

လိဂ္ဖလားၿပိဳင္ပြဲ(Carabao Cup) တတိယအဆင့္အျဖစ္ အမ္ေကဒြန္းစ္ကို အႏိုင္ရတဲ့ပြဲမွာ မွတ္ပံုမတင္ရေသးတဲ့ကစားသမားတစ္ေယာက္ကို လီဗာပူးထည့္သံုးသြားတယ္ဆိုတဲ့သတင္းေတြအေပၚ အဂၤလိပ္ေဘာလံုးလိဂ္အဖြဲခ်ဳပ္(EFL)အေနနဲ႔ စံုစမ္းစစ္ေဆးသြားမယ္လို႔သိရပါတယ္။အဲဒီကစားသမားအမည္ကို မသိရေပမယ့္ ဒီၿပိဳင္ပြဲအတြက္ မွတ္ပံုတင္ထားတဲ့ ကစားသမားစာရင္းမွာမပါဘူးလို႔ ယူဆမႈေတြအမ်ားအျပားရွိေနတာေၾကာင့္ “ လက္ရွိအခ်ိန္မွာ ဒီကိစၥကို ကၽြန္ေတာ္တို႔သံုးသပ္ဆင္ျခင္ေနပါတယ္ ”လို႔ EFL ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက Omnisport ကိုေျပာသြားတာပါ။

စတုတၳအဆင့္အျဖစ္ လာမယ့္လမွာ အာဆင္နယ္နဲ႔ရင္ဆိုင္ရမယ့္ လီဗာပူးအေနနဲ႔ တကယ္လို႔ စည္းမ်ဥ္းခ်ိဳးေဖာက္ေၾကာင္းစစ္ေဆးေတြ႔ရွိရရင္ ေငြဒဏ္ ဒါမွမဟုတ္ ၿပိဳင္ပြဲကေနထုတ္ပယ္တဲ့ျပစ္ဒဏ္က်ခံရဖို႔ရွိေနပါတယ္။ဒါေပမဲ့ ေနာက္ပိုင္းျပစ္ဒဏ္ကေတာ့ သိပ္မျဖစ္ႏိုင္ဘူးလို႔သိရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ၂၀၁၄ခုႏွစ္တုန္းက ဂ်ီေဒါင္၀ူးကို လိဂ္ဖလားနဲ႔ပရီးမီးယားလိဂ္မွာ အခုလိုပဲ အသံုးျပဳခဲ့တဲ့ ဆန္းဒါးလန္းကို ေငြဒဏ္သာခ်မွတ္ခဲ့ဖူးလို႔ပါ။

အဲဒီတုန္းက ဆန္းဒါးလန္းဟာ ဂ်ာမနီမွာအငွားခ်ထားတဲ့ သူတို႔ကစားသမားကို ႏိုင္ငံတကာခြင့္ျပဳမိန္႔မက်ခင္ ကစားေစခဲ့တာျဖစ္ေပမယ့္ စီမံခန္႔ခြဲမႈအမွားေၾကာင့္လို႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။လီဗာပူးကေတာ့ ဒီျပသနာကိုသူတို႔လည္း သတိျပဳေစာင့္ၾကည့္ေနၿပီး စံုစမ္းမႈအၿပီးမသတ္ခင္ ဘာမွမွတ္ခ်က္မေပးလိုဘူးလို႔ တံု႔ျပန္ထားပါတယ္။

“ ကၽြန္ေတာ္တို႔ရဲ႕ကစားသမားတစ္ေယာက္ကို စီမံခန္႔ခြဲမႈျဖစ္စဥ္နဲ႔ဆက္စပ္ႏိုင္တဲ့ အလားအလာမ်ိဳးျဖစ္ခဲ့တယ္ဆိုတာ သတိျပဳမိပါတယ္။ဒီကိစၥနဲ႔ပတ္သက္တဲ့ သက္ေသအေထာက္အထားေတြရဖို႔အတြက္ သက္ဆိုင္ရာတာ၀န္ရွိသူေတြနဲ႔အတူ ကၽြန္ေတာ္တို႔ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ျဖစ္စဥ္တစ္ခုလံုး အၿပီးမသတ္ခင္ ဘာမွမွတ္ခ်က္မေပးလိုပါဘူး ”လို႔ လီဗာပူးအသင္း ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဖြင့္ဟထားပါတယ္။လီဗာပူးဟာ အဲဒီပြဲမွာ လူငယ္မ်ိဳးဆက္သစ္ ၄ေယာက္ကို ပြဲထြက္ကစားသမားအျဖစ္ ထည့္သြင္းအသံုးျပဳသြားခဲ့တာပါ။
(unicode)
လိဂ်ဖလားပြိုင်ပွဲ(Carabao Cup) တတိယအဆင့်အဖြစ် အမ်ကေဒွန်းစ်ကို အနိုင်ရတဲ့ပွဲမှာ မှတ်ပုံမတင်ရသေးတဲ့ကစားသမားတစ်ယောက်ကို လီဗာပူးထည့်သုံးသွားတယ်ဆိုတဲ့သတင်းတွေအပေါ် အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲချုပ်(EFL)အနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့သိရပါတယ်။အဲဒီကစားသမားအမည်ကို မသိရပေမယ့် ဒီပြိုင်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ ကစားသမားစာရင်းမှာမပါဘူးလို့ ယူဆမှုတွေအများအပြားရှိနေတာကြောင့် “ လက်ရှိအချိန်မှာ ဒီကိစ္စကို ကျွန်တော်တို့သုံးသပ်ဆင်ခြင်နေပါတယ် ”လို့ EFL ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Omnisport ကိုပြောသွားတာပါ။စတုတ္ထအဆင့်အဖြစ် လာမယ့်လမှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် လီဗာပူးအနေနဲ့ တကယ်လို့ စည်းမျဉ်းချိုးဖောက်ကြောင်းစစ်ဆေးတွေ့ရှိရရင် ငွေဒဏ် ဒါမှမဟုတ် ပြိုင်ပွဲကနေထုတ်ပယ်တဲ့ပြစ်ဒဏ်ကျခံရဖို့ရှိနေပါတယ်။ဒါပေမဲ့ နောက်ပိုင်းပြစ်ဒဏ်ကတော့ သိပ်မဖြစ်နိုင်ဘူးလို့သိရပါတယ်။ဘာကြောင့်လဲဆိုတော့ ၂၀၁၄ခုနှစ်တုန်းက ဂျီဒေါင်ဝူးကို လိဂ်ဖလားနဲ့ပရီးမီးယားလိဂ်မှာ အခုလိုပဲ အသုံးပြုခဲ့တဲ့ ဆန်းဒါးလန်းကို ငွေဒဏ်သာချမှတ်ခဲ့ဖူးလို့ပါ။အဲဒီတုန်းက ဆန်းဒါးလန်းဟာ ဂျာမနီမှာအငှားချထားတဲ့ သူတို့ကစားသမားကို နိုင်ငံတကာခွင့်ပြုမိန့်မကျခင် ကစားစေခဲ့တာဖြစ်ပေမယ့် စီမံခန့်ခွဲမှုအမှားကြောင့်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။လီဗာပူးကတော့ ဒီပြသနာကိုသူတို့လည်း သတိပြုစောင့်ကြည့်နေပြီး စုံစမ်းမှုအပြီးမသတ်ခင် ဘာမှမှတ်ချက်မပေးလိုဘူးလို့ တုံ့ပြန်ထားပါတယ်။“ ကျွန်တော်တို့ရဲ့ကစားသမားတစ်ယောက်ကို စီမံခန့်ခွဲမှုဖြစ်စဉ်နဲ့ဆက်စပ်နိုင်တဲ့ အလားအလာမျိုးဖြစ်ခဲ့တယ်ဆိုတာ သတိပြုမိပါတယ်။ဒီကိစ္စနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေရဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နေပါတယ်။ဖြစ်စဉ်တစ်ခုလုံး အပြီးမသတ်ခင် ဘာမှမှတ်ချက်မပေးလိုပါဘူး ”လို့ လီဗာပူးအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟထားပါတယ်။လီဗာပူးဟာ အဲဒီပွဲမှာ လူငယ်မျိုးဆက်သစ် ၄ယောက်ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုသွားခဲ့တာပါ။