မြန်မာနိုင်ငံ အတွက် Speak Out လုပ်ပြီး အမေရိကန်သမ္မတကို တောင်းဆိုမှုလုပ်ခဲ့တဲ့ အောင်လအန်ဆိုင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ သွေးထွက်သံယိုကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီက တာဝန်ရှိသူတွေကို သေချာစကားပြောဖို့ အမေရိကန်သမ္မတ ဂျီုးဘိုင်ဒန်ကို ONE Championship ရဲ့

လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ အောင်လအန်ဆိုင်းက ထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသားဖြစ်တဲ့ အောင်လအန်ဆိုင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး
MMA Junkie Radio နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလို တိုက်ရိုက်တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆိုင်းက ” မြန်မာနိုင်ငံမှာ ပြည်သူလူထုက နေ့တိုင်းသွေးမြေကျနေရတာတွေကို ရပ်တန့်ပစ်နိုင်ဖို့က စစ်ကောင်စီဝင်တွေဆီ သေချာစကားပြောပေးနိုင်မယ့်သူရှိမှရမှာပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ

မီဒီယာလွတ်လပ်ခွင့်လည်း အခုချိန်မှာ မရှိတော့ပါဘူး။ အင်တာနက်လိုင်းတွေကလည်း ထိန်းချုပ်ခံထား၇တဲ့အတွက် ဆိုရှယ်မီဒီယာတွေအပါအဝင် အင်တာနက်ကနေ speak out မလုပ်နိုင်ကြပါဘူး။

တစ်ခုခုလုပ်ဖို့ ကြိုးစားလိုက်ပီဆိုရင် ခင်ဗျားကို အိမ်မှာ လာခေါ်သွားမှာပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး စစ်ကောင်စီက တာဝန်ရှိဗိုလ်ချုပ်တွေဆီ တိုက်ရိုက်ပြောဆိုလိုက်ပါ။ ဒါဆိုရင် မြန်မာနိုင်ငံကလူတွေအားလုံး ဝမ်းသာမှာပါ” လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အောင်လအန်ဆိုင်းက သူ့အနေနဲ့ လက်ရှိအဖြစ်အပျက်တွေထဲမှာ ကလေးသူငယ်တွေ အပစ်မဲ့ အပစ်ခံနေရတာနဲ့ ပတ်သတ်ပြီး အတော်လေး စိတ်မကောင်းဖြစ်နေခဲ့ပြီး အင်တာဗျူးမှာ အခုလို ပြောကြားထားပါတယ်။

“ဆန္ဒပြတဲ့သူတွေဟာ ပစ်ခံနေရတာပါ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကအစ အပစ်ခံနေရတယ်။ ကျွန်တော့်ရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေဆီက အဆင်ပြေသလို ကြိုးစားပို့ပေးတဲ့ သတင်းတွေနဲ့ ဓါတ်ပုံ တွေကနေ ကလေးငယ်တွေကိစ္စကို မြင်ရတွေ့ရတာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ သေချာစဉ်းစားကြည့်ပါ။ သူတို့တွေဟာ မေတော်တဆ အပစ်ခံရတာမျိုးမဟုတ်ဘဲ သေချာချိန်ရွယ်ပြီး စနိုက်ပါနဲ့ပါ ပစ်ခံရတာပါ။ မြန်မာနိုင်ငံမှာ ဒုတိယပြင်ဆင်ချက်ရှိတာ မဟုတ်ဘူးဆိုတာ အမေရိကန်တွေ သိဖို့လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၀ရက်နေ့နောက်ပိုင်း လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်း ပစ်သတ်မှုကြောင့် ပြည်သူ ၇၀၀ ကျော် သေဆုံးထားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စစ်ကောင်စီရဲ့ အာဏာယူထားတဲ့

ကိစ္စရပ်အပေါ် လုံးဝလက်ခံနိုင်ဖွယ်ရာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်အဖြစ် ပြောကြားထားခဲ့သလို စစ်ကောင်စီတာဝန်ရှိသူတစ်ချို့နဲ့ စစ်တပ်အဖွဲ့အစည်းတစ်ချို့ကို စီးပွားရေးအရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

အောင်လအန်ဆိုင်းဟာ လာမယ့် ဧပြီလ ၂၈ရက်နေ့မှာ Vitaly Bigdash နဲ့ ခါးပတ်ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်ရဖို့ရှိနေပြီး သူ့အနေနဲ့ နိုင်ပွဲရယူပြီးရင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ကိစ္စတွေလုပ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုသွားခဲ့ပါတယ်။

အောင်လအန်ဆိုင်းဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်တဲ့ ဓါတ်ပုံတွေကို ဖေဖော်ဝါရီလကတည်းက ဆက်တိုက် တင်ပေးထားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေအတွက် speak out လုပ်ပြီး အမေရိကန် သမ္မတဆီတောင်းဆိုတဲ့ အောင်လအန်ဆိုင်းတစ်ယောက် ချန်ပီယံဆုတွေ ဆက်တိုက် ဆွတ်ခူး အောင်ပွဲ ခံနိုင်ပါစေ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျမန္မာႏိုင္ငံ အတြက္ Speak Out လုပ္ၿပီး အေမရိကန္သမၼတကို ေတာင္းဆိုမႈလုပ္ခဲ့တဲ့ ေအာင္လအန္ဆိုင္း

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ေသြးထြက္သံယိုကိစၥရပ္ေတြနဲ႔ ပတ္သတ္ၿပီး စစ္ေကာင္စီက တာဝန္ရွိသူေတြကို ေသခ်ာစကားေျပာဖို႔ အေမရိကန္သမၼတ ဂ်ီဳးဘိုင္ဒန္ကို ONE Championship ရဲ႕

လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံ ေအာင္လအန္ဆိုင္းက ထုတ္ေဖာ္ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံဖြား ကခ်င္တိုင္းရင္းသားျဖစ္တဲ့ ေအာင္လအန္ဆိုင္းဟာ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ ကိစၥရပ္ေတြနဲ႔ ပတ္သတ္ၿပီး

MMA Junkie Radio နဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ အခုလို တိုက္႐ိုက္ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ေအာင္လအန္ဆိုင္းက ” ျမန္မာႏိုင္ငံမွာ ျပည္သူလူထုက ေန႔တိုင္းေသြးေျမက်ေနရတာေတြကို ရပ္တန႔္ပစ္ႏိုင္ဖို႔က စစ္ေကာင္စီဝင္ေတြဆီ ေသခ်ာစကားေျပာေပးႏိုင္မယ့္သူရွိမွရမွာပါ။ ဘာလို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ

မီဒီယာလြတ္လပ္ခြင့္လည္း အခုခ်ိန္မွာ မရွိေတာ့ပါဘူး။ အင္တာနက္လိုင္းေတြကလည္း ထိန္းခ်ဳပ္ခံထား၇တဲ့အတြက္ ဆိုရွယ္မီဒီယာေတြအပါအဝင္ အင္တာနက္ကေန speak out မလုပ္ႏိုင္ၾကပါဘူး။ တစ္ခုခုလုပ္ဖို႔

ႀကိဳးစားလိုက္ပီဆိုရင္ ခင္ဗ်ားကို အိမ္မွာ လာေခၚသြားမွာပဲ။ ဒါေၾကာင့္ ေက်းဇူးျပဳၿပီး စစ္ေကာင္စီက တာဝန္ရွိဗိုလ္ခ်ဳပ္ေတြဆီ တိုက္႐ိုက္ေျပာဆိုလိုက္ပါ။ ဒါဆိုရင္ ျမန္မာႏိုင္ငံကလူေတြအားလုံး ဝမ္းသာမွာပါ” လို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ ေအာင္လအန္ဆိုင္းက သူ႔အေနနဲ႔ လက္ရွိအျဖစ္အပ်က္ေတြထဲမွာ ကေလးသူငယ္ေတြ အပစ္မဲ့ အပစ္ခံေနရတာနဲ႔ ပတ္သတ္ၿပီး အေတာ္ေလး စိတ္မေကာင္းျဖစ္ေနခဲ့ၿပီး အင္တာဗ်ဴးမွာ အခုလို ေျပာၾကားထားပါတယ္။

“ဆႏၵျပတဲ့သူေတြဟာ ပစ္ခံေနရတာပါ။ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြကအစ အပစ္ခံေနရတယ္။ ကြၽန္ေတာ့္ရဲ႕ အသိမိတ္ေဆြ သူငယ္ခ်င္းေတြဆီက အဆင္ေျပသလို ႀကိဳးစားပို႔ေပးတဲ့ သတင္းေတြနဲ႔ ဓါတ္ပုံေတြကေန ကေလးငယ္ေတြကိစၥကို ျမင္ရေတြ႕ရတာ တကယ္ကို စိတ္မေကာင္းစရာပါပဲ။ ေသခ်ာစဥ္းစားၾကည့္ပါ။ သူတို႔ေတြဟာ ေမေတာ္တဆ အပစ္ခံရတာမ်ိဳးမဟုတ္ဘဲ ေသခ်ာခ်ိန္႐ြယ္ၿပီး စႏိုက္ပါနဲ႔ပါ ပစ္ခံရတာပါ။ ျမန္မာႏိုင္ငံမွာ ဒုတိယျပင္ဆင္ခ်က္ရွိတာ မဟုတ္ဘူးဆိုတာ အေမရိကန္ေတြ သိဖို႔လိုပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔ေနာက္ပိုင္း လက္ရွိအခ်ိန္အထိ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ႏွိမ္နင္း ပစ္သတ္မႈေၾကာင့္ ျပည္သူ ၇၀၀ ေက်ာ္ ေသဆုံးထားခဲ့ပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က စစ္ေကာင္စီရဲ႕ အာဏာယူထားတဲ့

ကိစၥရပ္အေပၚ လုံးဝလက္ခံႏိုင္ဖြယ္ရာ အဓိပၸါယ္မရွိတဲ့ လုပ္ရပ္အျဖစ္ ေျပာၾကားထားခဲ့သလို စစ္ေကာင္စီတာဝန္ရွိသူတစ္ခ်ိဳ႕နဲ႔ စစ္တပ္အဖြဲ႕အစည္းတစ္ခ်ိဳ႕ကို စီးပြားေရးအေရးယူပိတ္ဆို႔ ဒဏ္ခတ္မႈေတြ ျပဳလုပ္ထားခဲ့ပါတယ္။

ေအာင္လအန္ဆိုင္းဟာ လာမယ့္ ဧၿပီလ ၂၈ရက္ေန႔မွာ Vitaly Bigdash နဲ႔ ခါးပတ္ခ်န္ပီယံ ကာကြယ္ပြဲ ထိုးသတ္ရဖို႔ရွိေနၿပီး သူ႔အေနနဲ႔ ႏိုင္ပြဲရယူၿပီးရင္ ျမန္မာႏိုင္ငံက ျပည္သူေတြအတြက္ ပိုၿပီးေကာင္းမြန္တဲ့ ကိစၥေတြလုပ္ေပးႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔

ဆိုသြားခဲ့ပါတယ္။ ေအာင္လအန္ဆိုင္းဟာ သူ႔ရဲ႕ ဆိုရွယ္မီဒီယာေတြမွာ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သတ္တဲ့ ဓါတ္ပုံေတြကို ေဖေဖာ္ဝါရီလကတည္းက ဆက္တိုက္ တင္ေပးထားတာေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံက ျပည္သူေတြအတြက္ speak out လုပ္ၿပီး အေမရိကန္ သမၼတဆီေတာင္းဆိုတဲ့ ေအာင္လအန္ဆိုင္းတစ္ေယာက္ ခ်န္ပီယံဆုေတြ ဆက္တိုက္ ဆြတ္ခူး ေအာင္ပြဲ ခံႏိုင္ပါေစ။