ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ


>>> သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာပစ်မှတ် ဆလီမာနီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေသလို ဗီလာအသင်းကလည်း တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေတာကြောင့် လက်စတာတိုက်စစ်မှူးဟောင်းကို အပြိုင် ခေါ်ယူဖို့ ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။


>>> ပြင်သစ်ကလာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ပီအက်စ်ဂျီအသင်းရဲ့ အသက် ၁၉ နှစ်အရွယ်ကွင်းလယ်လူ အီဘင်ဘီကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီစတားဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူဖို့တော့ အနည်းငယ်ခက်ခဲဖွယ် ရှိနေပါတယ်။


>>> မန်ချက်စတာညနေခင်းသတင်းဌာနကတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းပြဿနာကို ယာယီဖြေရှင်းဖို့အတွက် နာပိုလီအသင်းတိုက်စစ်မှူး ဒရိုင်းမာတင်ကို ချိန်ရွယ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ နာပိုလီအသင်းကနေထွက်ခွာပြီး အတွေ့အကြုံသစ်ရှာဖွေဖို့ စီစဉ်နေတာကြောင့် တိုက်စစ်လိုအပ်နေတဲ့ ယူနိုက်တက်အတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။


>>> လန်ဒန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်ကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လိုင်လီကွင်းလယ်လူ ဆိုမာရေးကို ချဲလ်ဆီးက လက်ဦးမှုရယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ဟာ လက်ရှိစပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အဆင်မပြေတာကြောင့် ဆိုမာရေးကို ခေါ်ယူဖို့ဆိုရင် အမြန်လက်ဦးမှုရယူဖို့ လိုအပ်နေပါတယ်။


>>> အီတလီကလာတဲ့သတင်းတွေအရ အေစီမီလန်အသင်းတိုက်စစ်မှူး ပီယာတက်ခ်ရဲ့ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားဟာ အခုအပြောင်းအရွှေ့မှာပဲ အေစီမီလန်ကနေ စွန့်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ အဆိုပါတိုက်စစ်မှူးကို ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ပီယာတက်ခ်ရဲ့ဖခင်စကားဟာ ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။