ယနေ့အတွက် အာဆင်နယ်အပြောင်းအရွှေ့သတင်းတိုများ

>> အာဆင်နယ်အသင်းလူငယ်ကစားသမား တိုင်ရီဂျွန်ဂျူးစ်ဟာ လိဂ်ဝမ်းကလပ် လင်ကွန်းစီးတီးအသင်းကို လက်ကျန်ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးဟာ အာဆင်နယ်လူငယ်အသင်းအတွက် ပြိုင်ပွဲစုံ ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီကတော့ ပွဲ ၃၀ မှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။


>>> အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကနေ ကင်းထောက်ဟောင်း ဆန်ဒရို အော်လန်ဒယ်လီကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အော်လန်ဒယ်လီဟာ အာဆင်နယ်အသင်းမှာ ၂၀၀၂ ကနေ ၂၀၁၂ ခုနှစ်အထိ ကင်းထောက်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး နည်းပြကြီး အာစင်ဝင်းဂါးလက်အောက်မှာ ဒီနယ်လ်ဆင် ၊ ကားလို့စ်ဗီလာ ၊ ဝယ်လင်တန်ဆေးလ်ဗား ၊ မာတီနက်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

>>> အာဆင်နယ်နည်းပြသစ် အာတီတာက ကွင်းလယ်ကစားသမား ဇာခါတစ်ယောက်အသင်းမှာ ဆက်ရှိနေပေမယ့် ကွင်းလယ်ကစားသမားသစ် ရှာဖွေသွားမယ်လို့ ဆိုလိုက်ပါတယ်။ The Athletic သတင်းဌာနကတော့ အာဆင်နယ်အသင်းဟာ အခုလာမယ့်အပြောင်းအရွှေ့မှာ ကွင်းလယ်နေရာအတွက် ကစားသမားသစ် ရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
>>> တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ အာဆင်နယ်နောက်ခံလူ မူစတာဖီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဂျာမန်သားဟာ အာဆင်နယ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရပြီး အသင်းကလည်း နောက်တန်းကစားသမားသစ် ခေါ်ယူဖွယ်ရှိနေတာကြောင့် တူရီကီမြေကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
>>> နောဝစ်ချ်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို ကျော်ဖြတ်ပြီး အဆာင်နယ်အသင်းလူငယ်တိုက်စစ်မှူး အန်ကီးတီးယားကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီက လိဒ်ယူနိုက်တက်မှာ အငှားနဲ့ သွားကစားခဲ့ပေမယ့် နေရာရဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။