မှတ်တမ်းကောင်းယူတဲ့အပြင် အကြားအမြင်ပါရတဲ့ ဘတ်ပီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်းကို နူးကမ့်ပ်မှာ (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဘတ်ပီဟာ အဲဒီပွဲမှာ (၃)ဂိုးသွင်းခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းဘက်ကို ဟတ်ထရစ်သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

အဲဒီပွဲမှာ ဘာစီလိုနာတိုက်စစ်က မက်ဆီအပါအဝင် ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့အနေနဲ့လည်း အချိတ်အဆက်တွေ လွဲချော်ပြီး ပုံစံကောင်းတွေပျောက်ဆုံးခဲ့သလို ခံစစ်ကလည်း ထိပ်တန်းအသင်းတစ်သင်းရဲ့ အဆင့်အတန်းမှာမရှိခဲ့ပါဘူး။ ဘတ်ပီကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်းရရှိခဲ့ပါတယ်။ ပွဲအပြီးမှာနည်းပြ ပိုချက်တီနိုက ဘတ်ပီဟာ ဘာစီလိုနာကို အနိုင်ရနိုင်တယ်ဆိုတာ ပွဲမစခင်ကတည်းက ပြောခဲ့တာဖြစ်ကြောင်း ပြန်ပြောပြခဲ့ပါတယ်။

ပိုချက်တီနိုက “ပွဲမကန်ခင် သူကကျွန်တော့်ကို နူးကမ့်မှာဘယ်နှခါနိုင်ဖူးလဲ မေးပါတယ်။ ကျွန်တော်ကတစ်ခါပဲ နိုင်ဖူးတယ်လို့ပြောတော့ သူကမနက်ဖြန်ကျရင် ဒုတိယအကြိမ်မြောက်နိုင်လိမ့်မယ်လို့ ပြန်ပြောပါတယ်’‘ “သူက ထိပ်တန်းကစားသမားပါ။ ဘောလုံးသမားကောင်းတွေက သူ့သမိုင်းသူ ရေးပါတယ်။ သူတို့က ၁ပွဲပြီးတိုင်း ပိုတိုးတက်လာပါတယ်။ သူ့ရဲ့ ဟက်ထရစ်နဲ့ ဆိုရင် ဘတ်ပီက နာမည်ပိုကြီးလာမှာပါ။ သူ့အပေါ် သံသယဖြစ်စရာမလိုပါဘူး။”လို့ ပြောပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီကို ၁လကျော်ကြာ ကိုင်တွယ်ခဲ့ပြီ ဖြစ်ပြီး ဘာစီလိုနာကို နေမာမပါဘဲ အနိုင်ယူနိုင်ခဲ့ကာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မွတ္တမ္းေကာင္းယူတဲ့အျပင္ အၾကားအျမင္ပါရတဲ့ ဘတ္ပီ

ပီအက္စ္ဂ်ီ အသင္းဟာ ခ်န္ပီယံလိဂ္ (၁၆)သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္အျဖစ္ ဘာစီလိုနာ အသင္းကို ႏူးကမ့္ပ္မွာ (၄)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ဘတ္ပီဟာ အဲဒီပြဲမွာ (၃)ဂိုးသြင္းခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာစီလိုနာ အသင္းဘက္ကို ဟတ္ထရစ္သြင္းယူႏိုင္တဲ့ တတိယေျမာက္ ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

အဲဒီပြဲမွာ ဘာစီလိုနာတိုက္စစ္က မက္ဆီအပါအဝင္ ဂရစ္ဇ္မန္း၊ ဒမ္ဘီလီတို႔အေနနဲ႔လည္း အခ်ိတ္အဆက္ေတြ လြဲေခ်ာ္ၿပီး ပုံစံေကာင္းေတြေပ်ာက္ဆုံးခဲ့သလို ခံစစ္ကလည္း ထိပ္တန္းအသင္းတစ္သင္းရဲ႕ အဆင့္အတန္းမွာမရွိခဲ့ပါဘူး။ ဘတ္ပီကေတာ့ ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆု ကိုလည္းရရွိခဲ့ပါတယ္။ ပြဲအၿပီးမွာနည္းျပ ပိုခ်က္တီႏိုက ဘတ္ပီဟာ ဘာစီလိုနာကို အႏိုင္ရႏိုင္တယ္ဆိုတာ ပြဲမစခင္ကတည္းက ေျပာခဲ့တာျဖစ္ေၾကာင္း ျပန္ေျပာျပခဲ့ပါတယ္။

ပိုခ်က္တီႏိုက “ပြဲမကန္ခင္ သူကကြၽန္ေတာ့္ကို ႏူးကမ့္မွာဘယ္ႏွခါႏိုင္ဖူးလဲ ေမးပါတယ္။ ကြၽန္ေတာ္ကတစ္ခါပဲ ႏိုင္ဖူးတယ္လို႔ေျပာေတာ့ သူကမနက္ျဖန္က်ရင္ ဒုတိယအႀကိမ္ေျမာက္ႏိုင္လိမ့္မယ္လို႔ ျပန္ေျပာပါတယ္’‘ “သူက ထိပ္တန္းကစားသမားပါ။ ေဘာလုံးသမားေကာင္းေတြက သူ႔သမိုင္းသူ ေရးပါတယ္။ သူတို႔က ၁ပြဲၿပီးတိုင္း ပိုတိုးတက္လာပါတယ္။ သူ႔ရဲ႕ ဟက္ထရစ္နဲ႔ ဆိုရင္ ဘတ္ပီက နာမည္ပိုႀကီးလာမွာပါ။ သူ႔အေပၚ သံသယျဖစ္စရာမလိုပါဘူး။”လို႔ ေျပာပါတယ္။

ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီကို ၁လေက်ာ္ၾကာ ကိုင္တြယ္ခဲ့ၿပီ ျဖစ္ၿပီး ဘာစီလိုနာကို ေနမာမပါဘဲ အႏိုင္ယူႏိုင္ခဲ့ကာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လီဂူးဝမ္း ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။