
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ယန်းဘွိုင်းစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ (၂-၁) ရလဒ်နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ပြောစရာ အချက်တွေ များစွာရှိနေခဲ့ပေမယ့် ပထမဆုံး ပြောချင်တာကတော့ နည်းပြအရည်အသွေးပိုင်းပါပဲ။
ဆိုးရှားလ်ရဲ့ အနေအထားကတော့ ချန်ပီယံလိဂ်ဆိုရင် ပွဲမတိုးတဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။
ဒီနေ့ပွဲမှာ ရှုံးနိမ့်မှုတွေထဲမှာ ယူနိုက်တက်လိုအသင်းကြီးတစ်သင်း က ယန်းဘွိုင်းစ်လို အသင်းကို ကစားသမားတစ်ဦးလျှော့တာနဲ့ ခံစစ်ပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့တာက အတော့်ကိုဆိုးလှပါတယ်။
ဆိုးရှားလ်က သူ ကိုင်တွယ်နေတဲ့ အသင်းဟာ ယူနိုက်တက်အသင်းဆိုတာ သတိကောထားမိပါရဲ့လား။
နောက်ထပ်တစ်ဦးကတော့ ဒီပွဲစဉ်ကို ကိုယ်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ပါ။
ယန်းဘွိုင်းစ်အသင်းရဲ့ အကယ်ဒမီရလောက်တဲ့ အမူအရာတွေနဲ့အတူ ယန်းဘွိုင်းစ်အသင်း ဘက်ကများလားလို့ ထင်ရလောက်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်တွေက ယူနိုက်တက်အတွက် ဆိုးရွားခဲ့စေပြီး ပွဲစဉ်ရဲ့ ရသကို ပျက်စီးစေခဲ့ပါတယ်။
ယန်းဘွိုင်းစ် ဘက်က ရော်နယ်ဒိုအပေါ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာတွေကို ဒိုင်က ဘာမှ မတုံ့ပြန်ခဲ့သလို ရော်နယ်ဒိုကို တံတောင်နဲ့ ထိုးခဲ့တာတွေအပေါ်မှာလည်း အရေးယူပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။
ဝမ်ဘစ်ဆာကာရဲ့ ကစားပုံ မပါးနပ်မှုဟာလည်း ဒီပွဲရဲ့ အရှုံးမှာ တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။
ပွဲချိန် (၃၅)မိနစ်မှာ ပြိုင်ဘက်ကို အဝင်ကြမ်းလို့ ဘစ်ဆာကာ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး ဘစ်ဆာကာအနေနဲ့ ရည်ရွယ်ချက်မရှိပေမယ့် ၅၀/၅ဝအနေအထားမှာ ဒိုင်လူကြီးရဲ့ အနီကတ်ပြခဲ့တဲ့ ဆုံးဖြတ်ချက်က နည်းနည်းပြင်းထန်တယ်လို့ပြောရပါမယ်။
နောက်ဆုံးတစ်ဦးကတော့ ပထမပိုင်း(၁၃)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ စီရော်နယ်လ်ဒိုက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ယန်းဘွိုင်းစ်အသင်းက နာမယ်လူက ချေပဂိုးသွင်းယူသွားခဲ့လို့ သရေရလဒ်ထွက်ပေါ်နေချိန်မှာ အဝေးကွင်း သရေတစ်မှတ်ရရင်တော်ပြီဆိုပြီး
ထိန်းကစားသွားဖို့ ဘရူနိုဖာနန်ဒက်စ်နဲ့ စီရော်နယ်လ်ဒိုတို့ကို လင်ဂတ်၊ မာတစ်တို့နဲ့ လူစားလဲ ထည့်သွင်းခဲ့ရာကနေ ဘာမှလုပ်လို့မရတဲ့ကစားကွက်ကို ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေတဲ့ ဆိုးရှားလ်ရဲ့ စိတ်ကူးကိုဖျက်ဆီးပစ်ခဲ့တဲ့ လင်ဂတ်ပါပဲ။
ပွဲပြီးခါနီးမှာ လင်ဂတ်ဟာ ယန်းဘွိုင်းစ်ကစားသမားတွေ အသင့်ရှိနေချိန်မှာ ဒီဂီယာဆီကို နောက်ပြန်ပေးပို့မှုပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့ နောက်ပြန်ပေးပို့မှုက ယန်းဘွိုင်းစ် အသင်းအတွက်တော့ လှပတဲ့ ဂိုးဖန်တီးပေးမှုတစ်ခုဖြစ်ခဲ့သလို ဆီဘတ်ချုက လွတ်လွတ်ကျွတ်ကျွတ်ဆွဲယူပြီး ယန်းဘွိုင်းစ်အသင်း အနိုင်(၃)မှတ်ရစေမယ့်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ယန်းဘွိုင်းစ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ တစ်ပွဲလုံးမှာ ဂိုးပေါက်ကန်ချက်(၂)ကြိမ်ဆိုတဲ့မှတ်တမ်းကလည်း ယူနိုက်တက်လိုအသင်းမျိုးအတွက် အဆိုးရွားဆုံးမှတ်တမ်းဖြစ်သလို ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ပွဲပေါင်း(၁၃၈)ပွဲမှာ ရှက်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးလည်းဖြစ်ခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ကကော ယူနိုက်တက်ရဲ့ ရှုံနိမ့်မှုမှာ ဗီလိန်က ဘယ်သူလိုမြင်မိပါလဲ?
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
zawgyi
ယန်းဘွိုင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ ဗီလိန်..ဘယ်သူလဲ…?