ယခုနှစ် ဘောလုံးရာသီရဲ့ အဆိုးရွားဆုံး လွဲချော်မှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယားဟာ အေစီမီလန် အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ ဂိုးပေါက်နဲ့ တစ်ကိုက်ခန့်အကွာ အနေအထားကနေ အနီးကပ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဒီရာသီရဲ့ အဆိုးရွားဆုံး လွဲချော်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ထောင့်ကန်ဘောဟာ ဖာနန်ဒက်စ်နဲ့ ထိမိပြီး လမ်းကြောင်းပြောင်းကာ ဂိုးပေါက်ရှေ့မှ ဟယ်ရီ မက်ဂွဲယားက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဂိုးသွင်းယူတာထက် လွဲချော်အောင် ကန်သွင်းတာက ပိုပြီး ခက်ခဲခဲ့နိုင်ပါတယ်။ BT Sport ရဲ့ အစီအစဥ် တင်ဆက်သူ Ian Darke ကတော့ ဒါဟာ သင်္ချာပညာကို အဓိပွာယ် သတ်မှတ်ပေးတဲ့ လွဲချော်မှုဖြစ်ပြီး ငြင်းဆန်ဖို့ ခက်ခဲလွန်းတယ်လို့ ဆုိခဲ့ပါတယ်။ မက်ဂွဲယားကလည်း ဂိုးပေါက်ထဲမှာ ခဏတာ အံ့သြနေခဲ့ပြီး ဘောလုံးက သူနဲ့အတူ မပါလာခဲ့တဲ့အပေါ် ဝေခွဲမရ ဖြစ်နေခဲ့ပါတယ်။

အဆိုပါ ပွဲစဥ်မှာ မီလန်အသင်းက ကက်ဆီရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် VAR က ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ မီလန်က ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် လူစားဝင် ကစားသမား အာမက် ဒီယာလိုက ယူနိုက်တက် အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် နာကျင်အချိန်ပိုမှာ Simon Kjaer က ‌ေအစီမီလန်အသင်းအတွက် ချေပဂိုး သွင်းယူးပေးခဲ့ပြီး ( ၁ – ၁ ) ရလာဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒုတိယ အကျော့ ပွဲစဥ်ကိုတော့ လာမယ့် မတ်လ ( ၁၈ ) ရက်နေ့တွင် ဆန်စီရိုကွင်းမှာ ကစားရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယခုႏွစ္ ေဘာလုံးရာသီရဲ႕ အဆိုး႐ြားဆုံး လြဲေခ်ာ္မႈ

မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြဲယားဟာ ေအစီမီလန္ အသင္းနဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ ဂိုးေပါက္နဲ႔ တစ္ကိုက္ခန႔္အကြာ အေနအထားကေန အနီးကပ္ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ဒီရာသီရဲ႕ အဆိုး႐ြားဆုံး လြဲေခ်ာ္မႈတစ္ခု ျဖစ္ေပၚခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ ေထာင့္ကန္ေဘာဟာ ဖာနန္ဒက္စ္နဲ႔ ထိမိၿပီး လမ္းေၾကာင္းေျပာင္းကာ ဂိုးေပါက္ေရွ႕မွ ဟယ္ရီ မက္ဂြဲယားက လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂိုးသြင္းယူတာထက္ လြဲေခ်ာ္ေအာင္ ကန္သြင္းတာက ပိုၿပီး ခက္ခဲခဲ့ႏိုင္ပါတယ္။

BT Sport ရဲ႕ အစီအစဥ္ တင္ဆက္သူ Ian Darke ကေတာ့ ဒါဟာ သခ်ၤာပညာကို အဓိပြာယ္ သတ္မွတ္ေပးတဲ့ လြဲေခ်ာ္မႈျဖစ္ၿပီး ျငင္းဆန္ဖို႔ ခက္ခဲလြန္းတယ္လို႔ ဆုိခဲ့ပါတယ္။ မက္ဂြဲယားကလည္း ဂိုးေပါက္ထဲမွာ ခဏတာ အံ့ၾသေနခဲ့ၿပီး ေဘာလုံးက သူနဲ႔အတူ မပါလာခဲ့တဲ့အေပၚ ေဝခြဲမရ ျဖစ္ေနခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာ မီလန္အသင္းက ကက္ဆီရဲ႕ သြင္းဂိုးနဲ႔အတူ ဦးေဆာင္ႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ VAR က ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။ ပထမပိုင္းမွာေတာ့ မီလန္က ပိုၿပီး ေကာင္းမြန္ခဲ့ပါတယ္။ ဒါေပမယ့္ လူစားဝင္ ကစားသမား အာမက္ ဒီယာလိုက ယူႏိုက္တက္ အတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့ပါတယ္။

အဲ့ဒီေနာက္ နာက်င္အခ်ိန္ပိုမွာ Simon Kjaer က ‌ေအစီမီလန္အသင္းအတြက္ ေခ်ပဂိုး သြင္းယူးေပးခဲ့ၿပီး ( ၁ – ၁ ) ရလာဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။
ဒုတိယ အေက်ာ့ ပြဲစဥ္ကိုေတာ့ လာမယ့္ မတ္လ ( ၁၈ ) ရက္ေန႔တြင္ ဆန္စီ႐ိုကြင္းမွာ ကစားရဖို႔ ရွိေနပါတယ္။