
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနေ့က အင်္ဂါနေ့မှာ အစ္စ ရေးနိုင်ငံ၊ တဲလ်အဗစ်မြို့က ဘလွမ်းဖီးလ်ကွင်းမှာ ရီးရဲလ်မက်ဒရစ် ဂန္ထဝင်အသင်းနဲ့ဘာစီလိုနာဂန္ထဝင်အသင်းတို့ဟာ ငြိမ်းချမ်းရေးချစ်ကြည်ရေး ပွဲကစားခဲ့ကြပါတယ်။
ဒီပွဲမှာ ဖီဂို၊ကားလို့စ်၊ ဒေကို အစရှိတဲ့ နာမည်ကျော်ကစားသမားတွေပါဝင်ခဲ့ပေမယ့် အသက်(၄၁)နှစ်အရွယ်ရှိ ရော်နယ်ဒင်ဟို ရဲ့ခြေစွမ်းကတော့ တစ်ခြားသူတွေထက် ထူးထူးခြားခြားထင် ပေါ်ခဲ့ပါတယ်။
အသက်အရွယ်အရကြံ့ခိုင်မှုပိုင်းမှာ အကောင်းဆုံးပုံစံအနေအထားမျိုး မရှိတော့ပေမယ့် သူ့ခြေထောက်ထဲကို့ဘောလုံးရောက်လာတိုင်း ပရိသတ်( နှစ်သောင်းကိုးထောင်ကျော်)ရဲ့ ရှေ့မှောက်မှာ သူ့ရဲ့ ဘောလုံးပဉ္စလက်ပညာတွေကို မနားတမ်းပြသပြီး ပရိသတ်တွေကိုဖျော်ဖြေမှုပြုလုပ်ခဲ့ပါတယ်။
ရော်နယ်ဒင်ဟို အတွက်တော့ ကိုဗစ်ကြောင့် တစ်နှစ်ကျော်အကြာမှ ပြန်ကစားတဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပြီး သူကစားရတဲ့ ပွဲစဉ်မှာ တော်တော်လေးကို ပျော်ရွှင်နေတာတွေ့ရပါတယ်။
သူဟာဘာစီလိုနာဂန္ထဝင်အသင်းအတွက်အဖွင့်ဂိုးကိုပင်နယ်တီကနေတဆင့်သွင်းယူပြီးနောက်ကစားသမားဘဝတုန်းကသူ့အောင်ပွဲခံပုံစံမျိုးဖြင့်အောင်ပွဲခံခဲ့ပါသေးတယ်။
ရော်နယ်ဒင်ဟို ဟာ ပထမပိုင်းမှာ ဘာစီလိုနာ ဂန္တဝင်အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး သူ့ရဲ့နာမည်ကျော် အောင်ပွဲခံပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။
သူ့ရဲ့ကန်ချက်တစ်ကြိမ်တိုင်ထိထွက်ခဲ့သလို ရှေ့တက်နေတဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကို ကျော်ပြီးအဝေးက လှမ်းကန်ချက်က ဂိုးမဝင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဒီပွဲမှာရော်နယ်ဒင်ဟိုလိုမျိုး အပြုံးမျက်နှာနဲ့ ပျော်ရွှင်စွာ ကစားခဲ့တဲ့ကစားသမားမျိုးမရှိသလို သူ့ခြေစွမ်းမျိုးနဲ့ကစားနိုင်သေး တဲ့ကစားသမားလည်းမရှိခဲ့ပါဘူး။
ဒါပေမယ့်ဒီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းက ပီဒရိုမြူနီတက်စ်၊ အယ်ဖွန်ဆိုပီရက်ဇ်၊ ရူဘင်ဒီလာရက်တို့ သွင်းယူတဲ့ဂိုးတွေကြောင့် (၃-၂)ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။
ဘာစီလိုနာန္ထဝင် အသင်း အတွက်ဂိုးတွေကိုတော့ ဂျိုဖရီနှင့်ရော်နယ်ဒင်ဟိုတို့ ကသွင်းယူခဲ့ကြပါတယ်။
ရော်နယ်ဒင်ဟိုဟာ (၂၀၂၀) ခုနှစ်က ပါရာဂွေး နိုင်ငံကို ပတ်စပို့အတုနဲ့ ဝင်ရောက်ခဲ့လို့ အကျဉ်းကျခံခဲ့ရသလို အခုနှစ်အစောပိုင်းက မိခင်ဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ အတွက် ဘဝကို အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ရသူလည်ဖြစ်ပါ။
သူဟာငွေကြေးပြဿနာတွေ ကြောင့် ကုန်းကောက်စရာမရှိတဲ့ အနေအထားအထိ့ရောက်ခဲ့ပေမယ့် ထောင်ကထွက်လာပြီးချိန်ကတည်းကစပြီး
(၂၀၂၁)ခုနှစ်မှာတော့ သူဟာ အပြောင်းအလဲများစွာပြုလုပ်ခဲ့ကာ ငွကြေးရရှိရေးအတွက် အလုပ်တွေကို ကြိုးစားလုပ်ဆောင်ခဲ့တာကြောင့် အခုအချိန်မှာတော့ သူ့ရဲ့ ငွေကြေးဆိုင်ရာပြဿနာတွေကနေ ပြန်လည်အဆင်ပြေလာခဲ့ပါပြီ။
ရော်နယ်ဒင်ဟို ဟာ ဘာစီလိုနာ အသင်းမှာ (၂၀၀၃) ကနေ (၂၀၀၈)အထိ ကစားခဲ့ပြီး လာလီဂါဖလား(၂)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေမွာ္ဆန္တဲ့ ေဘာလုံး ပၪၥလက္ေတြနဲ႕ ပရိသတ္ကို ဖမ္းစားႏိုင္စြမ္းမက် ေသးတဲ့ ေရာ္နယ္ဒင္ဟို
မေန႕က အဂၤါေန႔မွာ အစၥ ေရးႏိုင္ငံ၊ တဲလ္အဗစ္ျမိဳ႕က ဘလြမ္းဖီးလ္ကြင္းမွာ ရီးရဲလ္မက္ဒရစ္ ဂႏၴဝင္အသင္းနဲ႕ဘာစီလိုနာဂႏၴဝင္အသင္းတို႔ဟာ ၿငိမ္းခ်မ္းေရးခ်စ္ၾကည္ေရး ပြဲကစားခဲ့ၾကပါတယ္။ ဒီပြဲမွာ ဖီဂို၊ကားလို႔စ္၊ ေဒကို အစရွိတဲ့ နာမည္ေက်ာ္ကစားသမားေတြပါဝင္ခဲ့ေပမယ့္ အသက္(၄၁)ႏွစ္အရြယ္ရွိ ေရာ္နယ္ဒင္ဟို ရဲ့ေျခစြမ္းကေတာ့ တစ္ျခားသူေတြထက္ ထူးထူးျခားျခားထင္ ေပၚခဲ့ပါတယ္။
အသက္အ႐ြယ္အရႀကံ့ခိုင္မႈပိုင္းမွာ အေကာင္းဆုံးပုံစံအေနအထားမ်ိဳး မရွိေတာ့ေပမယ့္ သူ႔ေျခေထာက္ထဲကို ႔ေဘာလုံးေရာက္လာတိုင္ းပရိသတ္( ႏွစ္ေသာင္းကိုးေထာင္ေက်ာ္)ရဲ႕ ေရွ႕ေမွာက္မွာ သူ႕ရဲ႕ ေဘာလုံးပၪၥလက္ပညာေတြကို မနားတမ္းျပသၿပီး ပရိသတ္ေတြကိုေဖ်ာ္ေျဖမႈျပဳလုပ္ခဲ့ပါတယ္။
ေရာ္နယ္ဒင္ဟို အတြက္ေတာ့ ကိုဗစ္ေၾကာင့္ တစ္ႏွစ္ေက်ာ္အၾကာမွ ျပန္ကစားတဲ့ ပထမဆုံးပြဲျဖစ္ခဲ့ၿပီး သူကစားရတဲ့ ပြဲစဥ္မွာ ေတာ္ေတာ္ေလးကို ေပ်ာ္႐ႊင္ေနတာေတြ႕ရပါတယ္။
သူဟာဘာစီလိုနာဂႏၴဝင္အသင္းအတြက္အဖြင့္ဂိုးကိုပင္နယ္တီကေနတဆင့္သြင္းယူၿပီးေနာက္ကစားသမားဘဝတုန္းကသူ႔ေအာင္ပြဲခံပုံစံမ်ိဳးျဖင့္ေအာင္ပြဲခံခဲ့ပါေသးတယ္။ ေရာ္နယ္ဒင္ဟို ဟာ ပထမပိုင္းမွာ ဘာစီလိုနာ ဂႏၲဝင္အသင္းအတြက္ အဖြင့္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးခဲ့ၿပီး သူ႔ရဲ့နာမည္ေက်ာ္ ေအာင္ပြဲခံပုံစံမ်ိဳးနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။
သူ႔ရဲ႕ကန္ခ်က္တစ္ႀကိမ္တိုင္ထိထြက္ခဲ့သလို ေရွ႕တက္ေနတဲ့ ရီးရဲလ္မက္ဒရစ္ဂိုးသမားကို ေက်ာ္ၿပီးအေဝးက လွမ္းကန္ခ်က္က ဂိုးမဝင္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။ ဒီပြဲမွာေရာ္နယ္ဒင္ဟိုလိုမ်ိဳး အၿပဳံးမ်က္ႏွာနဲ႕ ေပ်ာ္ရႊင္စြာ ကစားခဲ့တဲ့ကစားသမားမ်ိဳးမရွိသလို သူ႔ေျခစြမ္းမ်ိဳးနဲ႔ကစားႏိုင္ေသး တဲ့ကစားသမားလည္းမရွိခဲ့ပါဘူး။
ဒါေပမယ့္ဒီပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းက ပီဒ႐ိုျမဴနီတက္စ္၊ အယ္ဖြန္ဆိုပီရက္ဇ္၊ ႐ူဘင္ဒီလာရက္တို႔ သြင္းယူတဲ့ဂိုးေတြေၾကာင့္ (၃-၂)ရလဒ္နဲ႕အႏိုင္ရရွိသြားခဲ့ပါတယ္။ ဘာစီလိုနာႏၴဝင္ အသင္း အတြက္ဂိုးေတြကိုေတာ့ ဂ်ိဳဖရီႏွင့္ေရာ္နယ္ဒင္ဟိုတို႔ ကသြင္းယူခဲ့ၾကပါတယ္။
ေရာ္နယ္ဒင္ဟိုဟာ (၂၀၂၀) ခုႏွစ္က ပါရာေဂြး နိုင္ငံကို ပတ္စပို႔အတုနဲ႔ ဝင္ေရာက္ခဲ့လို႔ အက်ဥ္းက်ခံခဲ့ရသလို အခုႏွစ္အေစာပိုင္းက မိခင္ျဖစ္သူဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့တဲ့ အတြက္ ဘဝကို အခက္အခဲမ်ားစြာႏွင့္ရင္ဆိုင္ခဲ့ရသူလည္ျဖစ္ပါ။
သူဟာေငြေၾကးျပႆနာေတြ ေၾကာင့္ ကုန္းေကာက္စရာမရွိတဲ့ အေနအထားအထိ ႔ေရာက္ခဲ့ေပမယ့္ ေထာင္ကထြက္လာၿပီးခ်ိန္ကတည္းကစၿပီး (၂၀၂၁)ခုႏွစ္မွာေတာ့ သူဟာ အေျပာင္းအလဲမ်ားစြာျပဳလုပ္ခဲ့ကာ ငြေၾကးရရွိေရးအတြက္ အလုပ္ေတြကို ႀကိဳးစားလုပ္ေဆာင္ခဲ့တာေၾကာင့္ အခုအခ်ိန္မွာေတာ့ သူ႕ရဲ႕ ေငြေၾကးဆိုင္ရာျပႆနာေတြကေန ျပန္လည္အဆင္ေျပလာခဲ့ပါၿပီ။
ေရာ္နယ္ဒင္ဟို ဟာ ဘာစီလိုနာ အသင္းမွာ (၂၀၀၃) ကေန (၂၀၀၈)အထိ ကစားခဲ့ၿပီး လာလီဂါဖလား(၂)ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား (၁)ႀကိမ္ရယူနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။