ယနေ့ည ပွဲစဉ်မတိုင်ခင် လီဗာပူးအသင်းကို သတိပေးစကားပြောကြားလိုက်တဲ့ ဟယ်ရီမက်ဂွါရီ

ယူနိုက်တက်အသင်းဟာ ယနေ့ညမှာတော့ လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက လီဗာပူးအသင်းနဲ့ ရင်ဆိုင်ဖို့ ဘာကြောင့် ယုံကြည်မှုရှိနေတယ်ဆိုတာကို ပြောပြလိုက်ပါတယ်။


လက်ရှိရာသီ လီဗာပူးအသင်းနဲ့ အစောပိုင်းတွေ့ဆုံမှုတုန်းက ရလဒ်ဟာ အန်ဖီးလ်မှာ သွားရောက်ကစားဖိ့ုအတွက်လည်း သူတို့ကို ယုံကြည်မှုရှိနေစေတယ်လိ့ု မက်ဂွါရီက ပြောပါတယ် ။

အိုလီဂန်းနားဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အောက်တိုဘာလတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးအသင်းကို အိုးထရက်ဖို့ဒ်မှာ ၁ ဂိုး ၁ ဂိုးစီ သရေရလဒ်ဖြင့် အမှတ်ခွဲယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ် ။
ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွါရီကတော့ သောကြာနေ့မှာ အင်တာမီလန်ကို ထွက်ခွာတော့မယ့် အက်ရှ်လေယန်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အမွေဆက်ခံမှာလည်း ဖြစ်ပါတယ်။

Photo-Internet

မက်ဂွါရီက ၂၀၁၇ ခုနှစ် ဧပြီကတည်းက အန်ဖီးလ်မှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးအသင်းကို သွားရောက်ယှဉ်ပြိုင်ပြီး ပထမဆုံးအနိုင်ရရှိတဲ့ အသင်းဖြစ်လာဖို့ ယုံကြည်နေပါတယ်။


ဆက်လက်ပြီး မက်ဂွါရီက ” ဟုတ်ပါတယ် ။ ဒါက ကျွန်တော်တိ့ုကို ယုံကြည်မှုပေးပါတယ်။ ဒါပေမယ့် အသင်းတစ်သင်းအနေနဲ့ ပွဲတိုင်းကို အနိုင်ရရှိဖို့ လိုပါတယ်။ ကျွန်တော်တိ့ု လီဗာပူးကို သရေကျခဲ့ပြီး စီးတီးကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သူတို့တွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းတွေပါ ။ ဒါကြောင့် ပွဲတိုင်းကို အနိုင်ရရှိဖို့ ကျွန်တေ်ာတို့ ယုံကြည်မှုအပြည့် ရှိပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့ ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပြနိုင်မှာပါ။


လီဗာပူးအသင်းရဲ့ တိုက်စစ် ၃ ယောက်တွဲဖြစ်တဲ့ ဆာလာ၊ ဖာမီနိုနဲ့ မာနေးတို့ကို ရင်ဆိုင်ရမှာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပေမယ့် သူနဲ့ သူ့အသင်းဖော်တွေက ထိပ်တန်းအဆင့်ရှိ ကစားသမားတွေ ဖြစ်လို့ အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ ” လို့ ပြောသွားခဲ့ပါတယ်။