မှတ်တမ်းဆိုးတွေ ကိုယ်စီပိုင်ဆိုင်ခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဒီနှစ်သင်းဟာ မှတ်တမ်းဆိုးတွေကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းကလည်း ဂိုးမရှိသရေနဲ့ပွဲပြီးဆုံးခဲ့တာကြောင့် နှစ်ကျော့စလုံး (ဝ-၀)ဂိုးရလဒ်တွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒီနှစ်သင်းဆုံတွေ့တဲ့ နှစ်ကျော့စလုံးမှာ ဂိုးမရှိသရေကျခဲ့တာက တစ်ခါမှမဖြစ်ဘူးဘဲ ဒီရာသီမှပထမဆုံးအကြိမ် အခုလိုရလဒ်ထွက်ပေါ်ခဲ့တာပါ။ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ပရီးမီးယားလိဂ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲတွေရှိခဲ့ဖူးပေမယ့် အခုလိုမျိုး နှစ်ကျော့စလုံး ဂိုးမသွင်းနိုင်တာတော့ မရှိခဲ့ပါဘူး။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာတော့ ၁၉၂၁-၂၂ ရာသီတုန်းက ချယ်လ်ဆီးနဲ့ယူနိုက်တက်အသင်းတို့ အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး ဂိုးမရှိသရေကျခဲ့ပြီး (၉၉)နှစ်အကြာမှာ အဲဒီလိုမှတ်တမ်းဆိုးနဲ့ ပြန်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ပယ်နယ်တီရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ဒိုင်လူကြီးစတူးဝပ်အက်ဝဲလ်က ငြင်းပယ်ခဲ့ပါတယ်။

ပယ်နယ်တီဧရိယာအတွင်း ချယ်လ်ဆီးကစားသမား အိုဒွိုင်းနဲ့ ယူနိုက်တက်တိုက်စစ်ကစားသမား ဂရင်းဝုဒ်တို့ ဘောလုံးယှဉ်လုဖို့ကြိုးစားရင်းက အိုဒွိုင်းရဲ့လက်နဲ့ ဘောလုံးထိခဲ့ပြီး ဒိုင်လူကြီးစတူးဝပ်အက်ဝဲလ်ဟာ VAR ပြန်ကြည့်ခဲ့ပေမယ့် မတော်တဆဖြစ်ရပ်လို့ သတ်မှတ်ခဲ့တာကြောင့် ပယ်နယ်တီမပေးခဲ့ပါဘူး။

နောက်ပြီး ချယ်လ်ဆီးနောက်ခံလူ အက်ဇ်ပီလီကွယ်တာကို ကိုယ့်အသင်းပယ်နယ်တီဧရိယာအတွင်း မက်ဂွိုင်းယား ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောမပေးခဲ့လို့ အငြင်းပွားစရာတွေဖြစ်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကတော့ သေချာပေါက်ပယ်နယ်တီပေးသင့်တယ်လို့ ပွဲအပြီးမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခုပွဲမှာ သရေကျခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကို တစ်မှတ်အသာနဲ့ အဆင့်(၄)နေရာတက်ရောက်ခွင့် ရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့သလို ယူနိုက်တက်အသင်းဟာလည်း ထိပ်ဆုံးက မန်စီးတီးနဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခြင်းမရှိဘဲ (၁၂)မှတ်အထိကွာဟသွားပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မွတ္တမ္းဆိုးေတြ ကိုယ္စီပိုင္ဆိုင္ခဲ့ၾကတဲ့ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္

မေန႔ကစားခဲ့တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲမွာ ဂိုးမရွိသေရရလဒ္ထြက္ေပၚခဲ့တာေၾကာင့္ ဒီႏွစ္သင္းဟာ မွတ္တမ္းဆိုးေတြကိုယ္စီ ပိုင္ဆိုင္ခဲ့ၾကပါတယ္။ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ပထမအေက်ာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဆုံေတြ႕ခဲ့တုန္းကလည္း ဂိုးမရွိသေရနဲ႔ပြဲၿပီးဆုံးခဲ့တာေၾကာင့္ ႏွစ္ေက်ာ့စလုံး (ဝ-၀)ဂိုးရလဒ္ေတြထြက္ေပၚခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဒီႏွစ္သင္းဆုံေတြ႕တဲ့ ႏွစ္ေက်ာ့စလုံးမွာ ဂိုးမရွိသေရက်ခဲ့တာက တစ္ခါမွမျဖစ္ဘူးဘဲ ဒီရာသီမွပထမဆုံးအႀကိမ္ အခုလိုရလဒ္ထြက္ေပၚခဲ့တာပါ။ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ပရီးမီးယားလိဂ္မွာ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲေတြရွိခဲ့ဖူးေပမယ့္ အခုလိုမ်ိဳး ႏွစ္ေက်ာ့စလုံး ဂိုးမသြင္းႏိုင္တာေတာ့ မရွိခဲ့ပါဘူး။

အဂၤလန္အမွတ္ေပးၿပိဳင္ပြဲသမိုင္းမွာေတာ့ ၁၉၂၁-၂၂ ရာသီတုန္းက ခ်ယ္လ္ဆီးနဲ႔ယူႏိုက္တက္အသင္းတို႔ အိမ္ကြင္း၊ အေဝးကြင္းႏွစ္ေက်ာ့စလုံး ဂိုးမရွိသေရက်ခဲ့ၿပီး (၉၉)ႏွစ္အၾကာမွာ အဲဒီလိုမွတ္တမ္းဆိုးနဲ႔ ျပန္ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ အဲဒီပြဲမွာ ယူႏိုက္တက္အသင္းဟာ ပယ္နယ္တီရဖို႔ အခြင့္အေရးရွိခဲ့ေပမယ့္ ဒိုင္လူႀကီးစတူးဝပ္အက္ဝဲလ္က ျငင္းပယ္ခဲ့ပါတယ္။ ပယ္နယ္တီဧရိယာအတြင္း ခ်ယ္လ္ဆီးကစားသမား အိုဒြိဳင္းနဲ႔ ယူႏိုက္တက္တိုက္စစ္ကစားသမား ဂရင္းဝုဒ္တို႔ ေဘာလုံးယွဥ္လုဖို႔ႀကိဳးစားရင္းက အိုဒြိဳင္းရဲ႕လက္နဲ႔ ေဘာလုံးထိခဲ့ၿပီး ဒိုင္လူႀကီးစတူးဝပ္အက္ဝဲလ္ဟာ VAR ျပန္ၾကည့္ခဲ့ေပမယ့္ မေတာ္တဆျဖစ္ရပ္လို႔ သတ္မွတ္ခဲ့တာေၾကာင့္ ပယ္နယ္တီမေပးခဲ့ပါဘူး။ ေနာက္ၿပီး ခ်ယ္လ္ဆီးေနာက္ခံလူ အက္ဇ္ပီလီကြယ္တာကို ကိုယ့္အသင္းပယ္နယ္တီဧရိယာအတြင္း မက္ဂြိဳင္းယား ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ ဒိုင္လူႀကီးက ျပစ္ဒဏ္ေဘာမေပးခဲ့လို႔ အျငင္းပြားစရာေတြျဖစ္ခဲ့ရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ခ်ယ္လ္ဆီးနည္းျပေဟာင္း လမ္းပတ္ကေတာ့ ေသခ်ာေပါက္ပယ္နယ္တီေပးသင့္တယ္လို႔ ပြဲအၿပီးမွာ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

အခုပြဲမွာ သေရက်ခဲ့တဲ့အတြက္ ခ်ယ္လ္ဆီးအသင္းဟာ ဝက္စ္ဟမ္းကို တစ္မွတ္အသာနဲ႔ အဆင့္(၄)ေနရာတက္ေရာက္ခြင့္ ရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့သလို ယူႏိုက္တက္အသင္းဟာလည္း ထိပ္ဆုံးက မန္စီးတီးနဲ႔ အမွတ္ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္ျခင္းမရွိဘဲ (၁၂)မွတ္အထိကြာဟသြားၿပီျဖစ္ပါတယ္။