ယနေ့ည ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်များအတွက် အမှတ်တရကိန်းဂဏန်းများ

Photo Credit

လီဗာပူး – အက်သလက်တီကို
၂ – ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပ-အကျော့မှာ လီဗာပူးအသင်း ရှုံးနိမ့်ခဲ့တဲ့နောက်ဆုံး ၂ကြိမ်မှာ လီဗာပူးအသင်းဟာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၀၆-၀၇နဲ့ ၂၀၁၈-၁၉ ရာသီ ဆီမီးဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ကို အသီးသီးကျော်ဖြတ်နိုင်ခဲ့တာပါ။

Photo Credit

၀ – နည်းပြကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်အိမ်ကွင်းရှုံးပွဲမရှိ(၁၁ပွဲနိုင်၊ ၄ပွဲသရေ)စံချိန်တင်ထားပါတယ်။ သူ့ရဲ့ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ရှုံးပွဲတွေက ၁၆သင်းအဆင့်မှာ ဒေါ့မွန်နဲ့အတူ ၂၀၁၃-၁၄ ရာသီက ဇင်းနစ်ကို ၁-၂ ဂိုး၊ ၂၀၁၄-၁၅ ရာသီက ဂျူဗင်တပ်စ်ကို ဝ-၃ တွေနဲ့ အရေးနိမ့်ခဲ့တာပါ။

Photo Credit

၁ – အက်သလက်တီကိုဟာ ချန်ပီယံလိဂ်ရှုံးထွက်အဝေးကွင်းနောက်ဆုံး ၉ပွဲမှာ ၂ပွဲသရေ၊ ၆ပွဲရှုံးနဲ့ ၁ပွဲသာအနိုင်ရထားပြီး ၂၀၁၇ ဖေဖော်ဝါရီလက လေဗာကူဆင်ကို ဂျာမန်မြေမှာ ၂-၄ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

Photo Credit

၃၇ – အက်သလက်ဂိုးသမား အော့ဘလက်ဟာ သူ့ရဲ့အဖွင့်ချန်ပီယံလိဂ် ၄၉ပွဲမှာ ၃၇ဂိုးပဲ ပေးထားရပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အဖွင့်ပွဲ ၅၀မှာ ပေးဂိုးအနည်းဆုံးဂိုးသမားအဖြစ် ဒီဒါက ၃၅ဂိုးနဲ့ ရပ်တည်နေပြီး ဗဲလ်ဒက်စ်က ၃၈ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

ပီအက်စ်ဂျီ – ဒေါ့မွန်
၀ – ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပ-အကျော့မှာ ရှုံးနိမ့်ခဲ့တဲ့အခါတိုင်း နောက်တစ်ဆင့် မတက်ရောက်နိုင်ခဲ့ဘဲ ၁၉၉၄-၉၅ ရာသီက အေစီမီလန်၊ ၂၀၁၄-၁၅ ရာသီက ဘာစီလိုနာနဲ့ ၂၀၁၇-၁၈ ရာသီက ရီးရဲလ်တို့ကို အသီးသီးအရေးနိမ့်ခဲ့ရတာပါ။

Photo Credit

၄ – ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပ-အကျော့မှာ အနိုင်ရတဲ့အခါတိုင်း နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီး ယခင် ၄ကြိမ်တိတိလုပ်ဆောင်ထားနိုင်ပါတယ်။ သူတို့ထက် ပိုများတဲ့အသင်းဆိုလို့ ဂျူဗင်တပ်စ်တစ်သင်းတည်းရှိပြီး တူရင်အခြေစိုက်အသင်းကတော့ ၁၁ကြိမ်အထိ လုပ်ပြထားပါတယ်။

Photo Credit

၅ – ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်နောက်ဆုံး ၆ပွဲမှာ ၁ပွဲနိုင်၊ ၅ပွဲရှုံးနိမ့်ထားပြီး အိမ်ကွင်းရှုံးထွက်နောက်ဆုံး ၂ပွဲမှာလည်း ၂၀၁ မတ်လက ရီးရဲလ်၊ နောက် ၁၂လအကြာမှာ ယူနိုက်တက်တို့ကို အသီးသီးအရေးနိမ့်ခဲ့ပါတယ်။

Photo Credit

၁၀ – ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀ဂိုးသွင်းယူနိုင်တဲ့ ၅ဦးမြောက်ကစားသမားအဖြစ် ရပ်တည်နေပြီး ဂိုးသွင်းအများဆုံးအဖြစ် ၁၁ဂိုးသွင်းယူထားတဲ့ ဆူလ်ဆာထက် ၁ဂိုးပဲ လျော့နည်းနေပါတယ်။ ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အနည်းဆုံး မိနစ် ၂၅၀ ကစားထားသူတွေအနက် တစ်ဂိုးသွင်းယူဖို့ ပျမ်းမျှမိနစ်အနည်းဆုံးကစားသမားအဖြစ် ၄၆ မိနစ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Photo Credit

၃၇ – နေမာဟာ ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ၂၇ပွဲမှာ ၃၇ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီး ဘာစီလိုနာအတွက် ပွဲ ၂၀နဲ့ ပီအက်စ်ဂျီအတွက် ၇ပွဲကစားပေးထားတာပါ။ အဲဒီမှာ ၂၅ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ကြိမ်ပြုလုပ်ပေးထားတာဖြစ်ပြီး သူ့အနေနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေမှာ ရှုံးနိမ့်တဲ့အသင်းဘက်မှာ တစ်ပွဲမှ မရှိခဲ့ပါဘူး။ (၂၄ပွဲနိုင်၊ ၃ပွဲသရေ)

Photo Credit

Zawgyi

ယေန႔ည ခ်န္ပီယံလိဂ္အေရးႀကီးပြဲစဥ္မ်ားအတြက္ အမွတ္တရကိန္းဂဏန္းမ်ား

လီဗာပူး – အက္သလက္တီကို
၂ – ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ ပ-အေက်ာ့မွာ လီဗာပူးအသင္း ႐ံႈးနိမ့္ခဲ့တဲ့ေနာက္ဆုံး ၂ႀကိမ္မွာ လီဗာပူးအသင္းဟာ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ၂၀၀၆-၀၇နဲ႔ ၂၀၁၈-၁၉ ရာသီ ဆီမီးဖိုင္နယ္အဆင့္မွာ ခ်ဲလ္ဆီးနဲ႔ ဘာစီလုိနာတုိ႔ကို အသီးသီးေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

၀ – နည္းျပကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္အိမ္ကြင္း႐ံႈးပြဲမရွိ(၁၁ပဲြႏိုင္၊ ၄ပဲြသေရ)စံခ်ိန္တင္ထားပါတယ္။ သူ႕ရဲ႕ခ်န္ပီယံလိဂ္အိမ္ကြင္းေနာက္ဆုံး ႐ံႈးပဲြေတြက ၁၆သင္းအဆင့္မွာ ေဒါ့မြန္နဲ႔အတူ ၂၀၁၃-၁၄ ရာသီက ဇင္းနစ္ကို ၁-၂ ဂိုး၊ ၂၀၁၄-၁၅ ရာသီက ဂ်ဴဗင္တပ္စ္ကို ၀-၃ ေတြနဲ႔ အေရးနိမ့္ခဲ့တာပါ။

၁ – အက္သလက္တီကိုဟာ ခ်န္ပီယံလိဂ္႐ံႈးထြက္အေ၀းကြင္းေနာက္ဆုံး ၉ပြဲမွာ ၂ပြဲသေရ၊ ၆ပြဲ႐ံႈးနဲ႔ ၁ပဲြသာအႏိုင္ရထားၿပီး ၂၀၁၇ ေဖေဖာ္၀ါရီလက ေလဗာကူဆင္ကို ဂ်ာမန္ေျမမွာ ၂-၄ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

၃၇ – အက္သလက္ဂိုးသမား ေအာ့ဘလက္ဟာ သူ႕ရဲ႕အဖြင့္ခ်န္ပီယံလိဂ္ ၄၉ပြဲမွာ ၃၇ဂိုးပဲ ေပးထားရပါတယ္။ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အဖြင့္ပြဲ ၅၀မွာ ေပးဂိုးအနည္းဆုံးဂိုးသမားအျဖစ္ ဒီဒါက ၃၅ဂိုးနဲ႔ ရပ္တည္ေနၿပီး ဗဲလ္ဒက္စ္က ၃၈ဂိုးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

ပီအက္စ္ဂ်ီ – ေဒါ့မြန္
၀ – ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ ပ-အေက်ာ့မွာ ႐ံႈးနိမ့္ခဲ့တ့ဲအခါတုိင္း ေနာက္တစ္ဆင့္ မတက္ေရာက္ႏုိင္ခဲ့ဘဲ ၁၉၉၄-၉၅ ရာသီက ေအစီမီလန္၊ ၂၀၁၄-၁၅ ရာသီက ဘာစီလုိနာနဲ႔ ၂၀၁၇-၁၈ ရာသီက ရီးရဲလ္တုိ႔ကို အသီးသီးအေရးနိမ့္ခဲ့ရတာပါ။

၄ – ေဒါ့မြန္ဟာ ခ်န္ပီယံလိဂ္႐ႈံးထြက္အဆင့္ ပ-အေက်ာ့မွာ အႏိုင္ရတဲ့အခါတုိင္း ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့ၿပီး ယခင္ ၄ႀကိမ္တိတိလုပ္ေဆာင္ထားႏိုင္ပါတယ္။ သူတုိ႔ထက္ ပိုမ်ားတဲ့အသင္းဆိုလုိ႔ ဂ်ဴဗင္တပ္စ္တစ္သင္းတည္းရွိၿပီး တူရင္အေျခစိုက္အသင္းကေတာ့ ၁၁ႀကိမ္အထိ လုပ္ျပထားပါတယ္။

၅ – ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ေနာက္ဆုံး ၆ပြဲမွာ ၁ပဲြႏိုင္၊ ၅ပြဲ႐ံႈးနိမ့္ထားၿပီး အိမ္ကြင္း႐ံႈးထြက္ေနာက္ဆုံး ၂ပဲြမွာလည္း ၂၀၁ မတ္လက ရီးရဲလ္၊ ေနာက္ ၁၂လအၾကာမွာ ယူႏုိက္တက္တုိ႔ကို အသီးသီးအေရးနိမ့္ခဲ့ပါတယ္။

၁၀ – ေဒါ့မြန္တုိက္စစ္မွဴး ဟာလန္းဟာ ပထမဆုံးခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ၁၀ဂိုးသြင္းယူႏုိင္တဲ့ ၅ဦးေျမာက္ကစားသမားအျဖစ္ ရပ္တည္ေနၿပီး ဂိုးသြင္းအမ်ားဆုံးအျဖစ္ ၁၁ဂိုးသြင္းယူထားတဲ့ ဆူလ္ဆာထက္ ၁ဂုိးပဲ ေလ်ာ့နည္းေနပါတယ္။ ဟာလန္းဟာ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အနည္းဆုံး မိနစ္ ၂၅၀ ကစားထားသူေတြအနက္ တစ္ဂိုးသြင္းယူဖုိ႔ ပ်မ္းမွ်မိနစ္အနည္းဆုံးကစားသမားအျဖစ္ ၄၆ မိနစ္နဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။

၃၇ – ေနမာဟာ ခ်န္ပီယံလိဂ္အိမ္ကြင္းေနာက္ဆုံး ၂၇ပဲြမွာ ၃၇ဂိုးအထိ ပါ၀င္ပတ္သက္ခဲ့ၿပီး ဘာစီလုိနာအတြက္ ပြဲ ၂၀နဲ႔ ပီအက္စ္ဂ်ီအတြက္ ၇ပြဲကစားေပးထားတာပါ။ အဲဒီမွာ ၂၅ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၂ႀကိမ္ျပဳလုပ္ေပးထားတာျဖစ္ၿပီး သူ႕အေနနဲ႔ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲေတြမွာ ႐ႈံးနိမ့္တဲ့အသင္းဘက္မွာ တစ္ပြဲမွ မရွိခဲ့ပါဘူး။ (၂၄ပြဲႏိုင္၊ ၃ပဲြသေရ)