ယနေ့အတွက် ယူနိုက်တက်အသင်းအပြောင်းအရွှေ့သတင်းတိုများ

>>> ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်က ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဥရုဂွေးသားဟာ ပြင်သစ်ကနေ စွန့်ခွာချင်တယ်လို့ အသင်းကို ပြောကြားထားတာကြောင့် ကလပ်အသင်းတော်တော်များများက ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။

>>> မန်ချက်စတာညနေခင်းသတင်းဌာနတွေက ယူနိုက်တက်ဟာ လက်စတာဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်စတာအသင်းကတော့ နောက်ခံလူ ဘန်ချီဝဲလ်အတွက် ပေါင် ၅၀သန်းတန်ကြေးသတ်မှတ်ထားခဲ့ပြီး ယူနိုက်တက်အပြင် မန်စီးတီးကလည်း ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
>>> ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ အမ်မရီချန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ Express သတင်းဌာနကတော့ ယူနိုက်တက်ဟာ အမ်မရီချန်ကိုခေါ်ယူဖို့ လက်မလျော့သေးပဲ ဆက်လက်ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။


>>> ယူနိုက်တက်အသင်းဟာ ဖီနာဘာချီတိုက်စစ်မှူး ဗီဒက် မူကွီရီကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ တူရကီသတင်းဌာနကတွေက ဖော်ပြလာကြပါတယ်။ လက်ရှိယူနိုက်တက်ဟာ တိုက်စစ်ပိုင်း လိုအပ်ချက်ရှိနေတာကြောင့် တိုက်စစ်ကစားသမားတော်တော်များများကို ချိတ်ဆက်နေပြီး ဖီနာဘာချီတိုက်စစ်မှူးပါ ပစ်မှတ်ထဲပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

>>> လိုင်လီအသင်းနည်းပြ ဂေလ်တီယာကတော့ ကွင်းလယ်ကစားသမား ဆိုမာရေးစ်တစ်ယောက် အသင်းမှာ ဆက်ရှိနေမလားဆို သေချာမသိကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါကွင်းလယ်လူကို ယူနိုက်တက်အသင်းကခေါ်ယူဖို့ ချိတ်ဆက်နေချိန်မှာ အခုလို ပြောကြားခဲ့တာဟာ ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။