မြန်မာ့ဂုဏ်ဆောင်မယ့် Burmese Ghouls အနိုင်ရဖို့ အားပေးကြပါစို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စင်ကာပူနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ Mobile Legends Bang Bang M2 World Championship ပြိုင်ပွဲကြီးကတော့ အခုဆိုရင် final ပွဲကြီးဆီရောက်ရှိလာပါပြီ။ M2 World Championship Grand Final မှာ Burmese Ghouls နှင့် Bren Esports တို့ ယှဉ်ပြိုင်ကြမှာပါ။

လာမယ့် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ ဝန်းကျင်မှာတော့ World Champion Title အတွက် Burmese Ghouls အသင်း မြန်မာ့ဂုဏ်ဆောင်ဖို့ အကြိတ်အနယ်တိုက်ပွဲဝင်ပါတော့မယ်။ Bren Esports အသင်းဟာ RRQ အသင်းကိုအနိုင်ရကာ ဗိုလ်လုပွဲကိုတက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ Bren Esports အသင်းနဲ့ RRQ အသင်းတို့ပွဲစဉ်မှာ Bren Esports အသင်းက (၃) ပွဲ (၁) ပွဲနဲ့အနိုင်ရကာ ဗိုလ်လုပွဲအဆင့်ကိုတက်လှမ်းလာခဲ့ပါတယ်။

Bren Esports အသင်းက Upper Bracket ရှုံးထွက်အဆင့်မှာ Burmese Ghouls အသင်းကိုရှုံးနိမ့်ခဲ့ပါသေးတယ်။ Bren Esports အသင်းက လက်ရှိ Mobile Legends M2 ပြိုင်ပွဲမှာ Burmese Ghouls အသင်းကို (၂) ပွဲပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး၊ ပြီးခဲ့တဲ့ MPLi ပြိုင်ပွဲမှာတော့ Bren Esports အသင်းက (၂) ပွဲ (၁) ပွဲနဲ့အနိုင်ရခဲ့တာပါ။

Burmese Ghouls အသင်းကတော့ မနေ့တုန်းကလက်ရှိအင်ဒိုနီးရှား MPL ချန်ပီယံ RRQ အသင်းကို 3-2 နဲ့ ခက်ခက်ခဲခဲအနိုင်ယူပြီး Grand Final ဆီတက်လှမ်းခဲ့တာပါ။အခုဆိုရင် Burmese Ghouls အသင်းဟာ အိမ်ရှင်စင်ကာပူ၊ ရုရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေကအကောင်းဆုံးအသင်းတွေအားလုံးကို လက်ကလေးနဲ့ တောက်ချနိုင်ခဲ့ပါပြီ။

ဖိုင်နယ်ဆီမရောက်ခင်တုန်းက အထင်သေးအမြင်သေးခံခဲ့ရတဲ့ မြန်မာကိုယ်စားပြု Burmese Ghouls အသင်းဟာ အခုတော့ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားပြီး၊ ချန်ပီယံဆုယူဖို့ ပြင်ဆင်နေပါပြီ။ Burmese Ghouls အသင်းကို ကိုယ်စားပြုပြီး ကစားနေတဲ့ ကစားသမားများ မြန်မာ့ဂုဏ်ဆောင် အောင်လံလွှင့်နိုင်ပါစေ လို့ ဆန္ဒပြုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျမန္မာ့ဂုဏ္ေဆာင္မယ့္ Burmese Ghouls အႏိုင္ရဖို႔ အားေပးၾကပါစို႔

စင္ကာပူႏိုင္ငံကအိမ္ရွင္အျဖစ္က်င္းပေနတဲ့ Mobile Legends Bang Bang M2 World Championship ၿပိဳင္ပြဲႀကီးကေတာ့အခုဆိုရင္ final ပြဲႀကီးဆီေရာက္ရွိလာပါၿပီ။M2 World Championship Grand Final မွာ Burmese Ghouls ႏွင့္ Bren Esports တို႔ ယွဥ္ၿပိဳင္ၾကမွာပါ။

လာမယ့္ ျမန္မာစံေတာ္ခ်ိန္ ညေန ၄ နာရီခြဲ ဝန္းက်င္မွာေတာ့ World Champion Title အတြက္Burmese Ghouls အသင္း ျမန္မာ့ဂုဏ္ေဆာင္ဖို႔ အႀကိတ္အနယ္တိုက္ပြဲဝင္ပါေတာ့မယ္။ Bren Esports အသင္းဟာ RRQ အသင္းကိုအႏိုင္ရကာ ဗိုလ္လုပြဲကိုတက္လွမ္းလာခဲ့တာျဖစ္ပါတယ္။

Bren Esports အသင္းနဲ႔ RRQ အသင္းတို႔ပြဲစဥ္မွာ Bren Esports အသင္းက (၃) ပြဲ (၁) ပြဲနဲ႔အႏိုင္ရကာ ဗိုလ္လုပြဲအဆင့္ကိုတက္လွမ္းလာခဲ့ပါတယ္။ Bren Esports အသင္းက Upper Bracket ရႈံးထြက္အဆင့္မွာ Burmese Ghouls အသင္းကိုရႈံးနိမ့္ခဲ့ပါေသးတယ္။ Bren Esports အသင္းက လက္ရွိ Mobile Legends M2 ၿပိဳင္ပြဲမွာ Burmese Ghouls အသင္းကို (၂) ပြဲျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး၊ ၿပီးခဲ့တဲ့ MPLi ၿပိဳင္ပြဲမွာေတာ့ Bren Esports အသင္းက (၂) ပြဲ (၁) ပြဲနဲ႔အႏိုင္ရခဲ့တာပါ။

Burmese Ghouls အသင္းကေတာ့ မ​ေန႔တုန္းကလက္ရွိအင္ဒိုနီးရွား MPL ခ်န္ပီယံ RRQ အသင္းကို 3-2 နဲ႔ ခက္ခက္ခဲခဲအႏိုင္ယူၿပီး Grand Final ဆီတက္လွမ္းခဲ့တာပါ။အခုဆိုရင္ Burmese Ghouls အသင္းဟာ အိမ္ရွင္စင္ကာပူ၊ ႐ုရွား၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားႏိုင္ငံေတြကအေကာင္းဆုံးအသင္းေတြအားလုံးကို လက္က​ေလးနဲ႔ ​ေတာက္ခ်ႏိုင္ခဲ့ပါၿပီ။

ဖိုင္နယ္ဆီမ​ေရာက္ခင္တုန္းက အထင္​ေသးအျမင္​ေသးခံခဲ့ရတဲ့ ျမန္မာကိုယ္စားျပဳ Burmese Ghouls အသင္းဟာ အခု​ေတာ့ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္ကစားၿပီး၊ ခ်န္ပီယံဆုယူဖို႔ ျပင္ဆင္​ေနပါၿပီ။ Burmese Ghouls အသင္းကို ကိုယ္စားျပဳၿပီး ကစား​ေနတဲ့ ကစားသမားမ်ား​ ျမန္မာ့ဂုဏ္​ေဆာင္ ​ေအာင္လံလႊင့္ႏိုင္ပါ​ေစ လို႔ ဆႏၵျပဳပါတယ္။