
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စိန့်မေရီမှာ ဆုံးရှုံးသွားတဲ့ ရမှတ် ၂မှတ်ဟာ ရာသီ အပြီး အမှတ်ပေးဖလား ဆွတ်ခူးဖို့ ဘယ်လောက်ထိ အရေးပါလဲ သိနားလည်ထားပြီး ပြိုင်ပွဲအတွင်း မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်တယ်လို့ ပေါ့ဘာက ပြောဆိုပါတယ်။
မနေ့ညက ဆောက်သမ်တန်အသင်းကို သရေကျတဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိကကွင်းလယ်လူ ပေါ့ဘာဟာ ချေပဂိုးကို ဂရင်းဝုဒ် သွင်းယူနိုင်အောင် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အဖွင့်ပွဲစဉ်မှာ ဂိုးဖန်တီးမှု (၄) ကြိမ်ပြုလုပ်ခဲ့တာအပါအဝင်(၂) ပွဲ ကစားပြီးချိန်မှာ ဂိုးဖန်တီးမှု (၅) ကြိမ်ပြုလုပ်ထားတဲ့ ပေါ့ဘာဟာပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ရာသီအစမှာတင်(၂) ပွဲကစားပြီးဂိုးဖန်တီးမှု (၅) ကြိမ်ပြုလုပ်နိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းရထားပါပြီ။
ပေါ့ဘာက ” ဒီထက်ပိုကောင်းတဲ့ ရလဒ်ကိုပိုင်ဆိုင်ဖို့ ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် ကွင်းအတွင်းမှာ အကောင်းဆုံးပုံစံကို ပြသဖို့တော့ ကျွန်တော်တို့ ပျက်ကွက်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ဂိုးရပြီးတဲ့နောက် ပွဲကို ထိန်းချုပ်လိုက်နိုင်ပြီး ဒုတိယသွင်းဂိုးကို ရယူလိုက်သင့်ပါတယ်။
အားထုတ်မှု မလုံလောက်တာကြောင့် အမှတ်တွေ ဆုံးရှုံးလိုက်ရပါတော့တယ်။”
” အနိုင်မရရှိခဲ့တဲ့အတွက် အားလုံးမှာ တာဝန်ရှိပြီး စိတ်ပျက်စရာရလဒ်ကနေ ပြန်လာနိုင်ဖို့ ပိုကြိုးစားကြရပါမယ်။
အဝေးကွင်း စံချိန်က သိပ်ကောင်းပါတယ်။
ဒါပေမယ့် အမှတ်ပေးဖလားသာ ရယူနိုင်မယ်ဆို ရင်ဘာမှတ်တမ်းမှ လိုအပ်မှာ မဟုတ်ပါဘူး ။”
“ပရိသတ်တွေဆိုတာ ဘောလုံးပွဲရဲ့ အင်္ဂါရပ်တစ်ခုဖြစ်တာကြောင့် ခုလို ပြန်ဆုံတွေ့ရတာ ကျေနပ်စရာဖြစ်မိပါတယ်။
ကျွန်တော်တို့ပရိသတ်တွေတင်မကဘဲ စိန့်ပရိသတ်တွေရဲ့ အော်ဟစ်သံတွေကြောင့်ပါ စိတ်ကို ပိုတက်ကြွစေခဲ့ပါတယ်။” လို့ ပြောဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မွတ္တမ္းေကာင္းထက္ ရမွတ္ ၂ မွတ္က ပိုအေရးပါတယ္ဆိုတဲ့ ေပါ့ဘာ
စိန႔္ေမရီမွာ ဆုံးရႈံးသြားတဲ့ ရမွတ္ ၂မွတ္ဟာ ရာသီ အၿပီး အမွတ္ေပးဖလား ဆြတ္ခူးဖို႔ ဘယ္ေလာက္ထိ အေရးပါလဲ သိနားလည္ထားၿပီး ၿပိဳင္ပြဲအတြင္း မျဖစ္မေန အႏိုင္ ကစားဖို႔ လိုအပ္တယ္လို႔ ေပါ့ဘာက ေျပာဆိုပါတယ္။
မေန႔ညက ေဆာက္သမ္တန္အသင္းကို သေရက်တဲ့ ပြဲစဥ္မွာ အသင္းရဲ႕ အဓိကကြင္းလယ္လူ ေပါ့ဘာဟာ ေခ်ပဂိုးကို ဂရင္းဝုဒ္ သြင္းယူႏိုင္ေအာင္ ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။အဖြင့္ပြဲစဥ္မွာ ဂိုးဖန္တီးမႈ (၄) ႀကိမ္ျပဳလုပ္ခဲ့တာအပါအဝင္(၂) ပြဲ ကစားၿပီးခ်ိန္မွာ ဂိုးဖန္တီးမႈ (၅) ႀကိမ္ျပဳလုပ္ထားတဲ့ ေပါ့ဘာဟာပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ ရာသီအစမွာတင္(၂) ပြဲကစားၿပီးဂိုးဖန္တီးမႈ (၅) ႀကိမ္ျပဳလုပ္ႏိုင္တဲ့ ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္းရထားပါၿပီ။
ေပါ့ဘာက ” ဒီထက္ပိုေကာင္းတဲ့ ရလဒ္ကိုပိုင္ဆိုင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ခဲ့ပါတယ္။ ဒါေပမယ့္ ကြင္းအတြင္းမွာ အေကာင္းဆုံးပုံစံကို ျပသဖို႔ေတာ့ ကြၽန္ေတာ္တို႔ ပ်က္ကြက္ခဲ့ၾကပါတယ္။ကြၽန္ေတာ္တို႔ ဂိုးရၿပီးတဲ့ေနာက္ ပြဲကို ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီး ဒုတိယသြင္းဂိုးကို ရယူလိုက္သင့္ပါတယ္။ အားထုတ္မႈ မလုံေလာက္တာေၾကာင့္ အမွတ္ေတြ ဆုံးရႈံးလိုက္ရပါေတာ့တယ္။”
” အႏိုင္မရရွိခဲ့တဲ့အတြက္ အားလုံးမွာ တာဝန္ရွိၿပီး စိတ္ပ်က္စရာရလဒ္ကေန ျပန္လာႏိုင္ဖို႔ ပိုႀကိဳးစားၾကရပါမယ္။ အေဝးကြင္း စံခ်ိန္က သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ အမွတ္ေပးဖလားသာ ရယူႏိုင္မယ္ဆို ရင္ဘာမွတ္တမ္းမွ လိုအပ္မွာ မဟုတ္ပါဘူး ။”
“ပရိသတ္ေတြဆိုတာ ေဘာလုံးပြဲရဲ႕ အဂၤါရပ္တစ္ခုျဖစ္တာေၾကာင့္ ခုလို ျပန္ဆုံေတြ႕ရတာ ေက်နပ္စရာျဖစ္မိပါတယ္။ ကြၽန္ေတာ္တို႔ပရိသတ္ေတြတင္မကဘဲ စိန႔္ပရိသတ္ေတြရဲ႕ ေအာ္ဟစ္သံေတြေၾကာင့္ပါ စိတ္ကို ပိုတက္ႂကြေစခဲ့ပါတယ္။” လို႔ ေျပာဆိုပါတယ္။