သြားခ်ိန္မွာ ဆိုးရွားက ျပာယာခတ္ၿပီး လူစားလဲပါတယ္။ တကယ္လို႔ ဗာရန္း ႏွင့္ မက္ဂြဲယားသာ အစကတည္းက ရွိေနမယ္ဆိုရင္ ဗစ္တာလင္ဒီေလာ့ကို လူစားလဲၿပီး ခံစစ္ ( ၅ ) ေယာက္တန္းနဲ႔ ကစာဖို႔ မရွိႏိုင္ပါဘူး။
တကယ္လို႔ လင္ဒီေလာ့ကို ပြဲကစားခြင့္ေပးခ်င္တယ္ဆိုရင္ေတာင္ ဒီပြဲကို နယူးကာဆယ္ထက္ပိုၿပီး အဓိက ဦးစားေပးအေနနဲ႔ သတ္မွတ္ထားခဲ့သင့္ပါတယ္။
(၂ ) ခံစစ္ ( ၅ )ေယာက္သို႔ ေျပာင္းလဲျခင္း။
ယူႏိုက္တက္က လိုက္ဇစ္ကို ( ၃-၂ ) ရွံုးနိမ့္ၿပီး ကတည္းက ခံစစ္ ( ၅ ) ေယာက္တန္းကို အသုံးမျပဳေတာ့ပါဘူး ။ ယခုလို ပြဲစဥ္တစ္ခုအတြင္းမွာ ေျပာင္းလဲအသုံးျပဳတာက အေကာင္းဆုံးအေျခအေနမဟုတ္ပါဘူး ။
ဒါက အသင္းကို unbalanced ျဖစ္ေစၿပီး ခံစစ္ကစားသမားေတြပဲ မ်ားေနၿပီး ကြင္းလယ္ကစားသမား လုံေလာက္မႈမရွိခဲ့ပါဘူး ။
ယူႏိုက္တက္က အနီကတ္ျပခံရၿပီးေနာက္ပိုင္း အခြင့္အေရးတစ္ႀကိမ္မွ် ဖန္တီးႏိုင္ျခင္းမရွိခဲ့ပဲ ဒုတိယပိုင္းမွာ ယန္းဘြိဳင္းစ္ကသာ ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ကစားႏိုင္ခဲ့ပါတယ္။
( ၃ ) ေရာ္နယ္ဒိုကို ထုတ္ၿပီး လင္ဂတ္ကို ထည့္သြင္းျခင္း ။
ေရာ္နယ္ဒိုကို ထုတ္ၿပီး လင္ဂတ္နဲ႔ အစားထိုးတာက ဆိုး႐ြားတဲ့လုပ္ရပ္ပါ ။ ယူႏိုက္တက္က တိုက္စစ္မွာ ဘယ္သူမွ ရွိမေနေတာ့ပါဘူး ။ ဒါးေလာ့အတြက္ ဧရိယာထဲမွာ ပစ္မွတ္ထားၿပီးေပးပို႔စရာ ေရာ္နယ္ဒို ရွိမေနေတာ့ပါဘူး ။
ေရာ္နယ္ဒိုဆိုတာ ေနာက္က်သြင္းဂိုးေတြ ရယူတဲ့ေနရာမွာ နာမည္ႀကီးၿပီး အေျပာင္းအလဲေတြ ယူေဆာင္ေပးေလ့ရွိေပမယ့္ ဆိုးရွားက အခြင့္အေရးမေပးခဲ့ပါဘူး ။
ဒါ့အျပင္ လင္ဂတ္က ယန္းဘြိဳင္းစ္ရဲ႕ အႏိုင္ဂိုးအတြက္ေတာင္ ဖန္တီးေပးခဲ့ပါတယ္။
( ၄ ) ဖရက္ကို ထုတ္ၿပီး မာရွယ္ကို ထည့္ျခင္း ။
ဆိုးရွားရဲ႕ လူစားလဲမႈေတြထဲမွာ ေကာင္းမြန္တဲ့အရာဆိုလို႔ မာတစ္ပဲရွိပါတယ္။ သူဝင္လာၿပီးေနာက္ပိုင္း ယူႏိုက္တက္ကြင္းလယ္က ပိုၿပီး ထိန္းခ်ဳပ္ႏိုင္လာပါတယ္။
ဖရက္ကို မာရွယ္နဲ႔ လူစားလဲလိုက္တာက ယူႏိုက္တက္ကြင္းလယ္ကို ပိုၿပီးအင္အားေလ်ာ့နည္းသြားေစခဲ့ပါတယ္။ တကယ္လို႔ ဆိုးရွားသာ ျပင္သစ္တိုက္စစ္မႉးကို ကစားေစဖို႔ ဆႏၵရွိတယ္ဆိုရင္ ေရာ္နယ္ဒိုေနရာ အစားထိုးခဲ့တာကမွ ပိုၿပီး သင့္ေလ်ာ္မႈရွိႏိုင္ပါတယ္။
( ၅ ) လ်င္ျမန္မႈမရွိ ။
ေမဆန္ ဂရင္းဝုဒ္ မပါဝင္ခ်ိန္ ယူႏိုက္တက္က လ်င္ျမန္မႈပိုင္းမွာ အားနည္းသြားတာေသခ်ာပါတယ္။ သူက ယန္းဘြိဳင္းစ္ခံစစ္ကို သိသိသာသာ ဒုကၡေပးႏိုင္စြမ္းရွိပါတယ္။
ယူႏိုက္တက္ လ်စ္လ်ဴရႈခဲ့တဲ့ ေနာက္ထပ္ေ႐ြးခ်ယ္စရာက အန္သိုနီ အီလန္ဂါပါ ။ သူက လ်င္ျမန္တဲ့ လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး ဂရင္းဝုဒ္လိုပဲ ေရာ္နယ္ဒိုအတြက္ အေထာက္အပံ့ျဖစ္ႏိုင္ၿပီး ေနရာလြတ္ေတြ ဖန္တီးေပးႏိုင္ပါတယ္။
ဆိုးရွားက ရည္မွန္းခ်က္ပါတဲ့ တိုက္စစ္ပိုင္းေျပာင္းလဲမႈေတြကို မလုပ္ေဆာင္ပဲ သေရရလာဒ္အတြက္ပဲ ဦးတည္ကစားသြားခဲ့တာေတြ႕ရပါတယ္။