မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း လက်၃ချောင်းထောင် အောင်ပွဲခံခဲ့တဲ့ ဟိန်းထက်အောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အားကစားနယ်ပယ်မှာ နိုင်ငံရေး မရောယှက်ရဆိုတဲ့ တားမြစ်ချက်မျိုးရှိနေပေမယ့် ကိုယ်မွေးဖွားကြီးပြင်းရာနိုင်ငံမှာ မတရားမှုကို ဆန့်ကျင်နေတဲ့ ပြည်သူလူထုအပေါ် သတ်ဖြတ်အနိုင်ကျင့်နေတာကို ရှတ်ချပြီး ကိုယ့်ဆနသဘောထား ရပ်တည်ချက်ကို ပြသတာဟာ လူသားဆန်မှုပါပဲ။ တကယ်ဆိုရင် ဖီဖာကချမှတ်ထားတဲ့ စည်းမျဉ်းအရ ဘောလုံးသမားတွေဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့အပြုအမူလုပ်ရပ်တွေကို ဘောလုံးပွဲတွေမှာ ဖော်ပြခွင့်မရှိပါဘူး။

ဒါပေမယ့် အခု အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဘောလုံးပွဲတွေမစတင်ခင် ၂ဖက်အသင်းသားတွေ ဒိုင်လူကြီးတွေနဲ့ အချို့နည်းပြအဖွဲ့ဝင်တွေ အရန်ကစားသမားတွေ ပြုလုပ်နေကြတဲ့ ဒူးတစ်ဖက်ထောက်ပြီး (black live matter) လှုပ်ရှားမှုဟာ အမေရိကန်မှ ဖြစ်သွားခဲ့တဲ့ လူမည်းအမျိုးသားတစ်ဦးကို လူဖြူရဲတွေက မတရားဖမ်းဆီးတဲ့အချိန်မှာ ရဲတစ်ယောက်က မြေပြင်ပေါ် မှေက်လှဲဖမ်းချုပ်ထားတဲ့ လူမည်းအမျိုးသားရဲ့ လည်ပင်းကို ဒူးနဲ့အချိန်ကြာမြင့်စွာဖိကပ်ထားတဲ့အတွက် အသက်သေဆုံးမှုဖြစ်ခဲ့တာပါ။

ဒီမတရားတဲ့ဖြစ်ရပ်ကို ကမ္ဘာတစ်ဝန်းမှာ ဆန့်ကျင်မှုတွေပြုလုပ်ခဲ့ကြပြီး ကမ္ဘာကျော် လိဂ်အမှတ်ပေးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်က အခုလက်ရှိအချိန်အထိ ကမ်ပိန်းပုံစံမျိုး ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ်နေတာတွေကို ဆန့်ကျင်တဲ့ တော်လှန်ရေး လှုပ်ရှားမှုသင်္ကေတဖြစ်တဲ့ လက်၃ချောင်းထောင်တဲ့ပုံစံကို မလေးရှားကလပ်အသင်း Selengor FC မှာသွားရောက်ကစားနေတဲ့ မြန်မာဘောလုံသမား ဟိန်းထက်အောင်က ပွဲစဉ်တစ်ခုအတွင်း ဂိုးသွင်းပြီးအောင်ပွဲခံတဲ့အချိန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုအပြုအမူကြောင့် စည်းမျဉ်းတွေအတိုင်း မလေးရှားဘောလုံးအဖွဲ့ချုပ်က ဟိန်းထက်အောင်ကို ၁ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဘောလုံးဥပဒေစည်းျဉ်းကို ချိုးဖောက်ရာရောက်ခဲပပေမယ့် ကိုယ့်မွေးရပ်မြေနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အနေအထားအပေါ် ပြည်သူလူတုနဲ့အတူ သူ့ရဲ့ သဘောထားရပ်တည်ချက်ကို ပြသလိုက်တဲ့ ဟိန်းထက်အောင်ရဲ့ အပြုအမူနဲ့ ရပ်တည်ချက်ဟာ ချီးကျူးဖို့လည်း ကောင်းပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျမန္မာႏိုင္ငံက ျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္း လက္၃ေခ်ာင္းေထာင္ ေအာင္ပြဲခံခဲ့တဲ့ ဟိန္းထက္ေအာင္

အားကစားနယ္ပယ္မွာ ႏိုင္ငံေရး မေရာယွက္ရဆိုတဲ့ တားျမစ္ခ်က္မ်ိဳးရွိေနေပမယ့္ ကိုယ္ေမြးဖြားႀကီးျပင္းရာႏိုင္ငံမွာ မတရားမႈကို ဆန႔္က်င္ေနတဲ့ ျပည္သူလူထုအေပၚ သတ္ျဖတ္အႏိုင္က်င့္ေနတာကို ရွတ္ခ်ၿပီး ကိုယ့္ဆနသေဘာထား ရပ္တည္ခ်က္ကို ျပသတာဟာ လူသားဆန္မႈပါပဲ။ တကယ္ဆိုရင္ ဖီဖာကခ်မွတ္ထားတဲ့ စည္းမ်ဥ္းအရ ေဘာလုံးသမားေတြဟာ ႏိုင္ငံေရးနဲ႔ သက္ဆိုင္တဲ့အျပဳအမူလုပ္ရပ္ေတြကို ေဘာလုံးပြဲေတြမွာ ေဖာ္ျပခြင့္မရွိပါဘူး။

ဒါေပမယ့္ အခု အဂၤလန္ ပရီးမီးယားလိဂ္မွာ ေဘာလုံးပြဲေတြမစတင္ခင္ ၂ဖက္အသင္းသားေတြ ဒိုင္လူႀကီးေတြနဲ႔ အခ်ိဳ႕နည္းျပအဖြဲ႕ဝင္ေတြ အရန္ကစားသမားေတြ ျပဳလုပ္ေနၾကတဲ့ ဒူးတစ္ဖက္ေထာက္ၿပီး (black live matter) လႈပ္ရွားမႈဟာ အေမရိကန္မွ ျဖစ္သြားခဲ့တဲ့ လူမည္းအမ်ိဳးသားတစ္ဦးကို လူျဖဴရဲေတြက မတရားဖမ္းဆီးတဲ့အခ်ိန္မွာ ရဲတစ္ေယာက္က ေျမျပင္ေပၚ ေမွက္လွဲဖမ္းခ်ဳပ္ထားတဲ့ လူမည္းအမ်ိဳးသားရဲ႕ လည္ပင္းကို ဒူးနဲ႔အခ်ိန္ၾကာျမင့္စြာဖိကပ္ထားတဲ့အတြက္ အသက္ေသဆုံးမႈျဖစ္ခဲ့တာပါ။ ဒီမတရားတဲ့ျဖစ္ရပ္ကို ကမာၻတစ္ဝန္းမွာ ဆန႔္က်င္မႈေတြျပဳလုပ္ခဲ့ၾကၿပီး ကမာၻေက်ာ္ လိဂ္အမွတ္ေပးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ပရီးမီးယားလိဂ္က အခုလက္ရွိအခ်ိန္အထိ ကမ္ပိန္းပုံစံမ်ိဳး ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း အာဏာသိမ္းစစ္ေကာင္စီရဲ႕ ျပည္သူေတြအေပၚ မတရားဖမ္းဆီးသတ္ျဖတ္ေနတာေတြကို ဆန႔္က်င္တဲ့ ေတာ္လွန္ေရး လႈပ္ရွားမႈသေကၤတျဖစ္တဲ့ လက္၃ေခ်ာင္းေထာင္တဲ့ပုံစံကို မေလးရွားကလပ္အသင္း Selengor FC မွာသြားေရာက္ကစားေနတဲ့ ျမန္မာေဘာလုံသမား ဟိန္းထက္ေအာင္က ပြဲစဥ္တစ္ခုအတြင္း ဂိုးသြင္းၿပီးေအာင္ပြဲခံတဲ့အခ်ိန္မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီလိုအျပဳအမူေၾကာင့္ စည္းမ်ဥ္းေတြအတိုင္း မေလးရွားေဘာလုံးအဖြဲ႕ခ်ဳပ္က ဟိန္းထက္ေအာင္ကို ၁ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ ေဘာလုံးဥပေဒစည္း်ဥ္းကို ခ်ိဳးေဖာက္ရာေရာက္ခဲပေပမယ့္ ကိုယ့္ေမြးရပ္ေျမႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ အေနအထားအေပၚ ျပည္သူလူတုနဲ႔အတူ သူ႔ရဲ႕ သေဘာထားရပ္တည္ခ်က္ကို ျပသလိုက္တဲ့ ဟိန္းထက္ေအာင္ရဲ႕ အျပဳအမူနဲ႔ ရပ္တည္ခ်က္ဟာ ခ်ီးက်ဴးဖို႔လည္း ေကာင္းပါတယ္။