မှတ်တမ်းတွေအရတော့ ဂွါဒီယိုလာကို အနိုင်ဆုံးနည်းပြက ဂျာဂင်ကလော့ပ်ဖြစ်နေ

photo-sky sports

photo-gettyimages

Super Sunday ရဲ့မြန်မာစံတော်ချိန် ည ၁၁ နာရီမှာကစားမယ့် လီဗာပူးနဲ့မန်စီးတီးတို့ရဲ့ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းဟာ ပရိသတ်တွေအတွက် အခုကတည်းက စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်သလို ချန်ပီယံဆုအတွက်လည်း အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် လက်ရှိကမ္ဘာ့အကောင်းဆုံးနည်းပြတွေဖြစ်ကြတဲ့ ဂျာဂင်ကလော့ပ်နဲ့ဂွါဒီယိုလာတို့ကြားက အားပြိုင်မှုဖြစ်နေတာကြောင့် ပိုစိတ်ဝင်စားစရာကောင်းနေတာပါ။

photo-gettyimages

ဆုဖလားအောင်မြင်မှုအရေအတွက်အရ ဂွါဒီယိုလာက ဂျာဂင်ကလော့ပ်ထက် အများကြီးပိုသာပေမယ့် မှတ်တမ်းတွေအရတော့ ဂွါဒီယိုလာကို အနိုင်ဆုံးနည်းပြက ဂျာဂင်ကလော့ပ်ဖြစ်နေပါတယ်။ ဂွါဒီယိုလာကို ဘယ်နည်းပြကမှ ဂျာဂင်ကလော့ပ်လောက် မနိုင်ခဲ့ပါဘူး။ ဘွန်ဒက်စ်လီဂါမှာကတည်းက ပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ ဂွါဒီယိုလာနဲ့ဂျာဂင်ကလော့ပ်တို့ကြားမှာ ထိပ်တိုက်တွေ့ဆုံမှုစုစုပေါင်း ၁၇ ကြိမ်ရှိခဲ့ပြီး အဲဒီမှာ ကလော့ပ်က ၈ ပွဲနိုင်ပြီး ဂွါဒီယိုလာက ၇ ပွဲနိုင်ကာ ၂ ပွဲသရေကျခဲ့ပါတယ်။ စုစုပေါင်းထိပ်တိုက်တွေ့ဆုံမှုမှာတင် တစ်ယောက်နဲ့တစ်ယောက်နဲ့သိပ်ကွာတာမဟုတ်ကြသလို သူတို့ကြားက ပရီးမီးယားလိဂ်တွေ့ဆုံမှု ၆ ကြိမ်မှာလည်း ၂ ပွဲစီနိုင်၊ ၂ ပွဲသရေနဲ့ ၂ ပွဲစီရှုံးထားကြပါတယ်။

photo-gettyimages

ဒါကြောင့် အန်ဖီးလ်က အခုတစ်ပတ်တွေ့ဆုံမှုဟာ ပရီးမီးယားလိဂ်က တွေ့ဆုံမှုတွေမှာ သူတို့ကြား ဘယ်သူနှာတစ်ဖျားပိုသာသွားမလဲဆိုတာကို ဆုံးဖြတ်ပေးမှာပါ။ ဂွါဒီယိုလာနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဒုတိယအနိုင်ဆုံးနည်းပြက မန်ယူနည်းပြဟောင်းမော်ရင်ဟိုဖြစ်ပြီး ၅ ပွဲအနိုင်ရခဲ့တာပါ။ ပိုချက်တီနိုနဲ့အာစင်ဝင်းဂါးတို့ကတော့ ဂွါဒီယိုလာကို ၃ ပွဲစီနိုင်ထားကြပါတယ်။

[Zawgyi]

မွတ္တမ္းေတြအရေတာ့ ဂြါဒီယိုလာကို အႏိုင္ဆုံးနည္းျပက ဂ်ာဂင္ကေလာ့ပ္ျဖစ္ေန

Super Sunday ရဲ႕ျမန္မာစံေတာ္ခ်ိန္ ည ၁၁ နာရီမွာကစားမယ့္ လီဗာပူးနဲ႔မန္စီးတီးတို႔ရဲ႕ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းဟာ ပရိသတ္ေတြအတြက္ အခုကတည္းက စိတ္လႈပ္ရွားစရာေကာင္းေနပါတယ္။ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးႏွစ္သင္းရဲ႕ေတြ႕ဆုံမႈျဖစ္သလို ခ်န္ပီယံဆုအတြက္လည္း အဆုံးအျဖတ္ျဖစ္လာႏိုင္ပါတယ္။ အထူးသျဖင့္ လက္ရွိကမာၻ႔အေကာင္းဆုံးနည္းျပေတြျဖစ္ၾကတဲ့ ဂ်ာဂင္ကေလာ့ပ္န႔ဲဂြါဒီယိုလာတို႔ၾကားက အားၿပိဳင္မႈျဖစ္ေနတာေၾကာင့္ ပိုစိတ္၀င္စားစရာေကာင္းေနတာပါ။

ဆုဖလားေအာင္ျမင္မႈအေရအတြက္အရ ဂြါဒီယိုလာက ဂ်ာဂင္ကေလာ့ပ္ထက္ အမ်ားႀကီးပိုသာေပမယ့္ မွတ္တမ္းေတြအရေတာ့ ဂြါဒီယိုလာကို အႏိုင္ဆုံးနည္းျပက ဂ်ာဂင္ကေလာ့ပ္ျဖစ္ေနပါတယ္။ ဂြါဒီယိုလာကို ဘယ္နည္းျပကမွ ဂ်ာဂင္ကေလာ့ပ္ေလာက္ မႏိုင္ခဲ့ပါဘူး။ ဘြန္ဒက္စ္လီဂါမွာကတည္းက ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကတဲ့ ဂြါဒီယိုလာနဲ႔ဂ်ာဂင္ကေလာ့ပ္တို႔ၾကားမွာ ထိပ္တိုက္ေတြ႕ဆုံမႈစုစုေပါင္း ၁၇ ႀကိမ္ရွိခဲ့ၿပီး အဲဒီမွာ ကေလာ့့ပ္က ၈ ပြဲႏိုင္ၿပီး ဂြါဒီယုိလာက ၇ ပြဲႏိုင္ကာ ၂ ပြဲသေရက်ခဲ့ပါတယ္။ စုစုေပါင္းထိပ္တိုက္ေတြ႕ဆံုမႈမွာတင္ တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔သိပ္ကြာတာမဟုတ္ၾကသလို သူတုိ႔ၾကားက ပရီးမီးယားလိဂ္ေတြ႕ဆုံမႈ ၆ ႀကိမ္မွာလည္း ၂ ပြဲစီႏိုင္၊ ၂ ပြဲသေရနဲ႔ ၂ ပြဲစီရႈံးထားၾကပါတယ္။

ဒါေၾကာင့္ အန္ဖီးလ္က အခုတစ္ပတ္ေတြ႕ဆုံမႈဟာ ပရီးမီးယားလိဂ္က ေတြ႕ဆုံမႈေတြမွာ သူတို႔ၾကား ဘယ္သူႏွာတစ္ဖ်ားပိုသာသြားမလဲဆိုတာကို ဆုံးျဖတ္ေပးမွာပါ။ ဂြါဒီယိုလာနဲ႔ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ ဒုတိယအႏိုင္ဆုံးနည္းျပက မန္ယူနည္းျပေဟာင္းေမာ္ရင္ဟိုျဖစ္ၿပီး ၅ ပြဲအႏိုင္ရခဲ့တာပါ။ ပိုခ်က္တီႏိုနဲ႔အာစင္၀င္းဂါးတုိ႔ကေတာ့ ဂြါဒီယိုလာကို ၃ ပြဲစီႏိုင္ထားၾကပါတယ္။