မွေးနေ့တူ ၃ယောက်မြောက် ဟက်ထရစ်ကလေးငယ်ကို ရရှိခဲ့တဲ့ ဂရစ်ဇ်မန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကလေး၂ယောက်အဖေဖြစ်တဲ့ ၈ရစ်ဇ်မန်းဟာ ဒီနေ့ သူ့အတွက် တတိယမြောက်ရင်သွေးငယ်တစ်ဦးကို ထပ်ပြီး ပိုင်ဆိုင်ခဲ့ပြန်ပါတယ်။

ထူးခြားတာက သူ့ရဲ့ကလေး ၃ယောက်စလုံးဟာ ဧပြီ ၈ရက်နေ့ တစ်နေ့တည်းမှာပဲ မွေးဖွားခဲ့ကြတာတွေ ဖြစ်နေပါတယ်။ အရင် အကြီး ၂ယောက်တုန်းကလည်း ဧပြီလ ၈ရက်မှာပဲ မွေးဖွားခဲ့တဲ့အတွက် သူ့ရဲ့ ကလေးတွေ အားလုံးရဲ့ မွေးနေ့ကို တစ်ရက်တည်း မှတ်ထားရုံနဲ့ လုံလောက်သွားပါပြီ။

ကလေး၃ယောက် ဟက်ထရစ်ပိုင်ဆိုင်လာတဲ့ ဂရစ်ဇ်မန်းမှာ သမီးကြီး မီယာ၊ သားဖြစ်သူ အာမာရိုနဲ့ အခုနောက်ဆုံးကလေးကလည်း ယောက်ကျာ်းလေး အဲလ်ဘာ တို့ရှိပါတယ်။ သူ့ရဲ့ သမီးကြီးက ယူရို ၂၀၁၆ပြိုင်ပွဲမတိုင်ခင် ဧပြီလ ၈ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၅နှစ်ရှိပါပြီ။ ဒုတိယကလေး အာမာရိုကို ၂၀၁၉ ဧပြီလ ဂရက်နေ့မှာ မွေးခဲ့တာဖြစ်ပြီး အခု ၂နှစ်အကြာ ဧပြီလ ၈ရက်နေ့မှာ အဲလ်ဘာကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး သူ့ရဲ့ ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေမှ မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပြီး ဖနီးဖြစ်သူရဲ့ မွေးနေ့နဲ့ ကလေးတွေရဲ့ မွေးနေ့ နှစ်ခုပေါင်းမှတ်စရာ မွေးနေ့ရက်စွဲ ၂ခုပဲရှိတဲ့ ဂရစ်ဇ်မန်းကို စနောက်နေခဲ့ကြပါတယ်။ တစ်ချို့ကလည်း ကလေးမွေးနေ့ပွဲအတွက် အကုန်အကျမများတော့ဘဲ ပေါင်းလုပ်လို့ရသွားပြီလို့ မှတ်ချက်ပြုခဲ့ကြတာပါ။

၈ရစ်ဇ်မန်းရဲ့ ဇနီးကလည်း ဘောလုံးဝါသနာရှင်ဖြစ်ပြီး ၈ရစ်ဇ်မန်းကစားတဲ့ အရေးကြီးဘောလုံးပွဲစဉ်တွေကို အမြဲလိုက်ပါအားပေးတဲ့သူပါ။ ဇနီးဖြစ်သူနဲ့ ပတ်သတ်ပြီး ဂရစ်ဇ်မန်းက ” သူမက ကျွန်တော့လိုပဲ အနေအေးတဲ့သူတစ်ယောက်ပါ။ ရယ်မောပျော်ရွှင်ရတာကိုနှစ်သက်ပြီး ကျွန်တော့်အတွက် အစားအစာတွေ ချက်ပြုတ်ပေးပါတယ်။ ကျွန်တော့်အတွက် ဖနီးကောင်း တစ်ယောက်ပါပဲ” လို့ ဆိုပါတယ်။

ဂရစ်ဇ်မန်းက ပြင်သစ်လူမျိုးဖြစ်ပေမယ့် စပိန်မြေမှာတွေ့ခဲ့တဲ့ စပိန်သူ အီရီကာချိုပီရီနာကို ၂၀၁၇ မှာလက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီတပတ် ရီးရဲလ်နဲ့ ကစားမယ့် El Clasico ပွဲစဉ်မှာ ဒဏ်ရာကြောင့် ဂရစ်ဇ်မန်းပါဖို့ မသေချာသေးပေမယ့် ကလေးဟက်ထရစ်ရှင် ဖြစ်လာတဲ့ သူ့အတွက် ပြိုင်ပွဲအကြို မိသားစု အောင်ပွဲပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမြးေန႔တူ ၃ေယာက္ေျမာက္ ဟက္ထရစ္ကေလးငယ္ကို ရရွိခဲ့တဲ့ ဂရစ္ဇ္မန္း

ကေလး၂ေယာက္အေဖျဖစ္တဲ့ ၈ရစ္ဇ္မန္းဟာ ဒီေန႔ သူ႔အတြက္ တတိယေျမာက္ရင္ေသြးငယ္တစ္ဦးကို ထပ္ၿပီး ပိုင္ဆိုင္ခဲ့ျပန္ပါတယ္။ ထူးျခားတာက သူ႔ရဲ႕ကေလး ၃ေယာက္စလုံးဟာ ဧၿပီ ၈ရက္ေန႔ တစ္ေန႔တည္းမွာပဲ ေမြးဖြားခဲ့ၾကတာေတြ ျဖစ္ေနပါတယ္။ အရင္ အႀကီး ၂ေယာက္တုန္းကလည္း ဧၿပီလ ၈ရက္မွာပဲေမြးဖြားခဲ့တဲ့အတြက္ သူ႔ရဲ႕ ကေလးေတြ အားလုံးရဲ႕ ေမြးေန႔ကို တစ္ရက္တည္း မွတ္ထား႐ုံနဲ႔ လုံေလာက္သြားပါၿပီ။

ကေလး၃ေယာက္ ဟက္ထရစ္ပိုင္ဆိုင္လာတဲ့ ဂရစ္ဇ္မန္းမွာ သမီးႀကီး မီယာ၊ သားျဖစ္သူ အာမာ႐ိုနဲ႔ အခုေနာက္ဆုံးကေလးကလည္း ေယာက္က်ာ္းေလး အဲလ္ဘာ တို႔ရွိပါတယ္။ သူ႔ရဲ႕ သမီးႀကီးက ယူ႐ို ၂၀၁၆ၿပိဳင္ပြဲမတိုင္ခင္ ဧၿပီလ ၈ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ၅ႏွစ္ရွိပါၿပီ။ ဒုတိယကေလး အာမာ႐ိုကို ၂၀၁၉ ဧၿပီလ ဂရက္ေန႔မွာ ေမြးခဲ့တာျဖစ္ၿပီး အခု ၂ႏွစ္အၾကာ ဧၿပီလ ၈ရက္ေန႔မွာ အဲလ္ဘာကို ရရွိခဲ့တာျဖစ္ပါတယ္။

ဒီသတင္းနဲ႔ပတ္သတ္ၿပီး သူ႔ရဲ႕ ပရိသတ္ေတြက ဆိုရွယ္မီဒီယာေတြမွ မွတ္ခ်က္အမ်ိဳးမ်ိဳးေပးခဲ့ၾကၿပီး ဖနီးျဖစ္သူရဲ႕ ေမြးေန႔နဲ႔ ကေလးေတြရဲ႕ ေမြးေန႔ ႏွစ္ခုေပါင္းမွတ္စရာ ေမြးေန႔ရက္စြဲ ၂ခုပဲရွိတဲ့ ဂရစ္ဇ္မန္းကို စေနာက္ေနခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ကေလးေမြးေန႔ပြဲအတြက္ အကုန္အက်မမ်ားေတာ့ဘဲ ေပါင္းလုပ္လို႔ရသြားၿပီလို႔ မွတ္ခ်က္ျပဳခဲ့ၾကတာပါ။ ၈ရစ္ဇ္မန္းရဲ႕ ဇနီးကလည္း ေဘာလုံးဝါသနာရွင္ျဖစ္ၿပီး ၈ရစ္ဇ္မန္းကစားတဲ့ အေရးႀကီးေဘာလုံးပြဲစဥ္ေတြကို အၿမဲလိုက္ပါအားေပးတဲ့သူပါ။ ဇနီးျဖစ္သူနဲ႔ ပတ္သတ္ၿပီး ဂရစ္ဇ္မန္းက ” သူမက ကြၽန္ေတာ့လိုပဲ အေနေအးတဲ့သူတစ္ေယာက္ပါ။ ရယ္ေမာေပ်ာ္႐ႊင္ရတာကိုႏွစ္သက္ၿပီး ကြၽန္ေတာ့္အတြက္ အစားအစာေတြ ခ်က္ျပဳတ္ေပးပါတယ္။ ကြၽန္ေတာ့္အတြက္ ဖနီးေကာင္း တစ္ေယာက္ပါပဲ” လို႔ ဆိုပါတယ္။

ဂရစ္ဇ္မန္းက ျပင္သစ္လူမ်ိဳးျဖစ္ေပမယ့္ စပိန္ေျမမွာေတြ႕ခဲ့တဲ့ စပိန္သူ အီရီကာခ်ိဳပီရီနာကို ၂၀၁၇ မွာလက္ထပ္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီတပတ္ ရီးရဲလ္နဲ႔ ကစားမယ့္ El Clasico ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ ဂရစ္ဇ္မန္းပါဖို႔ မေသခ်ာေသးေပမယ့္ ကေလးဟက္ထရစ္ရွင္ ျဖစ္လာတဲ့ သူ႔အတြက္ ၿပိဳင္ပြဲအႀကိဳ မိသားစု ေအာင္ပြဲပါပဲ။