မြန်မာပရိသတ်တွေကို အသည်းခွဲပေမယ့် လီဗာပူးပရိသတ်တွေကို အသည်းစွဲစေသူ မီနာမီနိုကို

Photo internet

ပြီးခဲ့တဲ့ရက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ ရက်ဘူးဆယ်ဘက်ချ်ပွဲမှာ ခြေစွမ်းပြသွားတဲ့ ရက်ဘူးဆယ်ဘက်ချ်စတားဖြစ်သူ ဂျပန်လက်ရွေးစင် တာကူမီ မီနာမီနိုကို လီဗာပူးပရိသတ်တွေကတော့ ပွဲအတွင်းမှာရောပွဲအပြီးမှာပါ အတော်ကိုကြိုက်နှစ်သက်ခဲ့ကြပြီး ချီးကျူးပြောဆိုနေကြပါတယ်။

Photo internet

မီနာမီနိုဟာမြန်မာပရိသတ်တွေနဲ့စိမ်းတဲ့သူတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ မြန်မာအသင်းနဲ့ဂျပန်အသင်းယှဉ်ပြိုင်တဲ့ပွဲမှာ မြန်မာဘက်ကို သွင်းဂိုးတွေသွင်းခဲ့တဲ့သူဖြစ်ပါတယ်။ အသက် 24 နှစ်အရွယ်မီနာမီနိုဟာ မြန်မာပရိသတ်တွေရဲ့အသည်းကိုခွဲခဲ့ပေမယ့် လီဗာပူးပရိသတ်တွေအတွက်တော့ချီးကျူးစရာ ဖြစ်စေခဲ့ပါတယ်။ မီနာမီနိုဟာ ဆယ်လ်ဘက်ချ်အသင်းအတွက် နောက်ဆုံး 10 ပွဲမှာ 5 ဂိုးသွင်းထားပြီး 7 ဂိုးဖန်တီးပေးထားတဲ့သူဖြစ်ပါတယ်။

Photo internet

ဆယ်လ်ဘက်ချ်နဲ့မီနာမီနိုရဲ့စာချုပ်ဟာ 2021ခုနှစ် နွေရာသီအထိဖြစ်ပြီး၊ သူ့ရဲ့လက်ရှိဈေးကွက်တန်ဖိုးကတော့ ပေါင် 4.5 သန်းဝန်းကျင်ဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေက မီနာမီနိုကိုလာမယ့် ဇန်နဝါရီလမှာအသင်းအတွက်ခေါ်ယူဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။ တကယ်လို့သာ မီနာမီနိုတစ်ယောက် အသင်းကြီးတွေရဲ့အာရုံစိုက်မှုအပြင် ပရိသတ်တွေရဲ့ဝိုင်းဝန်းအားပေးတာကိုခံရပြီး ခြေစွမ်းတွေသာတက်လာခဲ့မယ်ဆိုရင် သူ့ရဲ့တန်ဖိုးဟာ ဆယ်ဆအထိမြင့်တက်သွားနိုင်ခြေရှိပါတယ်။

Photo internet

“မီနာမီနိုဟာတကယ်တော်တဲ့ကစားသမားတစ်ယောက်ပါ။သူ့ကို လီဗာပူးမှာရှိစေချင်ပါတယ်။” “ဆယ်ဘက်ချ်နဲ့ကစားခဲ့တဲ့ပွဲဟာမျှတပါတယ်။ ဒီပွဲစဉ်မှာ မီနာမီနိုတစ်ယောက်ကတော့ ချီးကျူးဖွယ်ပါပဲ။” “မီနာမီနိုကတကယ်တော်တဲ့ကစားသမားတစ်ယောက်ပါ။ လီဗာပူးကတာဝန်ရှိသူတွေသူ့ကိုစာချုပ်ချုပ်စေချင်ပါ တယ်”လို့ လီဗာပူးပရိသတ်များက သူတို့ရဲ့လူမှုကွန်ရက်တွေမှာရေးသားထားကြပါတယ်။ အာရှရဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ယောက် အသင်းကြီးတွေဆီမှာ ထွန်းတောက်နိုင်မှာလားဆိုတာ ကိုစောင့်ကြည့်ရပါမယ်။

Photo internet

(Zawgyi Version)

ျမန္မာပရိသတ္ေတြကို အသည္းခြဲေပမယ့္ လီဗာပူးပရိသတ္ေတြကို အသညး္စြဲေစသူ မီနာမီနုိကို

ၿပီးခဲ့တဲ့ရက္ပိုင္းက ယွဥ္ၿပိဳင္ခဲ့တဲ့ လီဗာပူးနဲ႔ ရက္ဘူးဆယ္ဘက္ခ်္ပြဲမွာ ေျခစြမ္းျပသြားတဲ့ ရက္ဘူးဆယ္ဘက္ခ်္စတားျဖစ္သူ ဂ်ပန္လက္ေရြးစင္ တာကူမီ မီနာမီႏိုကို လီဗာပူးပရိသတ္ေတြကေတာ့ ပြဲအတြင္းမွာေရာပြဲအၿပီးမွာပါ အေတာ္ကိုႀကိဳက္ႏွစ္သက္ခဲ့ၾကၿပီး ခ်ီးက်ဴးေျပာဆိုေနၾကပါတယ္။

မီနာမီႏိုဟာျမန္မာပရိသတ္ေတြနဲ႔စိမ္းတဲ့သူေတာ့မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ ျမန္မာအသင္းနဲ႔ဂ်ပန္အသင္းယွဥ္ၿပိဳင္တဲ့ပြဲမွာ ျမန္မာဘက္ကို သြင္းဂိုးေတြသြင္းခဲ့တဲ့သူျဖစ္ပါတယ္။ အသက္ 24 ႏွစ္အရြယ္မီနာမီႏိုဟာ ျမန္မာပရိသတ္ေတြရဲ႕အသည္းကိုခြဲခဲ့ေပမယ့္ လီဗာပူးပရိသတ္ေတြအတြက္ေတာ့ခ်ီးက်ဴးစရာျဖစ္ေစခဲ့ပါတယ္။ မီနာမီႏိုဟာ ဆယ္လ္ဘက္ခ်္အသင္းအတြက္ ေနာက္ဆုံး 10 ပြဲမွာ 5 ဂိုးသြင္းထားၿပီး 7 ဂိုးဖန္တီးေပးထားတဲ့သူျဖစ္ပါတယ္။

ဆယ္လ္ဘက္ခ်္နဲ႔မီနာမီႏိုရဲ႕စာခ်ဳပ္ဟာ 2021ခုႏွစ္ ေႏြရာသီအထိျဖစ္ၿပီး၊ သူ႔ရဲ႕လက္ရိွေစ်းကြက္တန္ဖိုးကေတာ့ ေပါင္ 4.5 သန္း၀န္းက်င္ျဖစ္ပါတယ္။ လီဗာပူးပရိသတ္ေတြက မီနာမီႏိုကိုလာမယ့္ ဇန္န၀ါရီလမွာအသင္း အတြက္ေခၚယူဖို႔တိုက္တြန္းေျပာဆိုေနၾကပါတယ္။ တကယ္လို႔သာ မီနာမီႏိုတစ္ေယာက္ အသင္းႀကီးေတြရဲ႕အာရုံစိုက္ မႈအျပင္ ပရိသတ္ေတြရဲ႕၀ိုင္း၀န္းအားေပးတာကိုခံရၿပီး ေျခစြမ္းေတြသာတက္လာခဲ့မယ္ဆုိရင္ သူ႔ရဲ႕တန္ဖုိးဟာ ဆယ္ဆအထိျမင့္တက္သြားႏိုင္ေျခရိွပါတယ္။

“မီနာမီႏိုဟာတကယ္ေတာ္တဲ့ကစားသမားတစ္ေယာက္ပါ။သူ႕ကို လီဗာပူးမွာရိွေစခ်င္ပါတယ္။” “ဆယ္ဘက္ခ်္နဲ႔ကစားခဲ့တဲ့ပြဲဟာမွ်တပါတယ္။ ဒီပြဲစဥ္မွာ မီနာမီႏိုတစ္ေယာက္ကေတာ့ ခ်ီးက်ဴးဖြယ္ပါပဲ။” “မီနာမီႏိုကတကယ္ေတာ္တဲ့ကစားသမားတစ္ေယာက္ပါ။ လီဗာပူးကတာ၀န္ရိွသူေတြသူ႔ကိုစာခ်ဳပ္ခ်ဳပ္ေစခ်င္ပါတယ္”လို႔ လီဗာပူးပရိသတ္မ်ားက သူတို႔ရဲ႕လူမႈကြန္ရက္ေတြမွာေရးသားထားၾကပါတယ္။ အာရွရဲ႕ေနာက္ထပ္ၾကယ္ပြင့္ ကစားသမားတစ္ေယာက္ အသင္းႀကီးေတြဆီမွာ ထြန္းေတာက္ႏိိုင္မွာလားဆုိတာ ကိုေစာင့္ၾကည့္ရပါမယ္။