မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးခဲ့တဲ့ ဘရန့်ဖိုဒ်က ချန်ပီယံရှစ် Play-Off ဗိုလ်လုပွဲရောက်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံရှစ် Play-off အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွေမှာ ဘရန်ဖိုဒ့်နဲ့ ဆွမ်ဆီးအသင်းတို့ အသီးသီး အနိုင်ရရှိသွားခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ကြပါတယ်။

ဘရန်ဖို့ဒ် ဘုန်းမောက်ကို ၃-၁ နဲ့ အနိုရခဲ့ပြီး ၂ကျော့ပေါင်း ၂-၃ နဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။

ဆွမ်ဆီးက ဘရန်စလေကို ဝ-၁ နဲ့ အနိုင်ရခဲ့ပြီး ၂ကောျ့ပေါင်း ၁-၂ နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ပထမအကျော့က အရေးနိမ့်ထားတာကြောင့် ဘရန်ဖိုဒ့်အသင်းဟာ အနိုင်ရဖို့ ပွဲကစားထဲက ကြိုးစားခဲ့ပြီး ဘုန်းမောက်အသင်းကလည်း အနိုင်ရလဒ်ကို ဆက်ထိန်းဖို့ အကောင်း‌ဆုံး ကြိုးစားခဲ့တာပါ။

ပွဲအစ ၆မိနစ် မှာ ဒန်ဂျုမားက ဘုန်းမောက် အတွက် ဦးဆောင်ဂိုးသွင်းခဲ့တာကြောင့် ဘရန်ဖိုဒ့်အသင်း ပိုပြီးဖိအားဝင်ခဲ့ပါတယ်။

၂ကောျာ့ပေါင်း ၂ဂိုးပြတ်အထိ ရှုံးနေတာကြောင့် ဘရန့်ဖို့ဒ်ဟာ ဗိုလ်လုပွဲတက်ဖို့ဆိုရင် ၃ဂိုး မဖြစ်မနေ ပြန်သွင်းနိုင်မှ ဖြစ်တေ့ာမှာပါ။

ပွဲချိန်၁၆မိနစ် မှာ ဘရန်ဖိုဒ့်အသင်း ပင်နယ်တီရခဲ့ပြီး တိုနေးက ချေပဂိုးသွင်းယူခဲ့တာပါ။

ပွဲချိန်၂၈မိနစ် မှာတော့ ဒီပွဲစဉ်ရဲ့ အလှည့်အပြောင်း ဖြစ်ရပ်ဖြစ်သွားခဲ့ပါတယ်။

ဘရန်ဖိုဒ့် ကစားသမားကို နောက်ကနေ ဆွဲခဲ့တဲ့ ဘုန်းမောက်ကစားသမား မက်ပန်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ပထမပိုင်းကတော့ တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပိုင်းမှာ ဘရန်ဖိုဒ့် အသင်းက တစ်ယောက် အသာစီးနဲ့ တရစပ် တိုက်စစ်ဆင်ခဲ့ပါတယ်။

ပွဲချိန်မိနစ်၅၀ မှာ ဂျန်နက် က ဘရန်ဖိုဒ့် အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ၈၁မိနစ် မှာ မားကတ်စ်ဖော့စ် က ဘရန်ဖိုဒ့် အတွက် ဗိုလ်လုပွဲတက်ဖို့ သေချာတဲ့ တတိယမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ဆွမ်ဆီးပွဲမှာတော့ ပထမကျော့ သရေကျခဲ့ကတည်းက ခြေသာခဲ့တဲ့ ဆွမ်ဆီးက ပွဲချိန်ပထမပိုင်း ၃၉မိနစ် မှာ အယူး သွင်းယူပေးခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲချီတက်နိုင်ခဲ့တာပါ။

ဘရန်ဖိုဒ့်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတနု်းကပဲ သူတို့အသင်းရဲ့ ဆိုရှယ်မီဒီယာအထက်မှာ မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးခဲ့တဲ့ ဘောလုံးအသင်းလည်းဖြစ်ပါတယ်။

မြန်ာပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ သဘောထားကို ပြသခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းကို ဆွမ်ဆီးကို အနိုင်ယူပြီး ပရီးမီးယားလိဂ် ပြန်ရောက်လာဖို့ ကျွန်တော်တို့တွေလည်း ဆုတောင်းပေးလိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းေပးခဲ့တဲ့ ဘရန႔္ဖိုဒ္က ခ်န္ပီယံရွစ္ Play-Off ဗိုလ္လုပြဲေရာက္ၿပီ

ခ်န္ပီယံရွစ္ Play-off အႀကိဳဗိုလ္လုပြဲ ဒုတိယအေက်ာ့ ပြဲစဥ္ေတြမွာ ဘရန္ဖိုဒ့္နဲ႔ ဆြမ္ဆီးအသင္းတို႔ အသီးသီး အႏိုင္ရရွိသြားခဲ့ၿပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ၾကပါတယ္။ ဘရန္ဖို႔ဒ္ ဘုန္းေမာက္ကို ၃-၁ နဲ႔ အႏိုရခဲ့ၿပီး ၂ေက်ာ့ေပါင္း ၂-၃ နဲ႔ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာပါ။ ဆြမ္ဆီးက ဘရန္စေလကို ဝ-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ၂ေကာ်႕ေပါင္း ၁-၂ နဲ႔ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

ပထမအေက်ာ့က အေရးနိမ့္ထားတာေၾကာင့္ ဘရန္ဖိုဒ့္အသင္းဟာ အႏိုင္ရဖို႔ ပြဲကစားထဲက ႀကိဳးစားခဲ့ၿပီး ဘုန္းေမာက္အသင္းကလည္း အႏိုင္ရလဒ္ကို ဆက္ထိန္းဖို႔ အေကာင္း‌ဆုံး ႀကိဳးစားခဲ့တာပါ။ ပြဲအစ ၆ မိနစ္မွာ ဒန္ဂ်ဳမားက ဘုန္းေမာက္ အတြက္ ဦးေဆာင္ဂိုးသြင္းခဲ့တာေၾကာင့္ ဘရန္ဖိုဒ့္အသင္း ပိုၿပီးဖိအားဝင္ခဲ့ပါတယ္။

၂ေကာ်ာ့ေပါင္း ၂ဂိုးျပတ္အထိ ရႈံးေနတာေၾကာင့္ ဘရန႔္ဖို႔ဒ္ဟာ ဗိုလ္လုပြဲတက္ဖို႔ဆိုရင္ ၃ဂိုး မျဖစ္မေန ျပန္သြင္းႏိုင္မွ ျဖစ္ေတ့ာမွာပါ။ ပြဲခ်ိန္၁၆မိနစ္ မွာ ဘရန္ဖိုဒ့္အသင္း ပင္နယ္တီရခဲ့ၿပီး တိုေနးက ေခ်ပဂိုးသြင္းယူခဲ့တာပါ။ ပြဲခ်ိန္၂၈မိနစ္ မွာေတာ့ ဒီပြဲစဥ္ရဲ႕ အလွည့္အေျပာင္း ျဖစ္ရပ္ျဖစ္သြားခဲ့ပါတယ္။ ဘရန္ဖိုဒ့္ ကစားသမားကို ေနာက္ကေန ဆြဲခဲ့တဲ့ ဘုန္းေမာက္ကစားသမား မက္ပန္း တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။

ပထမပိုင္းကေတာ့ တစ္ဂိုးစီ သေရက်ခဲ့ၿပီး ဒုတိယပိုင္းမွာ ဘရန္ဖိုဒ့္ အသင္းက တစ္ေယာက္ အသာစီးနဲ႔ တရစပ္ တိုက္စစ္ဆင္ခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္၅၀ မွာ ဂ်န္နက္ က ဘရန္ဖိုဒ့္ အတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး ၈၁မိနစ္ မွာ မားကတ္စ္ေဖာ့စ္ က ဘရန္ဖိုဒ့္ အတြက္ ဗိုလ္လုပြဲတက္ဖို႔ ေသခ်ာတဲ့ တတိယေျမာက္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။ ဆြမ္ဆီးပြဲမွာေတာ့ ပထမေက်ာ့ သေရက်ခဲ့ကတည္းက ေျခသာခဲ့တဲ့ ဆြမ္ဆီးက ပြဲခ်ိန္ပထမပိုင္း ၃၉မိနစ္ မွာ အယူး သြင္းယူေပးခဲ့တဲ့ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲခ်ီတက္ႏိုင္ခဲ့တာပါ။

ဘရန္ဖိုဒ့္အသင္းဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းတႏု္းကပဲ သူတို႔အသင္းရဲ႕ ဆိုရွယ္မီဒီယာအထက္မွာ ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းေပးခဲ့တဲ့ ေဘာလုံးအသင္းလည္းျဖစ္ပါတယ္။ ျမန္ာျပည္သူေတြနဲ႔အတူ ရပ္တည္တဲ့ သေဘာထားကို ျပသခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းကို ဆြမ္ဆီးကို အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ ျပန္ေရာက္လာဖို႔ ကြၽန္ေတာ္တို႔ေတြလည္း ဆုေတာင္းေပးလိုက္ပါတယ္။