မှတ်တမ်းကောင်းအချို့နဲ့ မှော်ဆန်တဲ့ညလို့ ဆိုးလ်ရှားဝင့်ကြွား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်ကို ၉-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မန်ယူအနည်းပြ ဆိုးလ်ရှားက သူ့အသင်းအတွက်မှော်ဆန်တဲ့ ညဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဆောက်သမ်တန်ဟာပွဲချိန် ၂ မိနစ်မှာတင် လူငယ်ကစားသမား ဂျန်ကို ဝစ် ထုတ်ပယ်ခံရမှုကြောင့် မန်ယူကိုအဝေးကွင်းမှာ ဘယ်လိုမှမယှဥ်ပြိုင်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ဂျန်ကိုဝစ် ဟာ မန်ယူကွင်းလယ်လူ တွန်မီနေးကို ပြင်းထန်စွာဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံ လိုက်ရပါတယ်။ အဲဒီလိုအစောပိုင်းမှာ ထုတ်ပယ်ခံလိုက်ရပေမယ့် ဂျန်ကိုဝစ်ရဲ့ လုပ်ရပ်ကပြင်းထန်တာကိုသိတဲ့အတွက် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်လ်က အရမ်းကြီးစောဒက မတက်ခဲ့ပါဘူး။

မန်ယူဟာ ဒီပွဲမှာ ဂိုးသွင်းသူ ၇ ဦးရှိခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်းမတူညီတဲ့ ဂိုးသွင်းရှင် ၇ ဦးရှိတဲ့ ဒုတိယမြောက်အသင်းဖြစ်လာပါတယ်။ ပထမအသင်းကတော့ ချဲလ်ဆီးဖြစ်ပြီး ၂၀၁၂ ဒီဇင်ဘာက ဗီလာနဲ့ ရင်ဆိုင်ခဲ့ရာမှာ ဂိုးသွင်းသူ ၇ ဦးရှိခဲ့တာပါ။ မန်ယူရဲ့မှတ်တမ်းတွေကတော့ ဒီရာသီမှာ ပထမပိုင်း ၄ ဂိုး သွင်းနိုင်တာ ဒုတိယအကြိမ်ဖြစ်ခြင်း၊ ပြိုင်ပွဲသမိုင်းမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲမှတ်တမ်းနဲ့ တူညီခဲ့ခြင်းတို့ဖြစ်ပါတယ်။

အရင်ကအသင်းတွေကတော့ မန်ယူကိုယ်တိုင်ပါဝင်ပြီး ၁၉၉၅ မှာအစ်ဆွစ်ချ်ကို ၉-၀၊ ၂၀၁၉ မှာ လက်စတာ က ဆောက်သမ်တန်ကိုဘဲ ၉-၀ တို့နဲ့နိုင်ခဲ့တဲ့ ပွဲတွေဖြစ်ပါတယ်။ မန်ယူအတွက် ဂိုးတွေကို ဝမ်ဘစ်ဆာက၊ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ မာရှယ်(၂ ဂိုး)၊ တွန်မီနေး၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဒန်နီရယ်ဂျိမ်းစ် တို့ဖြစ်ကြပါတယ်။

မန်ယူဟာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၃-၂ နဲ့နိုင်ခဲ့သေးတဲ့အတွက် တစ်သင်းတည်းကို တစ်ရာသီတည်း ၁၂ ဂိုး သွင်းနိုင်တဲ့ မှတ်တမ်းကိုလည်း လိုက်မီခဲ့ပါသေးတယ်။ ဒီပွဲမှာပွဲပြီးကာနီးထုတ်ပယ်ခံလိုက်ရတဲ့ ဆောက်သမ် တန်က ဘတ်နာရက်ခ် ကလည်း ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပါသေးတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက” ဒီလိုညမျိုးဖြစ်လာဖို့ မျှော်လင့်ခဲ့ရတာကြောင့် အခုညဟာ တကယ့်ကိုမှော်ဆန်တဲ့ညပါဘဲ။ ဒီပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေလည်းတွေ့ခဲ့ရပါတယ်။ ဒီရလဒ်နဲ့ စွမ်းဆောင်ရည်က အသင်းရဲ့ယုံကြည်မှုကို မြင့်တက်စေမယ်လို့လည်း ယုံကြည်ပါတယ်။ တိုက်စစ်မှူးတွေအတွက်လည်း ဂိုးသွင်းယူနိုင်ခြင်း က အမြဲကောင်းမွန်စေတာကြောင့် သူတို့တွေဂိုးဆက်သွင်းနိုင်မယ်လို့လည်း ထင်ပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မွတ္တမ္းေကာင္းအခ်ိဳ႕နဲ႔ ေမွာ္ဆန္တဲ့ညလို႔ ဆိုးလ္ရွားဝင့္ႂကြား

ေဆာက္သမ္တန္ကို ၉-၀ နဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ မန္ယူအနည္းျပ ဆိုးလ္ရွားက သူ႔အသင္းအတြက္ေမွာ္ဆန္ တဲ့ ညျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ေဆာက္သမ္တန္ဟာပြဲခ်ိန္ ၂ မိနစ္မွာတင္ လူငယ္ကစားသမား ဂ်န္ကို ဝစ္ ထုတ္ပယ္ခံရမႈေၾကာင့္ မန္ယူကိုအေဝးကြင္းမွာ ဘယ္လိုမွမယွဥ္ၿပိဳင္ႏိုင္ေအာင္ ျဖစ္ခဲ့ရပါတယ္။ ဂ်န္ကိုဝစ္ ဟာ မန္ယူကြင္းလယ္လူ တြန္မီေနးကို ျပင္းထန္စြာဖ်က္ထုတ္မႈေၾကာင့္ တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ခံ လိုက္ရပါတယ္။

အဲဒီလိုအေစာပိုင္းမွာ ထုတ္ပယ္ခံလိုက္ရေပမယ့္ ဂ်န္ကိုဝစ္ရဲ႕ လုပ္ရပ္ကျပင္းထန္တာကိုသိတဲ့အတြက္ ေဆာက္သမ္တန္နည္းျပ ဟာဆန္ဟက္တယ္လ္က အရမ္းႀကီးေစာဒက မတက္ခဲ့ပါဘူး။ မန္ယူဟာ ဒီပြဲမွာ ဂိုးသြင္းသူ ၇ ဦးရွိခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ပြဲတည္းမတူညီတဲ့ ဂိုးသြင္းရွင္ ၇ ဦးရွိတဲ့ ဒုတိယေျမာက္အသင္းျဖစ္လာပါတယ္။

ပထမအသင္းကေတာ့ ခ်ဲလ္ဆီးျဖစ္ၿပီး ၂၀၁၂ ဒီဇင္ဘာက ဗီလာနဲ႔ ရင္ဆိုင္ခဲ့ရာမွာ ဂိုးသြင္းသူ ၇ ဦးရွိခဲ့တာပါ။ မန္ယူရဲ႕မွတ္တမ္းေတြကေတာ့ ဒီရာသီမွာ ပထမပိုင္း ၄ ဂိုး သြင္းႏိုင္တာ ဒုတိယအႀကိမ္ျဖစ္ျခင္း၊ ၿပိဳင္ပြဲသမိုင္းမွာ ဂိုးအျပတ္ဆုံးႏိုင္ပြဲမွတ္တမ္းနဲ႔ တူညီခဲ့ျခင္းတို႔ျဖစ္ပါတယ္။ အရင္ကအသင္းေတြကေတာ့ မန္ယူကိုယ္တိုင္ပါဝင္ၿပီး ၁၉၉၅ မွာအစ္ဆြစ္ခ်္ကို ၉-၀၊ ၂၀၁၉ မွာ လက္စတာ က ေဆာက္သမ္တန္ကိုဘဲ ၉-၀ တို႔နဲ႔ႏိုင္ခဲ့တဲ့ ပြဲေတြျဖစ္ပါတယ္။ မန္ယူအတြက္ ဂိုးေတြကို ဝမ္ဘစ္ဆာက၊ ရက္ ရွ္ဖို႔ဒ္၊ ကာဗာနီ၊ မာရွယ္(၂ ဂိုး)၊ တြန္မီေနး၊ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္ တို႔ျဖစ္ၾကပါတယ္။ မန္ယူဟာ ေဆာက္သမ္တန္ကို အေဝးကြင္းမွာ ၃-၂ နဲ႔ႏိုင္ခဲ့ေသးတဲ့အတြက္ တစ္သင္းတည္းကို တစ္ရာသီတည္း ၁၂ ဂိုး သြင္းႏိုင္တဲ့ မွတ္တမ္းကိုလည္း လိုက္မီခဲ့ပါေသးတယ္။ ဒီပြဲမွာပြဲၿပီးကာနီးထုတ္ပယ္ခံလိုက္ရတဲ့ ေဆာက္သမ္ တန္က ဘတ္နာရက္ခ္ ကလည္း ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့ပါေသးတယ္။

ပြဲအၿပီးမွာ ဆိုးလ္ရွားက” ဒီလိုညမ်ိဳးျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့ရတာေၾကာင့္ အခုညဟာ တကယ့္ကိုေမွာ္ဆန္တဲ့ည ပါဘဲ။ ဒီပြဲမွာ စြမ္းေဆာင္ရည္ေကာင္းေတြလည္းေတြ႕ခဲ့ရပါတယ္။ ဒီရလဒ္နဲ႔ စြမ္းေဆာင္ရည္က အသင္းရဲ႕ယုံ ၾကည္မႈကို ျမင့္တက္ေစမယ္လို႔လည္း ယုံၾကည္ပါတယ္။ တိုက္စစ္မႉးေတြအတြက္လည္း ဂိုးသြင္းယူႏိုင္ျခင္း က အၿမဲေကာင္းမြန္ေစတာေၾကာင့္ သူတို႔ေတြဂိုးဆက္သြင္းႏိုင္မယ္လို႔လည္း ထင္ပါတယ္” လို႔ေျပာသြားပါတယ္။