မှတ်တမ်းကောင်းတွေထပ်ယူပြီး အသင်းကို အောင်မြင်စေသူ မက်ဆီ

ဘာစီလိုနာဟာ လာလီဂါနောက်ဆုံးပွဲစဉ် ၅ ပွဲဆက်တိုက်အနိုင်ရရှိထားပြီးနောက် အမှတ်ပေးဇယားဒုတိယနေရာကို တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ အလာဗက်စ်နဲ့ပွဲမှာလည်း ၅-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်ထက် တစ်ပွဲပိုကစားထားကာ ၈ မှတ်လျော့နည်းနေပါတယ်။

ဘာစီလိုနာအတွက် မက်ဆီက ၂ဂိုးသွင်းယူကာ ၁ကြိမ်ဖန်တီးပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။ ရီးရဲလ်မက်ထရစ်နဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အသာကြောင့် ဘာစီလိုနာက ဒုတိယနေရာကို ရောက်ရှိလာခဲ့ပြီး အမှတ်ပေးဆုဖလားအတွက် ဒုတိယရာသီဝက်မှာ အကောင်းဆုံးပုံစံကို ဘာစီလိုနာက ပြသနေခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ အလာဗက်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲတွင်ပွဲထွက်ပါဝင်ကစားခဲ့ပြီးနောက် သူ့ရဲ့ကစားသမားဘဝလာလီဂါပွဲအရေအတွက်မှာ (၅၀၅)ပွဲအထိရှိလာခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် လာလီဂါပွဲအများဆုံးကစားထားတဲ့ ဂန္ထဝင်ကွင်းလယ်လူ ဇာဗီရဲ့ ၅၀၅ ပွဲစံချိန်ကိုလိုက်မီခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်သူမက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၂၀၀၄-၀၅ ရာသီမှစတင်ကစားပေးခဲ့တာဖြစ်ပြီး (၁၇)ရာသီမြောက်တွင် အခုလိုအသင်းရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို လိုက်မီခဲ့တာဖြစ်ပါတယ်။

လာမယ့်တစ်ပွဲကစားပြီးတာနဲ့ မက်ဆီက ဇာဗီရဲ့ လာလီဂါပွဲအရေအတွက်စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာဖြစ်ကာ တစ်ယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်တော့မှာလည်းဖြစ်ပါတယ်။မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံတွင်မူ (၇၅၉)ပွဲကစားထားပြီး၊ အသင်းသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားထားတဲ့ဇာဗီ ရဲ့ ၇၆၇ ပွဲစံချိန်ကိုလိုက်မီဖို့ (၈)ပွဲလိုအပ်နေပါသေးတယ်။

မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် လာလီဂါသွင်းဂိုး ၁၅ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ ၁၃ ရာသီဆက်တိုက် လာလီဂါသွင်းဂိုး ၁၅ ဂိုးနဲ့အထက် သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကာ ပြိုင်ပွဲစုံသွင်းဂိုးအနေနဲ့ ဒီရာသီမှာ ၁၉ ဂိုးအထိ ရရှိထားပြီးလည်းဖြစ်ပါတယ်။

Zawgyi

မွတ္တမ္း​ေကာင္း​ေတြထပ္ယူၿပီး အသင္းကို ​ေအာင္ျမင္​​ေစသူ မက္ဆီ

ဘာစီလိုနာဟာ လာလီဂါေနာက္ဆုံးပြဲစဥ္ ၅ ပြဲဆက္တိုက္အႏိုင္ရရွိထားၿပီးေနာက္ အမွတ္ေပးဇယားဒုတိယေနရာကို တက္လွမ္းလာခဲ့ၿပီျဖစ္ပါတယ္။ မေန႔က ကစားခဲ့တဲ့ အလာဗက္စ္နဲ႔ပြဲမွာလည္း ၅-၁ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္ထက္ တစ္ပြဲပိုကစားထားကာ ၈ မွတ္ေလ်ာ့နည္းေနပါတယ္။

ဘာစီလိုနာအတြက္ မက္ဆီက ၂ဂိုးသြင္းယူကာ ၁ႀကိမ္ဖန္တီးၿပီး ေျခစြမ္းျပကစားခဲ့ပါတယ္။ ရီးရဲလ္မက္ထရစ္နဲ႔ ရမွတ္တူေနေပမယ့္ ဂိုးကြာျခားခ်က္အသာေၾကာင့္ ဘာစီလိုနာက ဒုတိယေနရာကို ေရာက္ရွိလာခဲ့ၿပီး အမွတ္ေပးဆုဖလားအတြက္ ဒုတိယရာသီဝက္မွာ အေကာင္းဆုံးပုံစံကို ဘာစီလိုနာက ျပသေနခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီဟာ အလာဗက္စ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲတြင္ပြဲထြက္ပါဝင္ကစားခဲ့ၿပီးေနာက္ သူ႔ရဲ႕ကစားသမားဘဝလာလီဂါပြဲအေရအတြက္မွာ (၅၀၅)ပြဲအထိရွိလာခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ လာလီဂါပြဲအမ်ားဆုံးကစားထားတဲ့ ဂႏၴဝင္ကြင္းလယ္လူ ဇာဗီရဲ႕ ၅၀၅ ပြဲစံခ်ိန္ကိုလိုက္မီခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ လာမာစီယာအကယ္ဒမီထြက္ကစားသမားျဖစ္သူမက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ၂၀၀၄-၀၅ ရာသီမွစတင္ကစားေပးခဲ့တာျဖစ္ၿပီး (၁၇)ရာသီေျမာက္တြင္ အခုလိုအသင္းရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို လိုက္မီခဲ့တာျဖစ္ပါတယ္။

လာမယ့္တစ္ပြဲကစားၿပီးတာနဲ႔ မက္ဆီက ဇာဗီရဲ႕ လာလီဂါပြဲအေရအတြက္စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ေတာ့မွာျဖစ္ကာ တစ္​ေယာက္တည္းလြတ္လြတ္ကြၽတ္ကြၽတ္ရပ္တည္ႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံတြင္မူ (၇၅၉)ပြဲကစားထားၿပီး၊ အသင္းသမိုင္းတစ္ေလွ်ာက္ပြဲအမ်ားဆုံးကစားထားတဲ့ဇာဗီ ရဲ႕ ၇၆၇ ပြဲစံခ်ိန္ကိုလိုက္မီဖို႔ (၈)ပြဲလိုအပ္ေနပါေသးတယ္။

မက္ဆီဟာ ဒီရာသီမွာ ဘာစီလိုနာအတြက္ လာလီဂါသြင္းဂိုး ၁၅ ဂိုးအထိ ရရွိသြားခဲ့ၿပီျဖစ္ကာ ၁၃ ရာသီဆက္တိုက္ လာလီဂါသြင္းဂိုး ၁၅ ဂိုးနဲ႔အထက္ သြင္းယူႏိုင္သူအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ကာ ၿပိဳင္ပြဲစုံသြင္းဂိုးအေနနဲ႔ ဒီရာသီမွာ ၁၉ ဂိုးအထိ ရရွိထားၿပီးလည္းျဖစ္ပါတယ္။