မြန်မာနိုငံသား ပြည်သူတွေအတွက် စိုးရိမ်မှုကို ပြသပြီး လူမှုကွန်ယက်မှာ Speak Out လုပ်ခဲ့တဲ့ အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး စစ်အာဏသိမ်းတဲ့ အစောပိုင်းကာလ ဖေဖော်ဝါရီလမှာတုန်းက ကမ္ဘာကျော်အဆိုတော် ရီဟားနားက သူ့ရဲ့ တွစ်တာအကောင့်မှာ speak out လုပ်ပေးခဲ့တာ မှတ်မိဥိးမယ်ထင်ပါတယ်။ သူမလို ကမ္ဘာကျော်ပုဂိုလ်တစ်ဥိးက ပြုလုပ်ပေးလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကမ္ဘာကလူတွေ သိသွားပြီး စိတ်ဝင်စားလာကြပါတယ်။
အခု စစ်ကောင်စီက အာဏာသိမ်းပြီး ၂လ ကျော်ကာလအတွင်းမှာ လက်ရှိမှာ ပိုပြီးဆိုးဆိုးရွားရွား အနိုင်ကျင့် နှိပ်စက်ခံနေရတဲ့ ပြည်သူလူထုအကြောင်းကို အာဆင်နယ်ကစာသမားဟောင်း အိုဇေးလ်က သူ့ရဲ့ တွစ်တာလူမှုကွန်ယက်အကောင့်ကနေ speak out လုပ်လိုက်ပါတယ်။

ဒါဟာ နာမည်ကြီး ကမ္ဘာကျော် ဘောလုံးသမားရပ်ဝန်းထဲက သူတစ်ယောက်က မြန်မာနိုင်ငံအရေးကို ပထမဆုံး speak out လုပ်တာလည်းဖြစ်ပါတယ်။

နာမည်ကြီးကစားသမားတွေဟာ အွန်လိုင်းမှာ followers သန်းချီရှိကြတဲ့အတွက် သူတို့ speak out လုပ်ပေးရင် အရမ်းသိသာပြီး လူအများက စိတဝင်စားကြတာပါ။ အစ္စလမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အိုဇေးလ်ဟာ ပရဟိတလုပ်ငန်းတွေကိုလည်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတဲ့ သူတစ်ဦးပါ။

အိုဇေးလ်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာကတော့ ” အခုချိန်မှာ လူသားတစ်ဦးအနေနဲ့ အပြန်အလှန်ရပ်တည်ပေးဖို့လိုအပ်နေပါတယ်။

အထူးသဖြင့် မလုံမခြုံဖြစ်နေတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတိုင်းကို ဆုတောင်းပေးဖို့လိုပါတယ်။ ရိုဟင်ဂျာညီအစ်ကိုမောင်နှစ်မတွေအတွက်လည်း ဆုတောင်းပေးဖို့လိုပါတယ်။ ဒီအကြောင်းတွေကို ပြောဖို့အချိန်တန်နေပါပီ” လို့ဖော်ပြခဲ့ပါတယ်။

သူဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင်ကိစ္စတွေနဲပ ပတ်သတ်ပြီးတော့လည်း အခုလိုမျိုး လူမှုကွန်ယက်မှ ထုတ်ဖော်ရေးသားတာတွေ လုပ်ခဲ့ဖူးပြီး တရုတ်အစိုးရပိုင်းနဲ့ ပြသနာတက်ခဲ့တဲ့အတွက် တရုတ်ရှယ်ယာရှင်တွေနဲ့ နောက်ကွယ်က အဆက်အသွယ်တွေရဲ့ ဖိအားပေးတဲ့ အခြေအနေတွေကြောင့် အာဆင်နယ်အသင်းမှာ လူစာရင်းကနေ ထုတ်ပယ်ခံရပြီး အရေးယူခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှမှာတော့ သူ့ရဲ့ မွေးရပ်မြေ တူရကီက ဖီနာဘာချီအသင်းမှာ ပြောင်းရွှေ့ကစားနေတဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင် အိုဇေးလ်ဟာ Big Shoe အဖွဲ့အစည်းရဲ့ ပင်တိုင်အလှူရှင်တစ်ဦးဖြစ်ပြီး ဒီအဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေခွင်၊ မီးလောင်ဒဏ်ရာ စတာတွေဖြစ်ထားတဲ့ ကလေးငယ်တွေကို အခမဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာနိုင်ငံ လွိုင်ကော်မြို့အနီးက ကလေးငယ် အယောက် ၄၀ကို ပရောဂျက်အနေနဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ဖူးပါတယ်။

ဒီလို အလှူနဲ့ပတ်သတ်ပြီး အိုဇေးလ်ဟာ သူ့ရဲ့ တွစ်တာအကေင့်မှာ ပါဝင်ခွဲစိတ်ပေးကြတဲ့ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကလေးငယ်တွေနဲ့အတူ ကျေးဇူးတင်ကြောင်း စာရေးသားပြီး ဓါတ်ပုံတွေ တင်ထားခဲ့ဖူးပါတယ်။ အခုအချိန်မျိုးမှာလည်း အိုဇေးလ်လို နိုင်ငံမတူ လူမျိုးမတူတဲ့ လူတစ်ယောက်က မြန်မာနိုင်ငံအရေးကို speak out လုပ်တာကတော့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျမန္မာႏိုငံသား ျပည္သူေတြအတြက္ စိုးရိမ္မႈကို ျပသၿပီး လူမႈကြန္ယက္မွာ Speak Out လုပ္ခဲ့တဲ့ အိုေဇးလ္

ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သတ္ၿပီး စစ္အာဏသိမ္းတဲ့ အေစာပိုင္းကာလ ေဖေဖာ္ဝါရီလမွာတုန္းက ကမာၻေက်ာ္အဆိုေတာ္ ရီဟားနားက သူ႔ရဲ႕ တြစ္တာအေကာင့္မွာ speak out လုပ္ေပးခဲ့တာ မွတ္မိဥိးမယ္ထင္ပါတယ္။ သူမလို ကမာၻေက်ာ္ပုဂိုလ္တစ္ဥိးက ျပဳလုပ္ေပးလိုက္တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကို ကမာၻကလူေတြ သိသြားၿပီး စိတ္ဝင္စားလာၾကပါတယ္။

အခု စစ္ေကာင္စီက အာဏာသိမ္းၿပီး ၂လ ေက်ာ္ကာလအတြင္းမွာ လက္ရွိမွာ ပိုၿပီးဆိုးဆိုး႐ြား႐ြား အႏိုင္က်င့္ ႏွိပ္စက္ခံေနရတဲ့ ျပည္သူလူထုအေၾကာင္းကို အာဆင္နယ္ကစာသမားေဟာင္း အိုေဇးလ္က သူ႔ရဲ႕ တြစ္တာလူမႈကြန္ယက္အေကာင့္ကေန speak out လုပ္လိုက္ပါတယ္။

ဒါဟာ နာမည္ႀကီး ကမာၻေက်ာ္ ေဘာလုံးသမားရပ္ဝန္းထဲက သူတစ္ေယာက္က ျမန္မာႏိုင္ငံအေရးကို ပထမဆုံး speak out လုပ္တာလည္းျဖစ္ပါတယ္။ နာမည္ႀကီးကစားသမားေတြဟာ အြန္လိုင္းမွာ followers သန္းခ်ီရွိၾကတဲ့အတြက္ သူတို႔ speak out လုပ္ေပးရင္ အရမ္းသိသာၿပီး လူအမ်ားက စိတဝင္စားၾကတာပါ။ အစၥလမ္ဘာသာဝင္တစ္ေယာက္ျဖစ္တဲ့ အိုေဇးလ္ဟာ ပရဟိတလုပ္ငန္းေတြကိုလည္း တြင္တြင္က်ယ္က်ယ္ လုပ္ေဆာင္ေနတဲ့ သူတစ္ဦးပါ။

အိုေဇးလ္က သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ ေရးသားထားတာကေတာ့ ” အခုခ်ိန္မွာ လူသားတစ္ဦးအေနနဲ႔ အျပန္အလွန္ရပ္တည္ေပးဖို႔လိုအပ္ေနပါတယ္။ အထူးသျဖင့္ မလုံမၿခဳံျဖစ္ေနတဲ့ ျမန္မာႏိုင္ငံက ျပည္သူလူထုတိုင္းကို ဆုေတာင္းေပးဖို႔လိုပါတယ္။ ႐ိုဟင္ဂ်ာညီအစ္ကိုေမာင္ႏွစ္မေတြအတြက္လည္း ဆုေတာင္းေပးဖို႔လိုပါတယ္။ ဒီအေၾကာင္းေတြကို ေျပာဖို႔အခ်ိန္တန္ေနပါပီ” လို႔ေဖာ္ျပခဲ့ပါတယ္။

သူဟာ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ မြတ္ဆလင္ကိစၥေတြနဲပ ပတ္သတ္ၿပီးေတာ့လည္း အခုလိုမ်ိဳး လူမႈကြန္ယက္မွ ထုတ္ေဖာ္ေရးသားတာေတြ လုပ္ခဲ့ဖူးၿပီး တ႐ုတ္အစိုးရပိုင္းနဲ႔ ျပသနာတက္ခဲ့တဲ့အတြက္ တ႐ုတ္ရွယ္ယာရွင္ေတြနဲ႔ ေနာက္ကြယ္က အဆက္အသြယ္ေတြရဲ႕ ဖိအားေပးတဲ့ အေျခအေနေတြေၾကာင့္ အာဆင္နယ္အသင္းမွာ လူစာရင္းကေန ထုတ္ပယ္ခံရၿပီး အေရးယူခံခဲ့ရတဲ့အထိ ျဖစ္ခဲ့ဖူးပါတယ္။ လက္ရွမွာေတာ့ သူ႔ရဲ႕ ေမြးရပ္ေျမ တူရကီက ဖီနာဘာခ်ီအသင္းမွာ ေျပာင္းေ႐ႊ႕ကစားေနတဲ့သူလည္းျဖစ္ပါတယ္။

ဒါ႔အျပင္ အိုေဇးလ္ဟာ Big Shoe အဖြဲ႔အစည္းရဲ႔ ပင္တိုင္အလွဴရွင္တစ္ဦးျဖစ္ျပီး ဒီအဖြဲ႔ဟာ ကမၻာတစ္၀ွမ္းမွာရွိတဲ႔ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ ေျခခြင္၊ မီးေလာင္ဒဏ္ရာ စတာေတြျဖစ္ထားတဲ႔ ကေလးငယ္ေတြကို အခမဲ႔ ခြဲစိတ္ကုသမႈေတြ ျပဳလုပ္ေပးတာျဖစ္ျပီး ျပီးခဲ႔တဲ႔ႏွစ္တုန္းက ျမန္မာႏိုင္ငံ လိြဳင္ေကာ္ျမိဳ႔အနီးက ကေလးငယ္ အေယာက္ ၄၀ကို ပေရာဂ်က္အေနနဲ႔ ခြဲစိတ္ကုသမႈေတြ ျပဳလုပ္ေပးခဲ႔ဖူးပါတယ္။

ဒီလို အလွဴနဲ႔ပတ္သတ္ျပီး အိုေဇးလ္ဟာ သူ႔ရဲ႔ တြစ္တာအေကင္႔မွာ ပါ၀င္ခြဲစိတ္ေပးၾကတဲ႔ ဆရာ၀န္ေတြနဲ႔ ေစတနာ႔၀န္ထမ္းေတြကို ကေလးငယ္ေတြနဲ႔အတူ ေက်းဇူးတင္ေၾကာင္း စာေရးသားျပီး ဓါတ္ပံုေတြ တင္ထားခဲ႔ဖူးပါတယ္။ အခုအခ်ိန္မ်ိဳးမွာလည္း အိုေဇးလ္လို ႏိုင္ငံမတူ လူမ်ိဳးမတူတဲ႔ လူတစ္ေယာက္က ျမန္မာႏိုင္ငံအေရးကို speak out လုပ္တာကေတာ႔ ခ်ီးက်ဴးရမွာပဲ ျဖစ္ပါတယ္။