ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ


>>> ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပြီလို့ Sky Sports သတင်းဌာနက အတည်ပြုခဲ့ပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ပေါင် ၄၃ သန်းအပြင် အပိုဆုကြေးပေါင် ၁၇ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။


>>> ESPN သတင်းဌာနကတော့ ယူနိုက်တက်ဟာ လိုင်လီကွင်းလယ်လူ ဆိုမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြန်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ အသက် ၂၀ အရွယ်ပြင်သစ်သားကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ အလျင်အမြန်လက်ဦးမှုရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။


>>> The Times သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဘာမင်ဂမ်ဆယ်ကျော်သက်ကစားသမား ဘီလင်ဟန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၁၆ နှစ်သားဟာ ဘာမင်ဂမ်အသင်းအတွက် ၂၅ ပွဲအထိ ပါဝင်ကစားပေးထားပြီး အသင်းတာဝန်ရှိသူတွေကတော့ တန်ကြေးကို ပေါင် ၂၅ သန်းသတ်မှတ်ထားပါတယ်။


>>> ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြခြင်းခံနေရတဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ အီတလီသတင်းဌာန ဒယ်လိုစပေါ့ကတော့ ပီအက်စ်ဂျီဟာ ကူလီဘာလေကို ၄ နှစ်စာချုပ်အပါအဝင် ပေါင် ၁၀.၂ သန်းစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။


>>> မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ပဲ ယူနိုက်တက်ဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကိုခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်အသင်းထံကနေ ဗန်ပါစီ ၊ ဆန်းချက်ဇ်တို့ကိုခေါ်ယူခဲ့ဖူးတာကြောင့် လက်ရှိအချိန်မှာလည်း အာဆင်နယ်တိုက်စစ်မှူးနဲ့ သတင်းတွေက တစ်ကျော့ပြန်ထွက်လာတာ ဖြစ်ပါတယ်။