
Photo Credit
Photo Credit
ဘာစီလိုနာကြယ်ပွင့် အိုင်ဗန်ရာကီတစ်ကတော့ ပထမပွဲထွက်လူစာရင်းမှာပါဝင်ခွင့်မရရင် အသင်းကနေ ထွက်ခွာမယ်လို့ သတိပေးလိုက်ပြီး “ဒီမှာရှိနေတာဟာ မြို့ထဲမှာပျော်ရွှင်စွာလမ်းလျှောက်ထွက်နေဖို့နဲ့ အရန်ခုံမှာထိုင်နေဖို့ မဟုတ်ဘူး”လို့ ပြောကြားလိုက်ပါတယ်။
Photo Credit
အဆိုပါ ကွင်းလယ်လူကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ချိတ်ဆက်မှုတွေများစွာရှိခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ လိုအပ်တဲ့ငွေကြေးကိုရှာဖွေနိုင်ဖို့ ရာကီတစ်ကိုရောင်းချနိုင်ရေးကလည်း ကက်တာလန်အခြေစိုက်အသင်းက ကြံရွယ်ခဲ့ပါသေးတယ်။
Photo Credit
သတင်းတွေရဲ့အဆိုအရ ရာကီတစ်ဟာ နေမာရဲ့ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုတွေမှာလည်း တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကွင်းလယ်လူကို ဂျူဗင်တပ်စ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပြီး ခရိုအေးရှားသားကို တူရင်မြေဆီ လာရောက်ပူးပေါင်းဖို့ ရော်နယ်ဒိုကဆွဲဆောင်ပြောဆိုခဲ့တယ်လို့ ကောလာဟလတွေလည်းရှိခဲ့ပါတယ်။
Photo Credit ; Getty Images
ရာကီတစ်ကတော့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆန္ဒမရှိခဲ့ဘဲ အသင်းမှာသာ ဆက်နေခဲ့ပေမယ့် လက်ရှိရာသီနည်းပြဗယ်ဗာဒီရဲ့လက်အောက်မှာ ပွဲထွက်လူစာရင်းရဲ့ အစွန်အဖျားအဖြစ်သာပါဝင်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၈၆ မိနစ်သာကစားရသေးပါတယ်။
Photo Credit
”အခုဘာတွေဖြစ်နေလဲ ကျွန်တော်မသိတော့ပါဘူး၊ အခုအခြေအနေက အရမ်းခက်ခဲပါတယ်၊ ကျွန်တော် ပွဲထွက်ခွင့်ရပြီးကစားချင်ပါတယ်၊ ကျွန်တော်က အခုအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိမနေပါဘူး၊ ကျွန်တော့်ရဲ့ အနေအထားကို ဖြစ်နိုင်သမျှအားလုံး ပြောင်းလဲပစ်လို့ ရပါတယ်”
Photo Credit
”ကျွန်တော် အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်”လို့ ရာကီတစ်ကပြောပါတယ်။ ဆက်လက်ပြီး ရာကီတစ်က ”ဘာစီလိုနာအသင်းမှာ ကစားရတာလောက်ကောင်းတာမရှိပါဘူး၊ ကမ္ဘာ့အကောင်းဆုံးအသင်းလည်းဖြစ်တယ်လေ၊ ဒါပေမဲ့ ကျွန်တော် ကစားဖို့ လိုအပ်ပါတယ်”
Photo Credit
”ဒီမှာရှိနေတာက မြို့ထဲမှာပျော်ရွှင်စွာလမ်းလျှောက်ထွက်နေဖို့နဲ့ အရန်ခုံမှာထိုင်နေဖို့ မဟုတ်ပါဘူး”လို့ ဆက်ပြောပါတယ်။ ရာကီတစ်ဟာ အနာဂတ်မှာ ဘာစီလိုနာမှာပဲဆက်ရှိနေဖို့ သူကိုယ်တိုင်ပဲဆုံးဖြတ်ချက်ချခဲ့တာပါ၊ သူ့ကိုလိုချင်နေကြတဲ့ ကလပ်အသင်းပေါင်းများစွာရှိနေပေမယ့် ကမ်းလှမ်းမှုအားလုံးကိုပယ်ချပြီး အသင်းမှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။
Photo Credit
Zawgyi
မြို့ထဲမှာ လမ်းသလားနေဖို့ ဒီမှာ ရှိနေတာမဟုတ်ဘူးနော်…