ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> မာကာတိုသတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ ဒီရာသီမှာလည်း လိုင်ယွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပြီး ယူနိုက်တက်ကလည်း ရက်ရှ်ဖို့ဒ်ဒဏ်ရာရရှိနေခဲ့တာကြောင့် တိုက်စစ်ပိုင်းအတွက် ဒမ်ဘီလီကို အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။


>>> Daily Mirror သတင်းဌာနကတော့ ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဗီလာကွင်းလယ်လူ ဂရီးလစ်ချ်ဟာ ဒီရာသီမှာဗီလာအသင်းနဲ့အတူ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်သားကို ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါ့ဂ်ဘာ ၊ တိုမီနေးတို့ မရှိတဲ့ကွင်းလယ်အတွက် အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။


>>> အီတလီကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် စပါးကခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ပီယာတက်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါတိုက်စစ်မှူးကို စပါးကခေါ်ယူဖို့ ချိတ်ဆက်နေပြီး လက်ရှိအချိန်မှာတော့ ယူနိုက်တက်က ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သတင်းတွေက ဖော်ပြလာကြပါတယ်။


>>> Sky Sports သတင်းဌာနကတော့ စပို့တင်းဟာ ယူနိုက်တက်နဲ့ ဖာနန်ဒက်စ်အပြောင်းအရွှေ့ကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြီးသတ်ဖို့ အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက် နဲ့ စပို့တင်းတို့ကြား ဆုကြေးနဲ့ပတ်သတ်ပြီး သဘောထားကွဲလွဲမှုတွေရှိနေတာကြောင့် အပြောင်းအရွှေ့မှာ ကြန့်ကြာနေတာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီသစ်မှာ နည်းပြ ဆိုးလ်နေရာအား ပိုချက်တီနိုနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အီတလီဂျာနယ်လစ် ပီဒူလာရဲ့အဆိုအရ ယူနိုက်တက်ဟာ ပိုချက်တီနိုနဲ့ တွေ့ဆုံဆွေးနွေးပြီးသွားပြီလို့ ဖော်ပြခဲ့ပြီး လာမယ့်ရာသီသစ်မှာ ခန့်အပ်ဖို့အတွက် အသေးစိတ် ဆွေးနွေးမှုတွေသာ ကျန်ရှိတော့တယ်လို့ ဖော်ပြခဲ့ပါတယ်။