ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဟာ ဘန်လေအသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်အပြီးမှာ အင်တာမီလန်ကွင်းလယ်လူ ဗီဆီနိုကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ အီတလီသတင်းဌာတွေက ဖော်ပြခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဗီဆီနိုအပြင် အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ လော်ရန်တေးကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။


>>> ရှက်ဖီးလ်အသင်းဟာ ယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို နောက်ထပ် ၁ ရာသီအငှားနဲ့ ထပ်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ အဆိုပါ ၂၂ နှစ်သားဟာ ဒီရာသီမှာလည်း အသင်းနဲ့အတူ လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ရှက်ဖီးလ်ကို ချန်ပီယံရှစ်ကနေ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်အသင်းဟာ မက်ဂွါရီကိုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာကို အင်စတာဂရမ်ကနေ အသင်းဖော် မက်ဒီဆင်တစ်ယောက် လာရောက်ကွန့်မန့်ခဲ့တာကြောင့် အပြောင်းအရွှေ့သတင်းတွေက ပြန်လည်ကျယ်လောင်လာခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ မက်ဒီဆင်အပြောင်းအရွှေ့မှာ မက်ဂွါရီတစ်ယောက် အိုးထရက်ဖို့ဒ်ကို ပြောင်းလာအောက် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။


>>> မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အပြောင်းအရွှေ့အတွက် အခုအပြောင်းအရွှေ့မှာ ခေါ်ယူဖို့မသေချာတော့ကြောင်း ဖော်ပြလာကြပါတယ်။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတာ အချိန်အတော်ကြာမြင့်နေဖြစ်ပြီး လက်ရှိအချိန်အထိ သဘောတူညီမှုရဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အေစီမီလန်တိုက်စစ်မှူး ခေါ်ယူရေးတိုက်ပွဲမှာ အူဒီးနီးစ်အသင်းလည်း ပါဝင်လာခဲ့တယ်လို သတင်းတွေကဆိုပါတယ်။ အဆိုပါမီလန်သားကို ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ အားဖြည့်ဖို့အတွက် ကြံစည်နေပေမယ့် လက်ရှိအချိန်မှာ အသင်းတော်တော်များများကခေါ်ယူဖို့ ချိတ်ဆက်လာတာကြောင့် ယူနိုက်တက်အနေနဲ့ အမြန်ဆုံးလက်ဦးမှုရယူဖို့ လိုအပ်နေပါတယ်။