မှော်ဆရာမဟုတ်သလို စပါးကလည်း ထိပ်သီးအသင်းတွေနဲ့ အဆင့်ကွာနေဆဲလို့ ကွန်တီ ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဆလိုဗေးနီးယားအသင်းငယ်လေး မူရာကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပြီးနောက်မှာတော့

စပါးဟာ အများထင်မြင်ယူဆထားကြသလို အရည်အသွေးမြင့်တဲ့ အသင်းမဟုတ်သေးဘဲ ထိပ်သီးအသင်းတွေနဲ့အဆင့်ကွာနေသေးတယ်လို့ နည်းပြ ကွန်တီက ဝန်ခံလိုက်ပါတယ်။

မူရာအတွက် ဦးဆောင်ဂိုးကို တိုမီဟော်ဗက်က ၁၁ မိနစ်မှာ သွင်းယူခဲ့သလို စပါးကစားသမား ဆက်ဆဆီနွန်ကလည်း ၃၂ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

၁ ဦးလျော့နေတဲ့ စပါးအတွက် ပွဲပြီးဖို့ ၁၈ မိနစ်အလိုမှာ ဟယ်ရီကိန်းက ချေပဂိုးသွင်းခဲ့ပေမယ့် အဲ့ဒိပွဲရဲ့ နောက်ဆုံးကန်ချက်နဲ့အတူ မူရာအတွက် အမာဒက်မိုရာဆာက ၉၄ မိနစ်မှာ အနိုင်ဂိုးသွင်းသွားခဲ့တာပါ။

စပါးဟာ ဒီရှုံးပွဲကြောင့် နောက်တစ်ဆင့်တက်ဖို့ မရေမရာဖြစ်သွားပြီး အုပ်စုမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရန်းနက်စ်ကို ဒီဇင်ဘာ ၉ ရက်နေ့ အိမ်ကွင်းပွဲမှာ မဖြစ်မနေ အနိုင်ကစားရတော့မှာပါ။

ပထမအကျော့က အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ မူရာလို အသင်းငယ်လေးကို ရှုံးနိမ့်ခဲ့လို့ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ စပါးပရိသတ် ၂၀၀၀ ကိုလည်း အသင်းခေါင်းဆောင် ဟယ်ရီကိန်းက တောင်းပန်ခဲ့ပါတယ်။

စပါးကိုတာဝန်ယူပြီးနောက် ၄ ပွဲမြောက်မှာ ပထမဆုံးရှုံးပွဲတွေ့သွားတဲ့ နည်းပြ ကွန်တီကတော့ သူဟာ မှော်ဆရာ မဟုတ်ကြောင်း၊

စပါးကိုတာဝန်ယူတာကလည်း သီတင်းပတ် ၃ ပတ်သာ ရှိသေးကြောင်း၊ စပါးမှာ အားလုံးကို နားလည်သိရှိဖို့ လုပ်ဆောင်နေရဆဲဖြစ်ကြောင်း၊

ဒါပေမယ့်စပါးဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ အဆင့်ကွာနေဆဲဖြစ်ပြီး အများထင်သလို အရည်အသွေးမြင့်အသင်းတစ်သင်းမဟုတ်သေးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

စပါးမှာ ကစားခဲ့ဖူးပြီး လက်ရှိမှာ ရုပ်သံကနေ ဘောလုံးသုံးသပ်ဝေဖန်သူလုပ်နေတဲ့ ဂျေမီအိုဟားရားကတော့ မူရာနဲ့ပွဲမျိုးဟာ အင်္ဂလန်က ဒေသဆိုင်ရာကလပ်အသင်းမျိုးနဲ့သာ ကစားသင့်တဲ့ ပွဲမျိုးလို့ ဆိုပါတယ်။

ဒါ့အပြင် မူရာပွဲက ခြေစွမ်းတွေအရ အာလီ၊ အန်ဒွန်ဘီလီ၊ ဒိုဟာတီ၊ ဒိုင်ဗာဆန် ဆန်ချက်ဇ်တို့ဟာ စပါးအတွက် ကစားဖို့ မထိုက်တန်ကြဘူးလို့လည်း ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမွာ္ဆရာမဟုတ္သလို စပါးကလည္း ထိပ္သီးအသင္းေတြနဲ႔ အဆင့္ကြာေနဆဲလို႔ ကြန္တီ ဝန္ခံ

ယူ႐ိုပါ ကြန္းဖရန္႔လိဂ္ၿပိဳင္ပြဲမွာ ဆလိုေဗးနီးယားအသင္းငယ္ေလး မူရာကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္သြားခဲ့ၿပီးေနာက္မွာေတာ့ စပါးဟာ အမ်ားထင္ျမင္ယူဆထားၾကသလို အရည္အေသြးျမင့္တဲ့ အသင္းမဟုတ္ေသးဘဲ ထိပ္သီးအသင္းေတြနဲ႔အဆင့္ကြာေနေသးတယ္လို႔ နည္းျပ ကြန္တီက ဝန္ခံလိုက္ပါတယ္။

မူရာအတြက္ ဦးေဆာင္ဂိုးကို တိုမီေဟာ္ဗက္က ၁၁ မိနစ္မွာ သြင္းယူခဲ့သလို စပါးကစားသမား ဆက္ဆဆီႏြန္ကလည္း ၃၂ မိနစ္မွာ ၂ ဝါ ၁ နီနဲ႔ အထုတ္ခံခဲ့ရပါတယ္။ ၁ ဦးေလ်ာ့ေနတဲ့ စပါးအတြက္ ပြဲၿပီးဖို႔ ၁၈ မိနစ္အလိုမွာ ဟယ္ရီကိန္းက ေခ်ပဂိုးသြင္းခဲ့ေပမယ့္ အဲ့ဒိပြဲရဲ႕ ေနာက္ဆုံးကန္ခ်က္နဲ႔အတူ မူရာအတြက္ အမာဒက္မိုရာဆာက ၉၄ မိနစ္မွာ အႏိုင္ဂိုးသြင္းသြားခဲ့တာပါ။

စပါးဟာ ဒီရႈံးပြဲေၾကာင့္ ေနာက္တစ္ဆင့္တက္ဖို႔ မေရမရာျဖစ္သြားၿပီး အုပ္စုမွာ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ ရန္းနက္စ္ကို ဒီဇင္ဘာ ၉ ရက္ေန႔ အိမ္ကြင္းပြဲမွာ မျဖစ္မေန အႏိုင္ကစားရေတာ့မွာပါ။

ပထမအေက်ာ့က အိမ္ကြင္းမွာ ၅-၁ နဲ႔ အႏိုင္ရခဲ့တဲ့ မူရာလို အသင္းငယ္ေလးကို ရႈံးနိမ့္ခဲ့လို႔ အေဝးကြင္းကို လိုက္ပါအားေပးတဲ့ စပါးပရိသတ္ ၂၀၀၀ ကိုလည္း အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ေတာင္းပန္ခဲ့ပါတယ္။

စပါးကိုတာဝန္ယူၿပီးေနာက္ ၄ ပြဲေျမာက္မွာ ပထမဆုံးရႈံးပြဲေတြ႕သြားတဲ့ နည္းျပ ကြန္တီကေတာ့ သူဟာ ေမွာ္ဆရာ မဟုတ္ေၾကာင္း၊ စပါးကိုတာဝန္ယူတာကလည္း သီတင္းပတ္ ၃ ပတ္သာ ရွိေသးေၾကာင္း၊ စပါးမွာ အားလုံးကို နားလည္သိရွိဖို႔ လုပ္ေဆာင္ေနရဆဲျဖစ္ေၾကာင္း၊ ဒါေပမယ့္စပါးဟာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြနဲ႔ အဆင့္ကြာေနဆဲျဖစ္ၿပီး အမ်ားထင္သလို အရည္အေသြးျမင့္အသင္းတစ္သင္းမဟုတ္ေသးေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

စပါးမွာ ကစားခဲ့ဖူးၿပီး လက္ရွိမွာ ႐ုပ္သံကေန ေဘာလုံးသုံးသပ္ေဝဖန္သူလုပ္ေနတဲ့ ေဂ်မီအိုဟားရားကေတာ့ မူရာနဲ႔ပြဲမ်ိဳးဟာ အဂၤလန္က ေဒသဆိုင္ရာကလပ္အသင္းမ်ိဳးနဲ႔သာ ကစားသင့္တဲ့ ပြဲမ်ိဳးလို႔ ဆိုပါတယ္။ ဒါ့အျပင္ မူရာပြဲက ေျခစြမ္းေတြအရ အာလီ၊ အန္ဒြန္ဘီလီ၊ ဒိုဟာတီ၊ ဒိုင္ဗာဆန္ ဆန္ခ်က္ဇ္တို႔ဟာ စပါးအတြက္ ကစားဖို႔ မထိုက္တန္ၾကဘူးလို႔လည္း ျပင္းထန္စြာ ေဝဖန္ခဲ့ပါတယ္။