
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့လက မြန်မာပြည်သူတွေအတွက် ဆုတောင်းစကားဆိုခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ Play- Off ဗိုလ်လုပွဲမှာ ဆွမ်ဆီးအသင်းကို ၂ဂိုးပြတ်အနိုင် ရရှိပြီး ၂၀၂၁-၂၂ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကို တန်းဆက်လာနိုင်ခဲ့ပါပြီ။
ဗိုလ်လုပွဲကို ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗြိတိန်ကျန်းမားရေးဝန်ကြီးငှာနက သတ်မှတ်ပေးထားတဲ့ ပရိသတ်အရေအတွက် ပမာဏအတိုင်း နှစ်ဖက်အသင်းပရီသတ်တွေ တက်ရောက်အားပေးကြည့်ရှုနိုင်ခဲ့ကြပါတယ်။
ဒီရာသီရဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ အိမ်ကွင်းအဝေးကွင်း နှစ်ကျော့လုံးမှာ ဘရန်ဖိုဒ့် နဲ့ ဆွမ်ဆီး အသင်းတို့ဟာ တစ်ဖက် ၁ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ကြပါတယ်။
ဘရန်ဖိုဒ့် အသင်းဟာ ဒီပွဲမှာ ၃-၄-၁-၂ ပုံစံ ခင်းကျင်းခဲ့ပြီး ရှေ့တန်းတိုက်စစ်မှာ တိုနေးနဲ့ အမ်ဘီအူမို တို့ကို အထောင်ထားပြီး ပွဲထွက်ခဲ့ပါတယ်။
ဆွမ်ဆီးအသင်းက ၃-၁-၄-၂ အခင်းအကျင်းမှာ အန်ဒရေအယူး၊ လိုဝီ၊ဟော်ရီဟိန်း တို့နဲ့ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။
ဘရန်ဖိုဒ့်အသင်းဟာ ပွဲအစကတည်းက ဆွမ်ဆီး အသင်းဘက်ကို ဖိအားပေးကစားခဲ့ပြီး စောစောစီးစီးဖြစ်တဲ့ ပွဲချိန် ၉မိနစ် မှာပဲ အိုင်ဗန်တိုနေးက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူလိုက်ပါတယ်။
ဘရန်ဖိုဒ့်ကပဲ ပွဲကို ဆက်လက် ဖိကစားပြီး နောက်ထပ် ၁၀မိနစ်အကြာ ပွဲချိန်၁၉မိနစ် မှာ မာကွန်ဒတ်စ်က ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။
ခြေသာပြီး ဖိကစားနေတဲ့ ဘရန့်ဖို့ဒ်ဟာ နောက် ၁ဂိုး ရဖို့ ထပ်နီးစပ်ခဲ့ပြီး အိုင်ဗန်တိုနေးရဲ့ ဧရိယာအပြင်က ကန်ချက်ကောင်းပေးမယ့် အပေါ်တိုင်ကို ထိပီး ပြန်ကန်ထွက်တာကြောင့် နစ်နာခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ဆွမ်ဆီး အသင်းက အနည်းငယ်ပြန်ဖိကစားခဲ့ပြီး ဘရန်ဖိုဒ့် အသင်းက တန်ပြန်တိုက်စစ်နဲ့သာ ထိန်းကစားသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဆွမ်ဆီးအသင်းက ချေပဂိုးတွေရဖို့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၆၅မိနစ် မှာ ဖူလ်တန် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုတ်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
၁ ယောက်လျော့သွားပြီး၂ဂိုးလည်း ရှုံးနေတဲ့ ဆွမ်ဆီးတို့ချေပဂိုးရဖို့ ဘယ်လိုမှ အဆင်မေပြေခဲ့ပါဘူး။
ဒီအနိုင်ပွဲကြောင့် ဘရန့်ဖိူ့ဒ်ဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်ပေါင်း(၇၄)နှစ်အကြာမှ ပထမဆုံးအကြိမ် ထိပ်တန်းလိဂ်ပြိုင်ပွဲ တစ်ခုကို ယှဉ်ပြိုင်ခွင့်ရရှလာခဲ့တာဖြစ်ပြီး မနှစ်က ဖူလ်ဟမ်ကို ၁-၂နဲ့ ရှုံးနိမ့်ပြီး လွဲချော်ခဲ့တာကို ဒီနှစ် အကောင်းဆုံး ချေဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ ဘရန့်ဖိူ့်ဒ်အသင်းကို ပရီးမီးယားလိဂ်မှ ကြိုဆိုလိုကပါကြောင်း….။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္း ပရီးမီးယားလိဂ္ကို တန္းတက္လာၿပီ
ၿပီးခဲ့တဲ့လက ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းစကားဆိုခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ ပရီးမီးယားလိဂ္ကို တန္းတက္ဖို႔ Play- Off ဗိုလ္လုပြဲမွာ ဆြမ္ဆီးအသင္းကို ၂ဂိုးျပတ္အႏိုင္ ရရွိၿပီး ၂၀၂၁-၂၂ ေဘာလုံးရာသီအတြက္ ပရီးမီးယားလိဂ္ကို တန္းဆက္လာႏိုင္ခဲ့ပါၿပီ။ ဗိုလ္လုပြဲကို ဝင္ဘာေလကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ၿဗိတိန္က်န္းမားေရးဝန္ႀကီးငွာနက သတ္မွတ္ေပးထားတဲ့ ပရိသတ္အေရအတြက္ ပမာဏအတိုင္း ႏွစ္ဖက္အသင္းပရီသတ္ေတြ တက္ေရာက္အားေပးၾကည့္ရႈႏိုင္ခဲ့ၾကပါတယ္။
ဒီရာသီရဲ႕ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အိမ္ကြင္းအေဝးကြင္း ႏွစ္ေက်ာ့လုံးမွာ ဘရန္ဖိုဒ့္ နဲ႔ ဆြမ္ဆီး အသင္းတို႔ဟာ တစ္ဖက္ ၁ဂိုးစီ သေရရလဒ္နဲ႔ အဆုံးသတ္ခဲ့ၾကပါတယ္။ ဘရန္ဖိုဒ့္ အသင္းဟာ ဒီပြဲမွာ ၃-၄-၁-၂ ပုံစံ ခင္းက်င္းခဲ့ၿပီး ေရွ႕တန္းတိုက္စစ္မွာ တိုေနးနဲ႔ အမ္ဘီအူမို တို႔ကို အေထာင္ထားၿပီး ပြဲထြက္ခဲ့ပါတယ္။ ဆြမ္ဆီးအသင္းက ၃-၁-၄-၂ အခင္းအက်င္းမွာ အန္ဒေရအယူး၊ လိုဝီ၊ေဟာ္ရီဟိန္း တို႔နဲ႔ ပြဲထြက္ကစားခဲ့တာျဖစ္ပါတယ္။
ဘရန္ဖိုဒ့္အသင္းဟာ ပြဲအစကတည္းက ဆြမ္ဆီး အသင္းဘက္ကို ဖိအားေပးကစားခဲ့ၿပီး ေစာေစာစီးစီးျဖစ္တဲ့ ပြဲခ်ိန္ ၉မိနစ္ မွာပဲ အိုင္ဗန္တိုေနးက ပင္နယ္တီကေန ဦးေဆာင္ဂိုးသြင္းယူလိုက္ပါတယ္။ ဘရန္ဖိုဒ့္ကပဲ ပြဲကို ဆက္လက္ ဖိကစားၿပီး ေနာက္ထပ္ ၁၀မိနစ္အၾကာ ပြဲခ်ိန္၁၉မိနစ္ မွာ မာကြန္ဒတ္စ္က ဒုတိယဂိုးကို သြင္းယူခဲ့ပါတယ္။
ေျခသာၿပီး ဖိကစားေနတဲ့ ဘရန႔္ဖို႔ဒ္ဟာ ေနာက္ ၁ဂိုး ရဖို႔ ထပ္နီးစပ္ခဲ့ၿပီး အိုင္ဗန္တိုေနးရဲ႕ ဧရိယာအျပင္က ကန္ခ်က္ေကာင္းေပးမယ့္ အေပၚတိုင္ကို ထိပီး ျပန္ကန္ထြက္တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း ဆြမ္ဆီး အသင္းက အနည္းငယ္ျပန္ဖိကစားခဲ့ၿပီး ဘရန္ဖိုဒ့္ အသင္းက တန္ျပန္တိုက္စစ္နဲ႔သာ ထိန္းကစားသြားခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဆြမ္ဆီးအသင္းက ေခ်ပဂိုးေတြရဖို႔ ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၆၅မိနစ္ မွာ ဖူလ္တန္ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ တိုက္႐ိုတ္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။ ၁ေယာက္ေလ်ာ့သြားၿပီး၂ဂိုးလည္း ရႈံးေနတဲ့ ဆြမ္ဆီးတို႔ေခ်ပဂိုးရဖို႔ ဘယ္လိုမွ အဆင္ေမေျပခဲ့ပါဘူး။
ဒီအႏိုင္ပြဲေၾကာင့္ ဘရန႔္ဖိူ႔ဒ္ဟာ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ႏွစ္ေပါင္း(၇၄)ႏွစ္အၾကာမွ ပထမဆုံးအႀကိမ္ ထိပ္တန္းလိဂ္ၿပိဳင္ပြဲ တစ္ခုကို ယွဥ္ၿပိဳင္ခြင့္ရရွလာခဲ့တာျဖစ္ၿပီး မႏွစ္က ဖူလ္ဟမ္ကို ၁-၂နဲ႔ ရႈံးနိမ့္ၿပီး လြဲေခ်ာ္ခဲ့တာကို ဒီႏွစ္ အေကာင္းဆုံး ေခ်ဖ်က္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက ျပည္သူေတြနဲ႔အတူ ရပ္တည္ေပးခဲ့တဲ့ ဘရန႔္ဖိူ႔္ဒ္အသင္းကို ပရီးမီးယားလိဂ္မွ ႀကိဳဆိုလိုကပါေၾကာင္း….။