မှတ်တမ်းကောင်းအတွက် စီရော်နယ်ဒိုကိုကျော်ဖြတ်လိုက်ပြန်တဲ့ မက်ဆီ

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ဘောလုံးသမိုင်းနဲ့အချက်အလက်များပြုစုရေးအဖွဲ့ IFFHS က ချီးမြှင့်တဲ့ဆယ်စုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုရရှိသွားခဲ့ပါတယ်။ မက်ဆီဟာ အသင်းဖော်ဟောင်းအင်နီယေစတာနဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ဆုရရှိသွားခဲ့တာပါ။

IFFHS က နိုင်ငံပေါင်း (၁၅၀)ကျော် အဖွဲ့ဝင်တွေရဲ့မဲဆန္ဒနဲ့ တိုက်ကြီးများရဲ့အကောင်းဆုံး ကစားသမားတွေအပါအဝင် ဆယ်စုနှစ်အတွင်း အကောင်းဆုံး အမျိုးသားကစားသမားကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ IFFHS ရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံးဘောလုံးသမား ထိပ်ဆုံးကစားသမားစာရင်းထဲမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ပထမနေရာမှာရှိနေပြီး ဂျူဗင်တပ် တိုက်စစ်မှူးစီရော်နယ်ဒိုက ဒုတိယနေရာမှာရှိနေပါတယ်။

ရော်နယ်ဒိုဟာ ဥရောပတိုက်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် မက်ဆီကတော့ ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံး ကစားသမားအဖြစ် မဲအများအပြားနဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။

IFFHS က (၁၀)စုနှစ်အတွင်း အကောင်းဆုံးထိပ်ဆုံး (၁၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ အင်နီယေစတာကတတိယနေရာမှာရှိနေပြီးပီအက်ဂျီတိုက်စစ်မှူးနေမာ၊ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမိုစ့်၊ ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာ၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီး၊ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်၊ အေစီမီလန်
တိုက်စစ်မှူး အီဗရာဟီမိုဗစ်၊ မိုဒရစ်တို့ဟာ ထိပ်ဆုံး၁၀ဦးစာရင်းထဲပါဝင်နေပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့၁၀နှစ်အတွင်း ဘာစီလိုနာအသင်းကိုဥရောပချန်ပီယံလိဂ်ချန်ပီယံဆုအပါအဝင် အဓိကချန်ပီယံဆုအများအပြားရယူနိုင်အောင် ခြေစွမ်းပြကူညီပေးခဲ့သူဖြစ်ပြီး လာလီဂါဖလား(၆)ကြိမ်၊ ကိုပါဒယ်ရေးဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်ကိုင်မြောက်နိုင်ခဲ့ကာ၊ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကိုခြောက်ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာလည်း ဘာစီလိုနာ အသင်းအတွက် လာလီဂါ (၁၈)ပွဲမှာ (၁၂)ဂိုးသွင်းကာ (၂)ဂိုးဖန်တီးနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်(၄)ပွဲမှာ (၃)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

မွတ္တမ္းေကာင္းအတြက္ စီေရာ္နယ္ဒိုကိုေက်ာ္ျဖတ္လိုက္ျပန္တဲ့ မက္ဆီ

အာဂ်င္တီးနားတိုက္စစ္မႉးမက္ဆီဟာေဘာလုံးသမိုင္းနဲ႔အခ်က္အလက္မ်ားျပဳစုေရးအဖြဲ႕IFFHS က ခ်ီးျမႇင့္တဲ့ဆယ္စုႏွစ္ရဲ႕အေကာင္းဆုံးေဘာလုံးသမားဆုကိုရရွိသြားခဲ့ပါတယ္။ မက္ဆီဟာ အသင္းေဖာ္ေဟာင္းအင္နီေယစတာနဲ႔ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဂ်ဴဗင္တပ္တိုက္စစ္မႉးစီေရာ္နယ္ဒိုတို႔ကိုေက်ာ္ျဖတ္ကာ ဆုရရွိသြားခဲ့တာပါ။

IFFHS က ႏိုင္ငံေပါင္း (၁၅၀)ေက်ာ္ အဖြဲ႕ဝင္ေတြရဲ႕မဲဆႏၵနဲ႔ တိုက္ႀကီးမ်ားရဲ႕အေကာင္းဆုံး ကစားသမားေတြအပါအဝင္ ဆယ္စုႏွစ္အတြင္း အေကာင္းဆုံး အမ်ိဳးသားကစားသမားကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ IFFHS ရဲ႕ ဆယ္စုႏွစ္အတြင္း အေကာင္းဆုံးေဘာလုံးသမား ထိပ္ဆုံးကစားသမားစာရင္းထဲမွာ ဘာစီလိုနာတိုက္စစ္မႉးမက္ဆီက ပထမေနရာမွာရွိေနၿပီး ဂ်ဴဗင္တပ္ တိုက္စစ္မႉးစီေရာ္နယ္ဒိုက ဒုတိယေနရာမွာရွိေနပါတယ္။

ေရာ္နယ္ဒိုဟာ ဥေရာပတိုက္ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ မက္ဆီကေတာ့ ကမာၻလုံးဆိုင္ရာ အေကာင္းဆုံး ကစားသမားအျဖစ္ မဲအမ်ားအျပားနဲ႔ ဆယ္စုႏွစ္ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာပါ။

IFFHS က (၁၀)စုႏွစ္အတြင္း အေကာင္းဆုံးထိပ္ဆုံး (၁၀)ဦးစာရင္းကို ထုတ္ျပန္ခဲ့ရာမွာ အင္နီေယစတာကတတိယေနရာမွာရွိေနၿပီးပီအက္ဂ်ီတိုက္စစ္မႉးေနမာ၊ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာမိုစ့္၊ ဘိုင္ယန္ျမဴးနစ္ဂိုးသမား န်ဴအာ၊ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝမ္ေဒါ့စကီး၊ ဂ်ဴဗင္တပ္ဂိုးသမား ဘူဖြန္၊ ေအစီမီလန္

တိုက္စစ္မႉး အီဗရာဟီမိုဗစ္၊ မိုဒရစ္တို႔ဟာ ထိပ္ဆုံး၁၀ဦးစာရင္းထဲပါဝင္ေနပါတယ္။

မက္ဆီဟာ ၿပီးခဲ့တဲ့၁၀ႏွစ္အတြင္း ဘာစီလိုနာအသင္းကိုဥေရာပခ်န္ပီယံလိဂ္ခ်န္ပီယံဆုအပါအဝင္ အဓိကခ်န္ပီယံဆုအမ်ားအျပားရယူႏိုင္ေအာင္ ေျခစြမ္းျပကူညီေပးခဲ့သူျဖစ္ၿပီး လာလီဂါဖလား(၆)ႀကိမ္၊ ကိုပါဒယ္ေရးဖလား(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္ကိုင္ေျမာက္ႏိုင္ခဲ့ကာ၊ ကမာၻအေကာင္းဆုံးေဘာလုံးသမားဆုကိုေျခာက္ႀကိမ္ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။

မက္ဆီဟာ ဒီရာသီမွာလည္း ဘာစီလိုနာ အသင္းအတြက္ လာလီဂါ (၁၈)ပြဲမွာ (၁၂)ဂိုးသြင္းကာ (၂)ဂိုးဖန္တီးႏိုင္ခဲ့သလို၊ ခ်န္ပီယံလိဂ္(၄)ပြဲမွာ (၃)ဂိုးသြင္းၿပီး (၂)ဂိုးဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။