M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနေ့ညက ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းဘက်က
Comeback နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲ တက်ရောက်ဖို့အထိပါ အခြေအနေကောင်းသွားခဲ့ပါတယ်။
ပီအက်စ်ဂျီ(၁-၂)မန်စီးတီးပွဲစဉ်မှာ Man of the Match ဆုရရှိခဲ့သူ
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ မက်ဆီ(၃ ပွဲ)၊ နေမာ(၄ ပွဲ)၊ ရပ်ရှ်ဖို့ဒ်(၃ ပွဲ)ပြီးနောက်
ပီအက်စ်ဂျီ အသင်းဘက်ကို ချန်ပီယံလိဂ်(၃)ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းအတွက် သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးမှာ (၁၀)ဂိုးအထိရှိလာပါတယ်။
ဒီဘရိုင်း နောက်ဆုံးကစားခဲ့ တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် (၈)ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု
(၉)ဂိုး(၅ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးထား)အထိ ရှိခဲ့ပါတယ်။
မနေ့က ပွဲမှာ ပီအက်စ်ဂျီအသင်းဟာ မာကွင်ဟို့စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်ခဲ့ပြီး
ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်ကနေ ဒီဘရိုင်းက ချေပဂိုးနဲ့ မာရက်ဇ်က ပွဲသိမ်းအနိုင်ဂိုးတွေကို
ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဘရိုင်းက “ကျွန်တေ်တို့တွေ ပိုမိုအားထည့်ကစားလိုက်တာပါ။
ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ ကျွန်တော်တို့တွေက အရမ်းကို
ကမန်းကတန်းတွေ လှုပ်ရှားနေခဲ့ရတယ်။”
“ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ စိတ်ရှည်ရှည်နဲ့ကို
နေရာလွတ်တွေကို ပိုပြီးရှာလာနိုင်တယ်။ တစ်ဖက်အသင်းကတော့
ယှဉ်ပြိုင်ကစားရတာ တကယ့်ကို ခက်ခဲတဲ့ အသင်းမျိုးပါ။
ပထမပိုင်းအပြီး အားလုံးစုံရုံးတွေ့ဆုံ စကားပြောခဲ့တာက အသင်းအတွက်
တကယ့်ကို အကျိုးရှိစေခဲ့ပါတယ်”လို့ပြောပါတယ်။
ဒါ့အပြင် အသင်းအတွက် အနိုင်ဂိုးဖြစ်စေခဲ့တဲ့ ဖရီးကစ်သွင်းဂိုးဟာ ထုံးစံအရဆိုရင်
ဒီဘရိုင်းကန်သွင်းမှာ ဖြစ်ပေမယ့် မာရက်ဇ်က ကန်သွင်းခွင့် တောင်းဆိုခဲ့လို
ခွင့်ပြုခဲ့ရတာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေကလည်း မာရက်ဇ်ကန်သွင်းမယ်လို့
မထင်ထားခဲ့ကြောင်း ဒီဘရိုင်းက ရှင်းလင်းပြောဆိုပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi Version
မှတ်တမ်းကောင်းတွေ သိမ်းပိုက်တဲ့ ဒီဘရိုင်းရဲ့ တော်ကီများ
ဒီဘရိုင်းက “ကျွန်တ်ေတို့တွေ ပိုမိုအားထည့်ကစားလိုက်တာပါ။