
Photo Credit
Photo Credit ; Getty Images
အင္တာမီလန္အသင္းတုိက္စစ္မွဴး လူကာကူဟာ ကိုယ္အေလးခ်ိန္ျမင့္တက္ေနမႈေၾကာင့္ အသင္းရဲ႕ရာသီအဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနမႈကို အေပၚပိုင္းဗလာက်င္းထားတဲ့ဓာတ္ပုံ႐ုိက္ရင္း ျပန္လည္တု႔ံျပန္သြားပါတယ္။
Photo Credit
အီတလီသတင္းစာေတြက လူကာကူဟာ ပံုမွန္ထက္ ကိုယ္အေလးခ်ိန္ပိုမ်ားေနတာေၾကာင့္ လက္ခ်ီနဲ႔ စီးရီးေအအဖြင့္ပြဲကို လြဲေခ်ာ္ရဖြယ္ရွိေနတယ္လုိ႔ ေရးသားေဖာ္ျပခဲ့တာျဖစ္ၿပီး လူကာကူက သူ႕ရဲ႕ႂကြက္သားေတြကို အသားေပး႐ိုက္ထားတဲ့ မွန္ေရွ႕ဆဲလ္ဖီဆြဲေနတဲ့ဓာတ္ပုံတင္ခဲ့တာျဖစ္သလုိ ”ဖက္တီးအတြက္ သိပ္ေတာ့မဆုိးပါဘူး”ဆုိတဲ့စာပါ ေရးသားခဲ့ပါတယ္။
Photo Credit
လူကာကူဟာ ယခုလအေစာပိုင္းက ယူႏုိက္တက္ကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး Corriere dello Sport သတင္းစာရဲ႕ေဖာ္ျပခ်က္အရ သူဟာ ယူႏုိက္တက္ရဲ႕ရာသီႀကိဳေျခစမ္းပြဲေတြကို လြဲေခ်ာ္ခဲ့ရတာေၾကာင့္ ကိုယ္အေလးခ်ိန္ျမင့္တက္ေနတယ္လုိ႔ သိရပါတယ္။
Photo Credit
အဲဒီသတင္းစာကပဲ လူကာကူရဲ႕ကိုယ္အေလးခ်ိန္က ၁၀၄ ကီလုိအထိရွိေနၿပီး အင္တာမီလန္က ၁၀၀ ကီလုိေအာက္ ေရာက္ေစခ်င္ေနတယ္လုိ႔ သိရပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ လူကာကူဟာ အစားအေသာက္ေတြကို အတုိင္းအတာနဲ႔ ခ်င့္ခ်ိန္စားေသာက္ေနသလို အပိုေလ့က်င့္ခန္းဆင္းရင္း ၀ိတ္က်ဖို႔ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။
Photo Credit
ယူႏုိက္တက္ဂႏၳ၀င္ကစားသမား ဂယ္ရီနဗီးလ္က အန္ဒါလက္ရွ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔အဲဗာတန္တုိက္စစ္မွဴးေဟာင္း လူကာကူ ကိုယ္အေလးခ်ိန္မထိန္းႏိုင္တာကို ေ၀ဖန္ခဲ့ဖူးၿပီး ေနာက္ထပ္ကစားသမားေဟာင္း ပယ္လစၥတာကလည္း အဲဒီအတုိင္း ေ၀ဖန္ခဲ့ပါတယ္။
Photo Credit
”လူကာကူဟာ ဂိုးသြင္းမုဆိုးတစ္ဦးျဖစ္ၿပီး ဂိုးေတြလည္း အမ်ားႀကီးသြင္းယူႏုိင္ပါတယ္။ ဒါေပမဲ့ လက္ရွိယူႏုိက္တက္အသင္းရဲ႕ကစားပုံအရ သူက အရမ္းကိုဟဲဗီးျဖစ္ေနပါတယ္။ ဒီအတြက္ေၾကာင့္လည္း ယူႏိုက္တက္က သူ႕ကို ေရာင္းခ်ခဲ့တာလုိ႔ ထင္ပါတယ္”လုိ႔ ပယ္လစၥတာက ေျပာပါတယ္။
Photo Credit
Unicode
မှန်ရှေ့မှာ ဆဲလ်ဖီဆွဲရင်း ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ လူကာကူ
အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူဟာ ကိုယ်အလေးချိန်မြင့်တက်နေမှုကြောင့် အသင်းရဲ့ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေမှုကို အပေါ်ပိုင်းဗလာကျင်းထားတဲ့ဓာတ်ပုံရိုက်ရင်း ပြန်လည်တုံ့ပြန်သွားပါတယ်။
အီတလီသတင်းစာတွေက လူကာကူဟာ ပုံမှန်ထက် ကိုယ်အလေးချိန်ပိုများနေတာကြောင့် လက်ချီနဲ့ စီးရီးအေအဖွင့်ပွဲကို လွဲချော်ရဖွယ်ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး လူကာကူက သူ့ရဲ့ကြွက်သားတွေကို အသားပေးရိုက်ထားတဲ့ မှန်ရှေ့ဆဲလ်ဖီဆွဲနေတဲ့ဓာတ်ပုံတင်ခဲ့တာဖြစ်သလို ”ဖက်တီးအတွက် သိပ်တော့မဆိုးပါဘူး”ဆိုတဲ့စာပါ ရေးသားခဲ့ပါတယ်။
လူကာကူဟာ ယခုလအစောပိုင်းက ယူနိုက်တက်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး Corriere dello Sport သတင်းစာရဲ့ဖော်ပြချက်အရ သူဟာ ယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်ခဲ့ရတာကြောင့် ကိုယ်အလေးချိန်မြင့်တက်နေတယ်လို့ သိရပါတယ်။
အဲဒီသတင်းစာကပဲ လူကာကူရဲ့ကိုယ်အလေးချိန်က ၁၀၄ ကီလိုအထိရှိနေပြီး အင်တာမီလန်က ၁၀၀ ကီလိုအောက် ရောက်စေချင်နေတယ်လို့ သိရပါတယ်။ အဲဒီအတွက်ကြောင့်ပဲ လူကာကူဟာ အစားအသောက်တွေကို အတိုင်းအတာနဲ့ ချင့်ချိန်စားသောက်နေသလို အပိုလေ့ကျင့်ခန်းဆင်းရင်း ဝိတ်ကျဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဂန္ထဝင်ကစားသမား ဂယ်ရီနဗီးလ်က အန်ဒါလက်ရှ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ချဲလ်ဆီးနဲ့အဲဗာတန်တိုက်စစ်မှူးဟောင်း လူကာကူ ကိုယ်အလေးချိန်မထိန်းနိုင်တာကို ဝေဖန်ခဲ့ဖူးပြီး နောက်ထပ်ကစားသမားဟောင်း ပယ်လစ္စတာကလည်း အဲဒီအတိုင်း ဝေဖန်ခဲ့ပါတယ်။
”လူကာကူဟာ ဂိုးသွင်းမုဆိုးတစ်ဦးဖြစ်ပြီး ဂိုးတွေလည်း အများကြီးသွင်းယူနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိယူနိုက်တက်အသင်းရဲ့ကစားပုံအရ သူက အရမ်းကိုဟဲဗီးဖြစ်နေပါတယ်။ ဒီအတွက်ကြောင့်လည်း ယူနိုက်တက်က သူ့ကို ရောင်းချခဲ့တာလို့ ထင်ပါတယ်”လို့ ပယ်လစ္စတာက ပြောပါတယ်။