မှတ်တမ်းကောင်းရယူခဲ့ပြီဖြစ်တဲ့ သရဲနီပေါက်စ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပသွားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်အသင်းက လူငယ်ကစားသမားလေး အာမက်ဒီယာလိုရဲ့သွင်းဂိုးနဲ့ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။ အာမက်ဟာ မီလန်နဲ့ပွဲစဉ်မှာ အရန်စာရင်းမှာသာ ပါဝင်ခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလူစားဝင် ကစားခဲ့ပါတယ်။

အဲဒီနောက် (၅)မိနစ်အကြာမှာပဲ အာမက်ဟာ ဘရူနိုရဲ့ ဖန်တီးမှုကို နောက်ပြန်ခေါင်းတိုက်ပြီး အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီဂိုးဟာ အာမက်အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသောသွင်းဂိုးဖြစ်ခဲ့သလို ဒီဂိုးကြောင့် စံချိန်မှတ်တမ်းတစ်ခုကိုလည်း ရရှိသွားခဲ့ပါတယ်။ အာမက်အနေနဲ့ ယူနိုက်တက်အတွက် ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလန်ပြင်ပကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

တောင်ပံတိုက်စစ်ကစားသမား ဒီယာလိုက ယူနိုက်တက် အတွက် ဥရောပပြိုင်ပွဲတွင် အသက်ငယ်ဆုံးဂိုးသွင်းပေး နိုင်ခဲ့တဲ့ (4)ဦးမြောက်ကစားသမားဖြစ်လာပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေထဲမှာ အင်္ဂလန်လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်က ဥရောပပြိုင်ပွဲတွေအတွင်း အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းယူထားသူအဖြစ် စံချိန်တင်ထားနိုင်ပါတယ်။

အသက်အရွယ်နဲ့ မှတ်တမ်းကို ဖော်ပြရမယ်ဆိုရင် 1. ဂရင်းဝုဒ် (17)နှစ် (353)ရက် ၊ 2.ရပ်ရှ်ဖို့ဒ် (18)နှစ်(117)ရက်၊ 3.ဂျောဘတ် (18)နှစ် (158)ရက်၊
4.ဒီယာလို (18)နှစ် (243)ရက်တို့ ဖြစ်ပါတယ်။ အေစီမီလန် နဲ့ ပွဲစဉ်မှာ ဒီယာလိုရဲ့ စွမ်းဆောင်ချက်တွေကတော့ ဘောလုံးလုယူရာ၌အောင်မြင်မှု%-(100%)၊ ဘောလုံးထိချက် -(28)ကြိမ်၊ ဂိုးပေါက်ခြိမ်းခြောက်မှု-(1)ကြိမ်၊ သွင်းဂိုး-(1)ဂိုး ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မွတ္တမ္းေကာင္းရယူခဲ့ၿပီျဖစ္တဲ့ သရဲနီေပါက္စ

မေန႔ညက အိုးထရက္ဖိုဒ့္ကြင္းမွာ က်င္းပသြားခဲ့တဲ့ ယူႏိုက္တက္အသင္းနဲ႔ ေအစီမီလန္အသင္းတို႔ရဲ႕ ယူ႐ိုပါလိဂ္ (၁၆)သင္းအဆင့္ ရႈံးထြက္ပထမအေက်ာ့ပြဲစဥ္မွာ အိမ္ရွင္ယူႏိုက္တက္အသင္းက လူငယ္ကစားသမားေလး အာမက္ဒီယာလိုရဲ႕သြင္းဂိုးနဲ႔ သေရရလဒ္ထြက္ေပၚေအာင္ ကစားႏိုင္ခဲ့ပါတယ္။

အာမက္ဟာ မီလန္နဲ႔ပြဲစဥ္မွာ အရန္စာရင္းမွာသာ ပါဝင္ခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာလူစားဝင္ ကစားခဲ့ပါတယ္။အဲဒီေနာက္ (၅)မိနစ္အၾကာမွာပဲ အာမက္ဟာ ဘ႐ူႏိုရဲ႕ ဖန္တီးမႈကို ေနာက္ျပန္ေခါင္းတိုက္ၿပီး အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီဂိုးဟာ အာမက္အတြက္ ယူႏိုက္တက္ကစားသမားဘဝ ပထမဆုံးေသာသြင္းဂိုးျဖစ္ခဲ့သလို ဒီဂိုးေၾကာင့္ စံခ်ိန္မွတ္တမ္းတစ္ခုကိုလည္း ရရွိသြားခဲ့ပါတယ္။ အာမက္အေနနဲ႔ ယူႏိုက္တက္အတြက္ ဥေရာပၿပိဳင္ပြဲေတြမွာ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံး အဂၤလန္ျပင္ပကစားသမားတစ္​ေယာက္ ျဖစ္လာခဲ့ပါတယ္။

ေတာင္ပံတိုက္စစ္ကစားသမား ဒီယာလိုက ယူႏိုက္တက္ အတြက္ ဥေရာပၿပိဳင္ပြဲတြင္ အသက္ငယ္ဆုံးဂိုးသြင္းေပး ႏိုင္ခဲ့တဲ့ (4)ဦးေျမာက္ကစားသမားျဖစ္လာပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ကစားသမားေတြထဲမွာ အဂၤလန္လူငယ္တိုက္စစ္မႉး ေမဆန္ဂရင္းဝုဒ္က ဥေရာပၿပိဳင္ပြဲေတြအတြင္း အသင္းရဲ႕ အသက္အငယ္ဆုံးဂိုးသြင္းယူထားသူအျဖစ္ စံခ်ိန္တင္ထားႏိုင္ပါတယ္။

အသက္အ႐ြယ္နဲ႔ မွတ္တမ္းကို ​ေဖာ္ျပရမယ္ဆိုရင္ 1. ဂရင္းဝုဒ္ (17)ႏွစ္ (353)ရက္ ၊ 2.ရပ္ရွ္ဖို႔ဒ္ (18)ႏွစ္(117)ရက္၊ 3.ေဂ်ာဘတ္ (18)ႏွစ္ (158)ရက္၊

4.ဒီယာလို (18)ႏွစ္ (243)ရက္တို႔ ျဖစ္ပါတယ္။ ေအစီမီလန္ နဲ႔ ပြဲစဥ္မွာ ဒီယာလိုရဲ႕ စြမ္းေဆာင္ခ်က္​ေတြက​ေတာ့ ေဘာလုံးလုယူရာ၌ေအာင္ျမင္မႈ%-(100%)၊ ေဘာလုံးထိခ်က္ -(28)ႀကိမ္၊ ဂိုးေပါက္ၿခိမ္းေျခာက္မႈ-(1)ႀကိမ္၊ သြင္းဂိုး-(1)ဂိုး ျဖစ္ပါတယ္။