ယခုနှစ်ချန်ပီယံလိဂ်အရှင်သခင်က စီးတီးပဲလို့ မာဆင် ဟောကိန်းထုတ်

Photo Credit

Photo Credit

အာဆင်နယ်ဂန္ထဝင်ကစားသမား ပေါလ်မာဆင်က စီးတီးအေနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အစရှိတဲ့အသင်းကြီးတွေကို ကျော်ဖြတ်ကာ ချန်ပီယံဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ မာဆင်က ပရီးမီးယားလိဂ်ရာသီက အခုချိန်အထိ ရပ်နားထားဆဲဖြစ်ပေမယ့် စီးတီးက တခြားအသင်းတွေထက် ခေါင်းတစ်လုံးပိုမြင့်နေတယ်လို့ ဆိုပါတယ်။

Photo Credit

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂလန်ရှိဘောလုံးပွဲတွေကို မတ်လ ၁၃ ရက်နေ့ကတည်းက ရပ်နားထားပေမယ့် အခုတော့ ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကို သက်ဆိုင်ရာပြည်တွင်းပွဲတွေ ပြီးဆုံးချိန် သြဂုတ်လအတွင်း ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

Photo Credit

မာဆင်က ချန်ပီယံလိဂ်ပွဲတွေ ပြန်လည်ကျင်းပတော့မှာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပြီး ဒီရာသီမှာ အင်္ဂလိပ်ကလပ်တွေ ၂နှစ်ဆက် ချန်ပီယံလိဂ်ချန်ပီယံဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ကစားသမားဘဝကနေ အနားယူသွားပြီးနောက် ဘောလုံးရေးရာသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မာဆင်က စီးတီးအနေနဲ့ အသင်းစုဖွဲ့မှုမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်ထက် ပိုမိုတောင့်တင်းသလို ပီအက်စ်ဂျီက ပြင်သစ်လီဂူး-၁ ရာသီ ဖျက်သိမ်းထားလို့ ပွဲကြံ့ခိုင်မှုကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

Photo Credit

”တကယ်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်စဖြစ်တယ်ဆိုရင် စီးတီးပဲ ချန်ပီယံဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဘိုင်ယန်က ဘွန်ဒက်စ်လီဂါပြန်စနေပြီဖြစ်လို့ သူတို့က အသာရနေတယ်လို့ လူတွေက ပြောနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး။ ဘိုင်ယန်က အံ့အားသင့်စရာကောင်းတဲ့အသင်းဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာလည်း ချဲလ်ဆီးကို အနိုင်ရထားပါတယ်”

Photo Credit

”ဘိုင်ယန်က ချန်ပီယံလိဂ်ချန်ပီယံဖြစ်ဖို့ စိန်ခေါ်နေပေမယ့် စီးတီးက သူတို့ထက် အင်အားပိုတောင့်တယ်လို့ ထင်ပါတယ်။ ပွဲတစ်ပွဲမှာ လူစားလဲမှု ၅ကြိမ်အထိပြုလုပ်နိုင်တာက စီးတီးအတွက်တော့ ပိုအကျိုးရှိလာနိုင်ပါတယ်။ အမှတ်ပေးချန်ပီယံဆုက စီးတီးအတွက် မဖြစ်နိုင်တော့လို့ ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်နေပါတယ်။ ပီအက်စ်ဂျီကလည်း အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ပြင်သစ်လီဂူး-၁ က ဖျက်သိမ်းလိုက်လို့ သူတို့အတွက် အခက်တွေ့လာနိုင်ပါတယ်။ ပွဲမကစားရဘဲ ဘယ်လိုရှေ့ဆက်မလဲ”လို့ မာဆင်က ပြောပါတယ်။

Photo Credit

စီးတီးဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့မှာ နာမည်ကြီး ရီးရဲလ်ကို ဘာနေဗျူးမှာ ၁-၂ ဂိုးနဲ့ အနိုင်ရထားပြီး ပီအက်စ်ဂျီကတော့ ဒေါ့မွန်ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိထားပြီးဖြစ်ပါတယ်။

Photo Credit

Zawgyi

ယခုႏွစ္ခ်န္ပီယံလိဂ္အရွင္သခင္က စီးတီးပဲလို႔ မာဆင္ ေဟာကိန္းထုတ္

အာဆင္နယ္ဂႏၴဝင္ကစားသမား ေပါလ္မာဆင္က စီးတီးေအေနနဲ႔ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ပီအက္စ္ဂ်ီ အစရွိတဲ့အသင္းႀကီးေတြကို ေက်ာ္ျဖတ္ကာ ခ်န္ပီယံျဖစ္လာႏိုင္တယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။ မာဆင္က ပရီးမီးယားလိဂ္ရာသီက အခုခ်ိန္အထိ ရပ္နားထားဆဲျဖစ္ေပမယ့္ စီးတီးက တျခားအသင္းေတြထက္ ေခါင္းတစ္လုံးပိုျမင့္ေနတယ္လို႔ ဆိုပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အဂၤလန္ရွိေဘာလုံးပြဲေတြကို မတ္လ ၁၃ ရက္ေန႔ကတည္းက ရပ္နားထားေပမယ့္ အခုေတာ့ ဇြန္လ ၁၇ ရက္ေန႔မွာ ျပန္လည္စတင္ေတာ့မွာျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ပြဲေတြကို သက္ဆိုင္ရာျပည္တြင္းပြဲေတြ ၿပီးဆုံးခ်ိန္ ၾသဂုတ္လအတြင္း ျပန္လည္က်င္းပဖို႔ ျပင္ဆင္ေနပါတယ္။
မာဆင္က ခ်န္ပီယံလိဂ္ပြဲေတြ ျပန္လည္က်င္းပေတာ့မွာကို စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ေမွ်ာ္ေနၿပီး ဒီရာသီမွာ အဂၤလိပ္ကလပ္ေတြ ၂ႏွစ္ဆက္ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ကစားသမားဘဝကေန အနားယူသြားၿပီးေနာက္ ေဘာလုံးေရးရာသုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ မာဆင္က စီးတီးအေနနဲ႔ အသင္းစုဖြဲ႕မႈမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘိုင္ယန္ထက္ ပိုမိုေတာင့္တင္းသလို ပီအက္စ္ဂ်ီက ျပင္သစ္လီဂူး-၁ ရာသီ ဖ်က္သိမ္းထားလို႔ ပြဲႀကံ့ခိုင္မႈကင္းမဲ့ေနတယ္လို႔ ဆိုပါတယ္။
”တကယ္လို႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ျပန္စျဖစ္တယ္ဆိုရင္ စီးတီးပဲ ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ ဘိုင္ယန္က ဘြန္ဒက္စ္လီဂါျပန္စေနၿပီျဖစ္လို႔ သူတို႔က အသာရေနတယ္လို႔ လူေတြက ေျပာေနၾကပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ အဲဒီလိုမထင္ဘူး။ ဘိုင္ယန္က အံ့အားသင့္စရာေကာင္းတဲ့အသင္းျဖစ္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာလည္း ခ်ဲလ္ဆီးကို အႏိုင္ရထားပါတယ္”
”ဘိုင္ယန္က ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ဖို႔ စိန္ေခၚေနေပမယ့္ စီးတီးက သူတို႔ထက္ အင္အားပိုေတာင့္တယ္လို႔ ထင္ပါတယ္။ ပြဲတစ္ပြဲမွာ လူစားလဲမႈ ၅ႀကိမ္အထိျပဳလုပ္ႏိုင္တာက စီးတီးအတြက္ေတာ့ ပိုအက်ိဳးရွိလာႏိုင္ပါတယ္။ အမွတ္ေပးခ်န္ပီယံဆုက စီးတီးအတြက္ မျဖစ္ႏိုင္ေတာ့လို႔ ခ်န္ပီယံလိဂ္ကိုပဲ အာ႐ုံစိုက္ေနပါတယ္။ ပီအက္စ္ဂ်ီကလည္း အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ ျပင္သစ္လီဂူး-၁ က ဖ်က္သိမ္းလိုက္လို႔ သူတို႔အတြက္ အခက္ေတြ႕လာႏိုင္ပါတယ္။ ပြဲမကစားရဘဲ ဘယ္လိုေရွ႕ဆက္မလဲ”လို႔ မာဆင္က ေျပာပါတယ္။
စီးတီးဟာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပ-အေက်ာ့မွာ နာမည္ႀကီး ရီးရဲလ္ကို ဘာေနဗ်ဴးမွာ ၁-၂ ဂိုးနဲ႔ အႏိုင္ရထားၿပီး ပီအက္စ္ဂ်ီကေတာ့ ေဒါ့မြန္ကို ေက်ာ္ျဖတ္ကာ ကြာတားဖိုင္နယ္အဆင့္ကို ေရာက္ရွိထားၿပီးျဖစ္ပါတယ္။