မြေးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာရဲ့ခြေစွမ်းက သူ့အဖေငယ်ငယ်တုန်းကထက် ပိုကောင်းတယ်လို့ စီရော်နယ်လ်ဒိုမိခင် ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းက ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့မိခင်ဖြစ်သူ ဒါလောရက်စ်အဗယ်ရိုက မြေးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာလေးရဲ့ခြေစွမ်းက စီရော်နယ်လ်ဒိုငယ်ငယ်တုန်းကထက်တောင် ပိုကောင်းတယ်လို့ ချီးကျူးလိုက်ပါတယ်။

အသက်(၁၁)နှစ်အရွယ်သာရှိသေးသူ ခရစ္စတီယာနိုဂျူနီယာဟာ အဖေဖြစ်သူရဲ့ စနစ်တကျညွှန်ကြားမှုနဲ့အတူ ငယ်စဉ်မှာပဲခြေစွမ်းပြကစားနေပြီး တစ်ချိန်ကျရင် သူ့အဖေလို ထိပ်တန်းအဆင့်ရောက်အောင်ကြိုးစားနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒိုကစားခဲ့တဲ့နှစ်တွေအတွင်း ဂျူဗင်တပ်စ်ယူ-၉အသင်းအတွက် (၂၃)ပွဲကစား၊ (၅၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ခဲ့တဲ့အထိခြေစွမ်းပြခဲ့တဲ့

ခရစ္စတီယာနိုဂျူနီယာဟာ အခု မန်ချက်စတာယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒိုပြောင်းရွှေ့ခဲ့ချိန်မှာတော့ မန်ချက်စတာယူနိုက်တက်လူငယ်အသင်းမှာ ဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့သားဖြစ်တဲ့ ခိုင်ရွန်နီနဲ့အတူ တွဲဖက်ကစားနေတာပါ။

ဒါပေမဲ့ ခရစ္စတီယာနိုဂျူနီယာဟာ သူ့အဖေလိုပဲ တစ်ချိန်ကျရင် စပို့တင်းလစ္စဘွန်းအသင်းအတွက်ကစားဖို့ဆန္ဒရှိနေပြီး အဖွားဖြစ်သူဒါလောရက်စ်ကလည်း စပို့တင်းလစ္စဘွန်းအသင်းမှာ ခရစ္စတီယာနိုဂျူနီယာကစားတာကို မြင်တွေ့လိုနေတာဖြစ်ပါတယ်။

ADN de Leao မီဒီယာနဲ့အင်တာဗျူးမှာ ဒါလောရက်စ်က “စီရော်နယ်လ်ဒိုကို ကစားသမားဘဝက အနားမယူခင် စပို့တင်းလစ္စဘွန်းအသင်းမှာကစားတာ ကျွန်မမြင်လိုပါတယ်။

စပို့တင်းလစ္စဘွန်းပွဲတွေကို စီရော်နယ်လ်ဒို အခုအထိကြည့်ရှုအားပေးနေဆဲဖြစ်ပြီး ကျွန်မက ‘သားရေ ..အမေ မသေခင်ကလေး စပို့တင်းလစ္စဘွန်းအသင်းမှာ မင်း ပြန်ကစားတာမြင်ချင်တယ်’လို့ ပြောခဲ့ပြီးသားပါ။

သူက ‘စောင့်ကြည့်ရသေးတာပေါ့..အမေ’လို့ ကျွန်မကို ပြောခဲ့ပါတယ်။ တကယ်လို့ စီရော်နယ်လ်ဒိုမဟုတ်တာတောင် ခရစ္စတီယာနိုဂျူနီယာလေး ကစားတာကို မြင်ချင်ပါတယ်။ ဒီအသက်အရွယ်မှာ ခရစ္စတီယာနိုဂျူနီယာဟာ စီရော်နယ်လ်ဒိုထက်တောင် ခြေစွမ်းပြကစားနေပါတယ်။

ခရစ္စတီယာနိုဂျူနီယာအသက်လောက်တုန်းက စီရော်နယ်လ်ဒိုမှာ နည်းပြမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သူက ခရစ္စတီယာနိုဂျူနီယာအတွက် နည်းပြဖြစ်နေပါပြီ။

ခရစ္စတီယာနိုဂျူနီယာကိုယ်တိုင်ကလည်း သူ့အဖေကို ‘အဖေ ..သားတို့ လစ္စဘွန်းမြို့ကို ပြောင်းဖြစ်မယ်ဆိုရင် စပို့တင်းလစ္စဘွန်းအသင်းအတွက်ကစားချင်တယ်’လို့ ပြောခဲ့ဖူးပါတယ်။

သူတို့သားအဖနှစ်ယောက်ကို စပို့တင်းလစ္စဘွန်းအသင်းမှာ အတူတူမြင်တွေ့ရဖို့က ကျွန်မရဲ့အိပ်မက်လည်းဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေျမးျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာရဲ႕ေျခစြမ္းက သူ႔အေဖငယ္ငယ္တုန္းကထက္ ပိုေကာင္းတယ္လို႔ စီေရာ္နယ္လ္ဒိုမိခင္ ခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္တက္အသင္းက ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕မိခင္ျဖစ္သူ ဒါေလာရက္စ္အဗယ္႐ိုက ေျမးျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာေလးရဲ႕ေျခစြမ္းက စီေရာ္နယ္လ္ဒိုငယ္ငယ္တုန္းကထက္ေတာင္ ပိုေကာင္းတယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။ အသက္(၁၁)ႏွစ္အ႐ြယ္သာရွိေသးသူ ခရစၥတီယာႏိုဂ်ဴနီယာဟာ အေဖျဖစ္သူရဲ႕ စနစ္တက်ၫႊန္ၾကားမႈနဲ႔အတူ ငယ္စဥ္မွာပဲေျခစြမ္းျပကစားေနၿပီး တစ္ခ်ိန္က်ရင္ သူ႔အေဖလို ထိပ္တန္းအဆင့္ေရာက္ေအာင္ႀကိဳးစားေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ စီေရာ္နယ္လ္ဒိုကစားခဲ့တဲ့ႏွစ္ေတြအတြင္း ဂ်ဴဗင္တပ္စ္ယူ-၉အသင္းအတြက္ (၂၃)ပြဲကစား၊ (၅၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၇)ႀကိမ္ျပဳလုပ္ခဲ့တဲ့အထိေျခစြမ္းျပခဲ့တဲ့ ခရစၥတီယာႏိုဂ်ဴနီယာဟာ အခု မန္ခ်က္စတာယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒိုေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္လူငယ္အသင္းမွာ ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီရဲ႕သားျဖစ္တဲ့ ခိုင္႐ြန္နီနဲ႔အတူ တြဲဖက္ကစားေနတာပါ။ ဒါေပမဲ့ ခရစၥတီယာႏိုဂ်ဴနီယာဟာ သူ႔အေဖလိုပဲ တစ္ခ်ိန္က်ရင္ စပို႔တင္းလစၥဘြန္းအသင္းအတြက္ကစားဖို႔ဆႏၵရွိေနၿပီး အဖြားျဖစ္သူဒါေလာရက္စ္ကလည္း စပို႔တင္းလစၥဘြန္းအသင္းမွာ ခရစၥတီယာႏိုဂ်ဴနီယာကစားတာကို ျမင္ေတြ႕လိုေနတာျဖစ္ပါတယ္။

ADN de Leao မီဒီယာနဲ႔အင္တာဗ်ဴးမွာ ဒါေလာရက္စ္က “စီေရာ္နယ္လ္ဒိုကို ကစားသမားဘဝက အနားမယူခင္ စပို႔တင္းလစၥဘြန္းအသင္းမွာကစားတာ ကြၽန္မျမင္လိုပါတယ္။ စပို႔တင္းလစၥဘြန္းပြဲေတြကို စီေရာ္နယ္လ္ဒို အခုအထိၾကည့္ရႈအားေပးေနဆဲျဖစ္ၿပီး ကြၽန္မက ‘သားေရ ..အေမ မေသခင္ကေလး စပို႔တင္းလစၥဘြန္းအသင္းမွာ မင္း ျပန္ကစားတာျမင္ခ်င္တယ္’လို႔ ေျပာခဲ့ၿပီးသားပါ။ သူက ‘ေစာင့္ၾကည့္ရေသးတာေပါ့..အေမ’လို႔ ကြၽန္မကို ေျပာခဲ့ပါတယ္။

တကယ္လို႔ စီေရာ္နယ္လ္ဒိုမဟုတ္တာေတာင္ ခရစၥတီယာႏိုဂ်ဴနီယာေလး ကစားတာကို ျမင္ခ်င္ပါတယ္။ ဒီအသက္အ႐ြယ္မွာ ခရစၥတီယာႏိုဂ်ဴနီယာဟာ စီေရာ္နယ္လ္ဒိုထက္ေတာင္ ေျခစြမ္းျပကစားေနပါတယ္။ ခရစၥတီယာႏိုဂ်ဴနီယာအသက္ေလာက္တုန္းက စီေရာ္နယ္လ္ဒိုမွာ နည္းျပမရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သူက ခရစၥတီယာႏိုဂ်ဴနီယာအတြက္ နည္းျပျဖစ္ေနပါၿပီ။ ခရစၥတီယာႏိုဂ်ဴနီယာကိုယ္တိုင္ကလည္း သူ႔အေဖကို ‘အေဖ ..သားတို႔ လစၥဘြန္းၿမိဳ႕ကို ေျပာင္းျဖစ္မယ္ဆိုရင္ စပို႔တင္းလစၥဘြန္းအသင္းအတြက္ကစားခ်င္တယ္’လို႔ ေျပာခဲ့ဖူးပါတယ္။ သူတို႔သားအဖႏွစ္ေယာက္ကို စပို႔တင္းလစၥဘြန္းအသင္းမွာ အတူတူျမင္ေတြ႕ရဖို႔က ကြၽန္မရဲ႕အိပ္မက္လည္းျဖစ္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။