ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို အခုအပြောင်းအရွှေ့မှာပဲ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ ပီအက်စ်ဂျီအသင်းဟာ ဥရုဂွေးသားအတွက် ပေါင် ၂၅ သန်း အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။


>>> ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အခုအပြောင်းအရွှေ့မှာ မန်ချက်စတာကို ပြောင်းရွှေ့ချင်နေတယ်လို့ အသင်းထံတောင်းဆိုလိုက်ပါတယ်။ ယူနိုက်တက်နဲ့ စပို့တင်းတို့ကြား ဖာနန်ဒက်စ်အပြောင်းအရွှေ့က အပြီးမသတ်နိုင်သေးပဲ ကြန့်ကြာနေတာ အချိန်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။


>>> Mirror သတင်းဌာနကတော့ ယူနိုက်တက်ဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ပေါင် ၂၀ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါကွင်းလယ်ကစားသမားကို အင်တာမီလန်အသင်းက ချိတ်ဆက်နေပေမယ့် လက်ရှိအချိန်အထိ မကမ်းလှမ်းရသေးတာကြောင့် ယူနိုက်တက်က လက်ဦးမှု ရယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။


>>> မန်ချက်စတာညနေခင်းသတင်းဌာနကလည်း ယူနိုက်တက်ဟာ အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ဘက်ကို မြှားဦးလှည့်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါအေဂျက်စ်စတားကို ရီးရဲလ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကတော့ အခုအပြောင်းအရွှေ့မှာ အသင်းပြောင်းမှာ မဟုတ်ကြောင်း ဝန်ခံထားခဲ့ပါတယ်။


>>> Sky Germany သတင်းဌာနတွေကတော့ ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါတောင်ပံကစားသမားဟာ ဒီရာသီမှာလည်း အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပြီး ဥရောပကလပ်အသင်းကြီးတော်တော်များများကခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အတွက် ခက်ခဲဖွယ်ရှိနေပါတယ်။